၃။ ရွှေပေါ်မြတင် (၃)

675 110 1
                                    

ရွှေပေါ်မြတင် (၃)
~~~~~~~~~~~~~

ရှီရှန်းနှင့် မစ္စနန်ကုန်းတို့ဟာ ပါတီ စတင်ပြီဆိုသည့် အချိန်ကျမှ အောက်ထပ်ကို ဆင်းလာကြသည်။ နန်ကုန်းကျင်းကတော့ အစရှာမရအောင် ပျောက်နေခဲ့သည်။ ကြည့်ရတာ သူလည်း သူ့ဆုယိယိကို ပိုဂရုစိုက်နေတာ ဖြစ်နိုင်သည်။

ရှီရှန်းက သာမာန်အားဖြင့် ရင်းနှီးပျူငှာမှုဆိုသည့် စကားလုံးနှင့် ရင်းနှီးလွန်းနေသူ တစ်ယောက်တော့ မဟုတ်။ သို့သော် သူ အခု ရောက်နေသည့် ကမ္ဘာမှာကတော့ ကံဆိုးစွာပဲ ရင်းနှီးပျူငှာမှုဆိုသည့် အရာသည် အတော်ကို အရေးတကြီး လိုအပ်နေသည့် အရာတစ်ခုဖြစ်တယ်။

"ကျွန်မတို့ မြင်တာတော့ ညီမလေး ရွှီက ပိုပိုလှလာသလိုပဲ။ အစ်ကိုလေးကျင်းကတော့ တကယ် ကံကောင်းတာပဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိတတ်လွန်းတဲ့ အပြုအမူ မကောင်းတဲ့ ကောင်မလေးတွေနဲ့တော့ တခြားစီပဲ"

ဂုဏ်ကျက်သရေ ရှိပုံပေါ်သည့် အမျိုးသမီးတစ်ယောက်က ပြောတော့သည်။ မစ္စနန်းကုန်းကို ကြည့်နေသည့် သူ့မျက်နှာကတော့ မနာလိုအားကျမှုများနှင့် ပြည့်နေလေသည်။ သူမ၏ စကားများကတော့ ခဏအတွင်းမှာပဲ သူတို့ဘေးနားမှာ ရှိနေသည့် အမျိုးသမီးများ၏ ထောက်ခံမှုကို ရယူသွားခဲ့ပြီး ဖြစ်လေသည်။

" ကျွန်မတို့ရဲ့ သားတွေကို ချွေးမကောင်း စောစောရှာပေးရမှာ မဖြစ်မနေ လုပ်ရမဲ့ ကိစ္စပဲလို့ အခုပွဲကနေ ကျွန်မ သိခဲ့ရတယ် "

" * သက်ပြင်းချလျက် * ဒါကလည်း လူအပေါ် မူတည်ပါတယ်လေ။ လင်းမိသားစုကို ကြည့်ပါလား။ သူတို့တွေက ငယ်ငယ်လေးကတည်းက စေ့စပ်ထားကြတာ မဟုတ်လား။ နောက်ဆုံးကျတော့ကော၊ သူတို့ နေ့တိုင်း ရန်ဖြစ်နေပြီး သူတို့ မိသားစုရဲ့ ငြိမ်းချမ်းမှုကို သူတို့ကိုယ်တိုင် ဖျက်ဆီးသွားကြတာပဲလေ။ အဲ့ .. ကျွန်မက ညီမလေး ရွှီကို အဲဒီသဘောအနေနဲ့ ပြောတာ မဟုတ်ပါဘူးနော်။ ကျွန်မရဲ့ စကားတွေကို တလွဲမတွေးပါနဲ့"

' သိမ်သိမ်မွေ့မွေ့လေး ပြောတာနဲ့ပဲ နင့်ရဲ့ ကလိမ်ကကျစ် သွေးထိုးစကားတွေကို ဘယ်သူမှ မကြားဘူး ထင်နေတာလား '

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now