၈၁။ ဇာမဏီ၏ ခွန်းသံသာ (၃၀)

277 65 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၃၀)
~~~~~~~~~~~~~~~~~~~

ရှီရှန်းလည်း စိတ်ဓာတ်လေးတော့ ကျသွားမိသည်။ 'ယုရှောင်းလည်း သေသွားပြီဆိုတော့... ငါ mission အောင်မြင်သွားတာလား... ကျဆုံးသွားတာလား... ဒါပေမယ့် သူ သေရတာက ကံကြမ္မာအရဆိုရင်တော့ ငါ့မှာ ပြောင်းလဲပစ်ဖို့ နည်းလမ်းမှ မရှိဘဲ...'

ရှီရှန်း System ကို စကားခေတ္တပြောလိုက်သည်။ ယုရှောင်း၏ ကံကြမ္မာကို သူမ ဘယ်လိုလုပ်လုပ်ပြောင်းနိုင်မှာ မဟုတ်တဲ့အတွက် သည် mission ကို အောင်မြင်ပြီးဆုံးသွားသည်ဟု System က ပြောလေသည်။

ရှီရှန်း ခေတ္တမျှငြိမ်ကျသွားသည်။ သူမ ဘာတွေတွေးနေမှန်း မည်သူမျှလည်း မသိ။ သူမ အတွေးနယ်အတွင်းမှ ထွက်လာတော့ လုံကျွယ့်နှင့် ကျန်းဖုန်းလည်း တိုက်လို့ ခိုက်လို့ ပြီးသွားလေပြီ။ လုံကျွယ့် နိုင်သွားခဲ့သည်။

ကျန်းဖုန်းလည်း ရှုံးသွားတော့ အမြီးလေးကုပ်ပြီးပြေးသွားတော့သည်။ တိုက်ပွဲရလဒ်ကလည်း သိသာနေပြီမို့ အချိန်းအချက်ပြုကာ ယှဉ်ပြိုင်ပွဲကျင်းပစရာပင် မလိုတော့။ လုံကျွယ့်သာ စစ်တပ်ဦးစီးသူဖြစ်လာရတော့မည်။

ရှီရှန်း လုံကျွယ့်ဘေးမှာ ရပ်နေသော ယဲ့ချင်းချိုးကို ကြည့်နေရင်း နှုတ်ခမ်းများ တွန့်သွားမိလေသည်။

'ဒါတောင်. . . သူတို့ တွဲဖြစ်သွားတယ်လား... ပရမ်းပတာတွေပါဟယ်... ဒီသင်္ဘောကတော့ အတော်ခွဲရခက်တာပဲ...'

ကောင်းကင်စစ်တပ်က နောက်သုံးရက်အကြာတွင် ထွက်ခွာကြသည်။

သို့သော် လုံကျွယ့် ကောင်းကင်လောကမှ စစ်သည်တော် အလုံးအရင်းနှင့် ထွက်လျှင်ထွက်ချင်း မိစ္ဆာများ ချောင်းမြောင်းလုပ်ကြံခြင်းကို ခံလိုက်ရသည်။ ထိုမိစ္ဆာများမှာ ကြိုတင်ပြင်ဆင်ထားကြဟန်ရှိသည်။ လုံကျွယ့်နှင့် တပ်သားအပေါင်းတို့မှာ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့လောက်အောင် တိုက်စစ်ထိုးခံလိုက်ရသည်။ နောက်ဆုံးမှာတော့ သူတို့ အရှက်တကွဲအကျိုးနည်းဖြင့် ကောင်းကင်ဘုံသို့ ပြန်ဆုတ်လာကြရတော့သည်။

"အသုံးမကျတဲ့ တပ်မှူး" ကျန်းဖုန်းကို ထောက်ခံခဲ့ကြသူများက အခွင့်အရေးကို လက်မလွှတ်စတမ်းအသုံးချကာ သူ့အား လှောင်ပြောင်တော့သည်။ သူတို့က တပ်မှူးနေရာကို လူပြောင်းပေးရန် တောင်းဆိုကြလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now