[Unicode]
"ဒေါက်တာ၊ မြန်မြန်သူ့ကိုစမ်းသပ်ကြည့်ပေးပါ၊ သူပြောနေတာတွေက တစ်ခုခုလွဲနေတယ်"
စမ်းသပ်မှုက ကြာညောင်းပြီး ယာဉ်ထိန်းရဲတွေရဲ့ အလုပ်ရှုပ်သည့်အချိန်ဇယားကြောင့် ကျောင်းချီက သူတို့နှစ်ယောက်ကို ကော်ရစ်တာဆီခေါ်လာခဲ့သည်။ သူက smart brainကိုဖွင့်ကာ ကားမှောင်းမှတ်တမ်းနှင့် ချိတ်ဆက်လိုက်သည်။
ပုံရိပ်ယောင်မျက်နှာပြင်က ပေါ်လာပြီး ကားမတော်တဆမှုမဖြစ်ခင် ၁၀မိနစ်ကိုပြန်ရောက်သွားလေသည်။ ထိုအချိန်တွင်မြင့်မားသောလမ်းများပေါ်တွင် ယာဉ်ကြောများပိတ်နေကာ ကား၏ လှုပ်ရှားမှုက အင်မတန်နှေးကွေးနေခဲ့သည်။
"နောက်ထပ်ညစာစားပွဲလာပြန်ပြီ!"
ဗီဒီယို၏နောက်ခံတွင် ကျန်းချန်ဖေး၏ အသံကြားနိုင်ကာ အတော်လေးစိတ်မကျေနပ်နေသည့်ပုံပင်။ ကျောင်းချီမှာ ထိုချိန်က သူ့ကို စာတစ်စောင်ပို့ခဲ့ကြောင်း အမှတ်ရသွားသည်။
သူက ညနေခင်းတွင် ညစာပါတီတစ်ခုရှိ၍ အိမ်ကို၁၀နာရီမှပြန်ရောက်လောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဒီလူက သူ့ကိုဖြေဖို့အတွက်နဲ့တော့ မတော်တဆမှုကို ရှောင်လွဲလို့မရဘဲ ကြုံသွားတာတော့မဟုတ်ဘူးမလား။
"တခြားမိသားစုတွေရဲ့ ချစ်ဇနီးလေးတွေက အိမ်မှာထမင်းဟင်းချက်ပြီး သူတို့ခင်ပွန်းပြန်လာမှာကို စောင့်နေလောက်ပြီ၊ မင်းကတော့ ငါ့ဆီလာဖို့အိမ်ပြန်လာမဲ့အစား အဲဒီညစာပါတီကိုပဲသွားမှာ၊"
သူ့မကျေနပ်ချက်များကို ရေရွတ်ပြီးနောက် ကျန်းချန်ဖေးက"
"သိပြီ"ဆိုသော အင်မတန်ခံစားချက်ကင်းမဲ့လွန်းသည့် ပြန်စာတစ်စောင်ပို့ကာ ဖုန်းကိုပိတ်လိုက်သည်။
"လူးဝစ်(စ်) ဆယ့်သုံး၊ နားထောင်စရာ ဝတ္တုတစ်ပုဒ်လောက်ရှာပေး"
တစ်ယောက်တည်းတွေးမိတွေးရာပြောနေသောပုံစံက သမာရိုးကျနေ့ရက်များအတွင်း ဥက္ကဌကျန်း၏ လူသိရှင်ကြားပုံရိပ်နှင့် မအက်စပ်လှပေ။ ပတ်ဝန်းကျင်အခြေအနေမှာ အနည်းငယ်နေရခက်တော့မည်ဆိုတာသိ၍ ယာဉ်ထိန်းရဲက တာဝန်ကျေစွာမေးပေးလိုက်သည်။
"လူးဝစ်(စ်) ၁၃ကဘယ်သူလဲဗျ၊"
"သူ့ smart brainပါ...၊"
လူးဝစ်(စ်)ဆယ့်သုံးက ချက်ချင်းဆိုသလိုဇာတ်လမ်းတစ်ပုဒ်ရှာကာ ဇာတ်လမ်း၏အတိုချုံးမိတ်ဆက်ကို ရေခဲတမျှအေးစက်သော စက်သံနှင့်ဖတ်ပြလေသည်။
【 သူမအဖေရဲ့အကြွေးကိုဆပ်ဖို့ ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတဲ့ အမျိုးသားတစ်ယောက်နဲ့လက်ထပ်ဖို့အတွက် အတင်းအကြပ်ဖိအားပေးခံခဲ့ရတယ်၊ မင်္ဂလာဦးညမှာ သူက အတင်းအကြပ်သူမကိုပိုင်ဆိုင်ခဲ့တယ်။
"ကျေးဇူးပြုပြီး တော်ပါတော့၊"
"အော်၊ ဒါက မလုံလောက်သေးဘူးလေ! 】
စက်သံက အတော်ကလေးထူးဆန်းသော်ငြား အင်မတန်မိုက်ပြီး လန်းဆန်းနေသည်။ ကျန်းချန်ဖေးက လူးဝစ်(စ်)၁၃အား ဝတ္ထုကို ဒေါင်းလုတ်ဆွဲခွင့်ပြုပြီး ဒီနေ့အတွက် ဒါကိုနားထောင်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
စာနှစ်ကြောင်း ဖတ်ပြီးရုံရှိသေး ပြင်းထန်လှသော ဘရိတ်အုပ်သံကို ရုတ်တရက်ကြားရပြီး ကျယ်လောင်လှသောဝင်တိုက်သံကပေါ်လာလေသည်။ စခရင်မှာ ပြင်းထန်စွာလှုပ်ခါသွားတော့၏။ ကျန်းချန်ဖေးကိုယ်မှာ အားတစ်စုံတစ်ရာဖြင့်တွန်းခံလိုက်ရပုံပေါ်ပြီး ကားရှေ့ကိုဝင်တိုက်လေသည်။
ယာဉ်ထိန်းရဲက ဗီဒီယို၏ဒီအပိုင်းကိုယူသွားကာ ကျန်းချန်ဖေးမှာ ဒီကိစ္စအတွက်တာဝန်မရှိဟု ကျောင်းချီအားနှစ်သိမ့်ပေးခဲ့သည်။ထို့နောက် သူနောက်တစ်နေရာရွှေ့ကာ ဆက်ပြီးစုံစမ်းလေသည်။
အရေးပေါ်အခန်းတွင်တော့ ဆရာဝန်က ကျန်းချန်ဖေးအား စစ်ဆေးပြီးပြီ။
"စစ်ဆေးမှုရလဒ်ကတော့ မင်းယောကျ်ားရဲ့ ကိုယ်ခန္ဓာလုပ်ငန်းတွေမှာ ပြဿနာမရှိဘူးပြနေတယ်၊ ဒါပေမဲ့ သူ့ကိုယ်သူနဲ့ဒီကမ္ဘာအပေါ် သိမြင်နားလည်မှုမှာ သွေဖယ်မှုရှိနေတာပဲ၊ ယခုလက်ရှိတော့ ငါတို့ဘယ်လိုကုသရမလဲမသိသေးဘူး၊ မင်းသူ့ကို အိမ်အရင်ပြန်ခေါ်သွားပြီး လေ့လာချင်လား၊"
ဆရာဝန်က မတတ်နိုင်ဘဲပြောလိုက်ရသည်။
"ဒါက ပြဿနာကြီးတစ်ခုမဟုတ်ဘူးလို့ ပြောနေတာလားဗျ!"
ကျောင်းချီက ဆရာဝန်ကို မယုံကြည်နိုင်စွာမေးကာ အချိန်နဲ့အမျှ နတ်ဆိုးအပြုံးပြုံးနေသော သူ့ယောကျ်ားကို လက်ညှိုးထိုးပြလိုက်သည်။ ဒါက သိသိသာသာကိုကြောက်ရွံ့ဖို့ ကောင်းတဲ့ ပြဿနာကြီးပါ!
ဝဖိုင့်ဖိုင့်အတွင်းရေးမှူး ယွီယွမ်က ဘေးတွင်ရပ်နေပြီး တီးတိုးပြောလိုက်သည်။
"အဲဒါကလေ... မျက်နှာအာရုံကြောထိခိုက်မှုများလား ၊"
"..."
မသိမိုက်မဲသော ဖက်တီးကတော့ ဥက္ကဌ၏ထူးဆန်းသော အပြုအမူကိုနားမလည်နိုင်ပေ။
ဆရာဝန်က သူ့ကို ချုပ်ထားဖို့ရန် မည်သည့်အကြောင်းပြချက်မျှ မပေးနိုင်၍ ကျန်းချန်ဖေးမှာ ဆေးရုံတက်ရန်မလိုဟုသာ တွင်တွင်ဆိုသည်။ ထို့ကြောင့် ကျောင်းချီမှာ သူ့ကိုအိမ်ပြန်ခေါ်လာခြင်းနှင့် အဆုံးသတ်ခဲ့ရလေသည်။
သူ့နှလုံးသားထဲတွင် သံသယများရှိနေသော်ငြား ကျောင်းချီမှာ ကျန်းချန်ဖေးလက်ကို ဆွဲကိုင်ထားသေးသည်။ သူတို့ ပိုးသတ်ဆေးနံ့များပြည့်နေသော ဆေးရုံကော်ရစ်တာတစ်လျှောက် လျှောက်လာရင်း မိန်းမငယ်လေးများအားသူတို့ကို ခိုးကြည့်စေရန်လှုံ့ဆော်နေသည်။
"ဒီလူနှစ်ယောက်က အရမ်းချောတာပဲ!"
"အရပ်ရှည်ရှည်တစ်ယောက်က ကျန်းချန်ဖေးနဲ့ နည်းနည်းဆင်တယ်နော်၊ အဲဒါလေ ရှီဖေးနည်းပညာက..."
"မဖြစ်နိုင်တာ!"
ကျောင်းချီမှာ လူတွေဘာပြောနေလဲမသိပေ။ မရေမတွက်နိုင်သော အကြည့်များက သူတို့ရှိရာဘက်ဦးတည်လာတာကိုသာ ခံစားမိပြီး ခြေလှမ်းအရှိန်နှုန်းကို မမြှင့်ဘဲမနေနိုင်တော့ပေ။ ထိုအကြည့်များက ချစ်ချစ်ခင်ခင်စုံတွဲတစ်တွဲ၏ အံ့သြတုန်လှုပ်ဖွယ်ကောင်းကာ စိတ်ထိခိုက်စရာကောင်းသည့် ပုံရိပ်ကိုပုံဖော်ထားသော "ယောကျ်ားက ရုတ်တရက်ရူးသွားခဲ့ကာ ဇနီးဖြစ်သူမှာ မစွန့်လွှတ်နိုင်သေး"ဟု ပြောနေသည့်အတိုင်းခံစားနေရသည်။
ကျန်းချန်ဖေးကတော့ ပျာယာခတ်မနေပေ။ လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး ကျန်လက်တစ်ဖက်မှာတော့ သူ့ဇနီး၏ဆွဲခေါ်သွားခြင်းခံနေရသည်။ သူ့ကိုစိတ်ဝင်တစားကြည့်ရင်း မေးလိုက်လေသည်။
"ကောင်လေး၊ ဘာလှည့်ကွက်တွေကစားနေတာလဲ၊"
သူတို့ကိုယ်ပိုင်ကားနားလျှောက်လာရုံရှိသေး ကျောင်းချီမှာရုတ်တရက် သူ့ခင်ပွန်း၏ အရှေ့ဘက်ခရီးသည်ထိုင်ခုံထဲ တွန်းထည့်ခြင်းခံလိုက်ရရှာသည်။သူက ခုံခါးပတ်ကိုတင်းကြပ်စွာချည်ပေးလိုက်ပြီး ကားထိုင်ခုံထဲဆောင့်ထည့်ခံလိုက်ရသည်။
"အော်၊ မင်းက ဒီအခွင့်အရေးကိုသုံးပြီး ထွက်ပြေးချင်နေတာလား၊"
ကြယ်သီးများပြုတ်နေသော ရှပ်က ဟော်မုန်းများပြည့်လျှံမှုအားမတားဆီးနိုင်ဘဲ လူကို ရှက်သွေးဖြာစေနိုင်သည်။
"ခင်ဗျားညီမပဲပြေးလိုက်! ငါမောင်းမယ်!"
ကျောင်းချီက ထိုင်ခုံခါးပတ်ကို ဖြည်ရန်လက်မြှောက်လိုက်ပေမဲ့ တစ်ဖက်သူ၏တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားမှုကိုခံလိုက်ရလေသည်။ သူ့လက်ကောက်ဝတ်များမှာ ခေါင်းပေါ်တွင် ဖိခံထားရပြီးနောက် သူ့ခင်ပွန်းမှာ ရုတ်တရက် ရှင်းပြချက်မရှိ အကြမ်းပတမ်းနမ်းရှုံ့လာတော့သည်။ ဒီအနမ်းက အတိတ်နှင့်ကွာခြားသည်။ဒါက ၁၀၀ရာခိုင်နှုန်း ရမ္မက်ကြီးကာ နိုင်ထက်ကလူပြုသည့် အနမ်းမျိုးပင်...။ ကျောင်းချီမှာအတော်ကလေး စိတ်ရှုပ်ထွေးသွားပြီး ခုခံဖို့ရာတစ်ခဏတာမေ့လျော့နေခဲ့၏။
"ဟေ့လူ၊ ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့ ၊ မင်းခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
ကျန်းချန်ဖေးက နတ်ဆိုးဆန်စွာပြုံးပြီး သူ့ဇနီးလေး၏ စိုစွတ်နေသောနှုတ်ခမ်းများအား လက်မဖြင့်ပွတ်သပ်လိုက်လေသည်။ သူ တံခါးကို ပြင်းထန်စွာပိတ်လိုက်ပြီး ညဘက်လေပြည်၏စည်းချက်ထဲ ခြေလှမ်းလှမ်းခဲ့ကာ နှိုင်းယှဉ်မရသော ကလူ၏မြူ၏အမူအရာမျိုးဖြင့် ဒရိုက်ဘာခုံထဲဝင်လာခဲ့သည်။
"ခင်ဗျား... ငါတို့ဘယ်သွားနေတာလဲ၊"
ကျောင်းချီက သူ့အားမယုံကြည်မှုဖြင့် ကြည့်နေသည်။
ကျန်းချန်ဖေးက သူ့ကိုလှမ်းကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ လီဗာကိုနင်းကာ ချက်ချင်း မောင်းထွက်လာခဲ့သည်။ သူတို့က အလုပ်ရက်များအတွင်းနေကြသည့်တိုက်ခန်းဆီ မပြန်ခဲ့ဘဲ ဆင်ခြေဖုံးဆီမှ ဇိမ်ခံဗီလာများဆီတည့်တည့်မတ်မတ် မောင်းလာခဲ့သည်။
ကံကောင်း၍ သူ့ကားမောင်းအရည်အချင်းနှင့် ပုံမှန်နေ့စဉ်အသိဉာဏ်များကတော့ ရှိနေတုန်းဖြစ်သည်။ ကျောင်းချီသူ့အားတစ်ခဏ လျစ်လျူရှုလိုက်၏။ ပထမဆုံး သူ့ယောကျ်ား၏ ဆေးမှတ်တမ်းကို လွှဲပေးရန်နှင့် မိသားစုဒေါက်တာဆီ ဒီနေ့ဖြစ်သမျှကိုပြောရန် ဖုန်းဆက်လိုက်သည်။ထို့နောက် သူဒီနေ့တွေ့ခဲ့သည့်ဖောက်သည်ကိုလည်း ဖုန်းဆက်ရကာ တောင်းပန်လိုက်သည်။ ဖုန်းခေါ်ဆိုမှုများအပြီး သူပင်ပန်းနွမ်းချိစွာ မျက်ခုံးနှစ်ဖက်ကြားက အကြောကို နှိပ်နယ်လိုက်သည်။
ဗီလာကမြို့လယ်ခေါင်နှင့် အနည်းငယ်လှမ်းသည်။ ပုံမှန်ဒီအချိန်ဆို ကျောင်းချီတစ်ယောက် သက်တောင့်သက်သာဖြင့် အိပ်ရန် လှဲနေလောက်ပြီ။ ဒါပေမဲ့ ဒီနေ့တော့သူမအိပ်ရဲတော့။ သူက စီးကရက်တစ်လိပ်ကိုထုတ်ပြီး သောက်နေမိသည်။
ဗီလာတစ်ဝိုက်ပတ်ဝန်းကျင်က ညဘက်တွင်တိတ်ဆိတ်နေကာ ဟိုးအဝေးကနေတောင် ကားတစ်စီး၏ မြင်းကောင်ရေအားအပြည့်ဖြင့်မောင်းချလာသံကိုကြားနိုင်သည်။ ဘဏ္ဍာစိုးနှင့် အိမ်စေကချက်ချင်းတံခါးဖွင့်ကာ ခရီးဦးကြိုပြုလိုက်သည်။
"ဆရာ၊ ပြန်ရောက်လာပြီပဲ၊"
ကျန်းချန်ဖေးက ကားထဲကထွက်ပြီး အရှေ့ခရီးသည်ထိုင်ခုံမှ သူ့ချစ်ဇနီးလေးကိုဆွဲထုတ်ကာ ရင်ခွင်ထဲတင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
"ဒီနေ့ကစပြီး သူကငါ့ဇနီးပဲ ၊ မင်းတို့ သူ့ကို တာ့ဖူးရန်လို့ ခေါ်ရမယ်"
"ဟင်.."
ဘဏ္ဍာစိုးမှာ လှုပ်ခါခံလိုက်ရသလို ပါးစပ်ကလည်းတုန်ရီသွားရှာသည်။ လူကြီးမင်းက ဦးနှောက်နဝေတိမ်တောင်ဖြစ်သွားတာလား ဒါမှမဟုတ်ခုထိရှုပ်ထွေးနေတုန်းလား။ ကျွန်တော်တို့ အဲဒီလိုမျိုးခေါ်လာတာ ၇နှစ်တောင်ရှိသွားခဲ့ပြီလေ..!
[Zawgyi]
"ေဒါက္တာ၊ ျမန္ျမန္သူ႔ကိုစမ္းသပ္ၾကည့္ေပးပါ၊ သူေျပာေနတာေတြက တစ္ခုခုလြဲေနတယ္"
စမ္းသပ္မႈက ၾကာေညာင္းၿပီး ယာဥ္ထိန္းရဲေတြရဲ႕ အလုပ္ရႈပ္သည့္အခ်ိန္ဇယားေၾကာင့္ ေက်ာင္းခ်ီက သူတို႔ႏွစ္ေယာက္ကို ေကာ္ရစ္တာဆီေခၚလာခဲ့သည္။ သူက smart brainကိုဖြင့္ကာ ကားေမွာင္းမွတ္တမ္းႏွင့္ ခ်ိတ္ဆက္လိုက္သည္။
ပုံရိပ္ေယာင္မ်က္ႏွာျပင္က ေပၚလာၿပီး ကားမေတာ္တဆမႈမျဖစ္ခင္ ၁၀မိနစ္ကိုျပန္ေရာက္သြားေလသည္။ ထိုအခ်ိန္တြင္ျမင့္မားေသာလမ္းမ်ားေပၚတြင္ ယာဥ္ေၾကာမ်ားပိတ္ေနကာ ကား၏ လႈပ္ရွားမႈက အင္မတန္ေႏွးေကြးေနခဲ့သည္။
"ေနာက္ထပ္ညစာစားပြဲလာျပန္ၿပီ!"
ဗီဒီယို၏ေနာက္ခံတြင္ က်န္းခ်န္ေဖး၏ အသံၾကားႏိုင္ကာ အေတာ္ေလးစိတ္မေက်နပ္ေနသည့္ပုံပင္။ ေက်ာင္းခ်ီမွာ ထိုခ်ိန္က သူ႔ကို စာတစ္ေစာင္ပို႔ခဲ့ေၾကာင္း အမွတ္ရသြားသည္။
သူက ညေနခင္းတြင္ ညစာပါတီတစ္ခုရွိ၍ အိမ္ကို၁၀နာရီမွျပန္ေရာက္ေလာက္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။
ဒီလူက သူ႔ကိုေျဖဖို႔အတြက္နဲ႔ေတာ့ မေတာ္တဆမႈကို ေရွာင္လြဲလို႔မရဘဲ ႀကဳံသြားတာေတာ့မဟုတ္ဘူးမလား။
"တျခားမိသားစုေတြရဲ႕ ခ်စ္ဇနီးေလးေတြက အိမ္မွာထမင္းဟင္းခ်က္ၿပီး သူတို႔ခင္ပြန္းျပန္လာမွာကို ေစာင့္ေနေလာက္ၿပီ၊ မင္းကေတာ့ ငါ့ဆီလာဖို႔အိမ္ျပန္လာမဲ့အစား အဲဒီညစာပါတီကိုပဲသြားမွာ၊"
သူ႔မေက်နပ္ခ်က္မ်ားကို ေရ႐ြတ္ၿပီးေနာက္ က်န္းခ်န္ေဖးက"
"သိၿပီ"ဆိုေသာ အင္မတန္ခံစားခ်က္ကင္းမဲ့လြန္းသည့္ ျပန္စာတစ္ေစာင္ပို႔ကာ ဖုန္းကိုပိတ္လိုက္သည္။
"လူးဝစ္(စ္) ဆယ့္သုံး၊ နားေထာင္စရာ ဝတၱဳတစ္ပုဒ္ေလာက္ရွာေပး"
တစ္ေယာက္တည္းေတြးမိေတြးရာေျပာေနေသာပုံစံက သမာ႐ိုးက်ေန႔ရက္မ်ားအတြင္း ဥကၠဌက်န္း၏ လူသိရွင္ၾကားပုံရိပ္ႏွင့္ မအက္စပ္လွေပ။ ပတ္ဝန္းက်င္အေျခအေနမွာ အနည္းငယ္ေနရခက္ေတာ့မည္ဆိုတာသိ၍ ယာဥ္ထိန္းရဲက တာဝန္ေက်စြာေမးေပးလိုက္သည္။
"လူးဝစ္(စ္) ၁၃ကဘယ္သူလဲဗ်၊"
"သူ႔ smart brainပါ...၊"
လူးဝစ္(စ္)ဆယ့္သုံးက ခ်က္ခ်င္းဆိုသလိုဇာတ္လမ္းတစ္ပုဒ္ရွာကာ ဇာတ္လမ္း၏အတိုခ်ဳံးမိတ္ဆက္ကို ေရခဲတမွ်ေအးစက္ေသာ စက္သံႏွင့္ဖတ္ျပေလသည္။
【 သူမအေဖရဲ႕အေႂကြးကိုဆပ္ဖို႔ ကိုယ့္ကိုယ္ကိုဟုတ္လွၿပီထင္ေနတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔လက္ထပ္ဖို႔အတြက္ အတင္းအၾကပ္ဖိအားေပးခံခဲ့ရတယ္၊ မဂၤလာဦးညမွာ သူက အတင္းအၾကပ္သူမကိုပိုင္ဆိုင္ခဲ့တယ္။
"ေက်းဇူးျပဳၿပီး ေတာ္ပါေတာ့၊"
"ေအာ္၊ ဒါက မလုံေလာက္ေသးဘူးေလ! 】
စက္သံက အေတာ္ကေလးထူးဆန္းေသာ္ျငား အင္မတန္မိုက္ၿပီး လန္းဆန္းေနသည္။ က်န္းခ်န္ေဖးက လူးဝစ္(စ္)၁၃အား ဝတၳဳကို ေဒါင္းလုတ္ဆြဲခြင့္ျပဳၿပီး ဒီေန႔အတြက္ ဒါကိုနားေထာင္မည္ဟု ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။
စာႏွစ္ေၾကာင္း ဖတ္ၿပီး႐ုံရွိေသး ျပင္းထန္လွေသာ ဘရိတ္အုပ္သံကို ႐ုတ္တရက္ၾကားရၿပီး က်ယ္ေလာင္လွေသာဝင္တိုက္သံကေပၚလာေလသည္။ စခရင္မွာ ျပင္းထန္စြာလႈပ္ခါသြားေတာ့၏။ က်န္းခ်န္ေဖးကိုယ္မွာ အားတစ္စုံတစ္ရာျဖင့္တြန္းခံလိုက္ရပုံေပၚၿပီး ကားေရွ႕ကိုဝင္တိုက္ေလသည္။
ယာဥ္ထိန္းရဲက ဗီဒီယို၏ဒီအပိုင္းကိုယူသြားကာ က်န္းခ်န္ေဖးမွာ ဒီကိစၥအတြက္တာဝန္မရွိဟု ေက်ာင္းခ်ီအားႏွစ္သိမ့္ေပးခဲ့သည္။ထို႔ေနာက္ သူေနာက္တစ္ေနရာေ႐ႊ႕ကာ ဆက္ၿပီးစုံစမ္းေလသည္။
အေရးေပၚအခန္းတြင္ေတာ့ ဆရာဝန္က က်န္းခ်န္ေဖးအား စစ္ေဆးၿပီးၿပီ။
"စစ္ေဆးမႈရလဒ္ကေတာ့ မင္းေယာက်္ားရဲ႕ ကိုယ္ခႏၶာလုပ္ငန္းေတြမွာ ျပႆနာမရွိဘူးျပေနတယ္၊ ဒါေပမဲ့ သူ႔ကိုယ္သူနဲ႔ဒီကမာၻအေပၚ သိျမင္နားလည္မႈမွာ ေသြဖယ္မႈရွိေနတာပဲ၊ ယခုလက္ရွိေတာ့ ငါတို႔ဘယ္လိုကုသရမလဲမသိေသးဘူး၊ မင္းသူ႔ကို အိမ္အရင္ျပန္ေခၚသြားၿပီး ေလ့လာခ်င္လား၊"
ဆရာဝန္က မတတ္ႏိုင္ဘဲေျပာလိုက္ရသည္။
"ဒါက ျပႆနာႀကီးတစ္ခုမဟုတ္ဘူးလို႔ ေျပာေနတာလားဗ်!"
ေက်ာင္းခ်ီက ဆရာဝန္ကို မယုံၾကည္ႏိုင္စြာေမးကာ အခ်ိန္နဲ႔အမွ် နတ္ဆိုးအၿပဳံးၿပဳံးေနေသာ သူ႔ေယာက်္ားကို လက္ညႇိဳးထိုးျပလိုက္သည္။ ဒါက သိသိသာသာကိုေၾကာက္႐ြံ႕ဖို႔ ေကာင္းတဲ့ ျပႆနာႀကီးပါ!
ဝဖိုင့္ဖိုင့္အတြင္းေရးမႉး ယြီယြမ္က ေဘးတြင္ရပ္ေနၿပီး တီးတိုးေျပာလိုက္သည္။
"အဲဒါကေလ... မ်က္ႏွာအာ႐ုံေၾကာထိခိုက္မႈမ်ားလား ၊"
"..."
မသိမိုက္မဲေသာ ဖက္တီးကေတာ့ ဥကၠဌ၏ထူးဆန္းေသာ အျပဳအမူကိုနားမလည္ႏိုင္ေပ။
ဆရာဝန္က သူ႔ကို ခ်ဳပ္ထားဖို႔ရန္ မည္သည့္အေၾကာင္းျပခ်က္မွ် မေပးႏိုင္၍ က်န္းခ်န္ေဖးမွာ ေဆး႐ုံတက္ရန္မလိုဟုသာ တြင္တြင္ဆိုသည္။ ထို႔ေၾကာင့္ ေက်ာင္းခ်ီမွာ သူ႔ကိုအိမ္ျပန္ေခၚလာျခင္းႏွင့္ အဆုံးသတ္ခဲ့ရေလသည္။
သူ႔ႏွလုံးသားထဲတြင္ သံသယမ်ားရွိေနေသာ္ျငား ေက်ာင္းခ်ီမွာ က်န္းခ်န္ေဖးလက္ကို ဆြဲကိုင္ထားေသးသည္။ သူတို႔ ပိုးသတ္ေဆးနံ႔မ်ားျပည့္ေနေသာ ေဆး႐ုံေကာ္ရစ္တာတစ္ေလွ်ာက္ ေလွ်ာက္လာရင္း မိန္းမငယ္ေလးမ်ားအားသူတို႔ကို ခိုးၾကည့္ေစရန္လႈံ႕ေဆာ္ေနသည္။
"ဒီလူႏွစ္ေယာက္က အရမ္းေခ်ာတာပဲ!"
"အရပ္ရွည္ရွည္တစ္ေယာက္က က်န္းခ်န္ေဖးနဲ႔ နည္းနည္းဆင္တယ္ေနာ္၊ အဲဒါေလ ရွီေဖးနည္းပညာက..."
"မျဖစ္ႏိုင္တာ!"
ေက်ာင္းခ်ီမွာ လူေတြဘာေျပာေနလဲမသိေပ။ မေရမတြက္ႏိုင္ေသာ အၾကည့္မ်ားက သူတို႔ရွိရာဘက္ဦးတည္လာတာကိုသာ ခံစားမိၿပီး ေျခလွမ္းအရွိန္ႏႈန္းကို မျမႇင့္ဘဲမေနႏိုင္ေတာ့ေပ။ ထိုအၾကည့္မ်ားက ခ်စ္ခ်စ္ခင္ခင္စုံတြဲတစ္တြဲ၏ အံ့ၾသတုန္လႈပ္ဖြယ္ေကာင္းကာ စိတ္ထိခိုက္စရာေကာင္းသည့္ ပုံရိပ္ကိုပုံေဖာ္ထားေသာ "ေယာက်္ားက ႐ုတ္တရက္႐ူးသြားခဲ့ကာ ဇနီးျဖစ္သူမွာ မစြန႔္လႊတ္ႏိုင္ေသး"ဟု ေျပာေနသည့္အတိုင္းခံစားေနရသည္။
က်န္းခ်န္ေဖးကေတာ့ ပ်ာယာခတ္မေနေပ။ လက္တစ္ဖက္က ေဘာင္းဘီအိတ္ကပ္ထဲထည့္ထားၿပီး က်န္လက္တစ္ဖက္မွာေတာ့ သူ႔ဇနီး၏ဆြဲေခၚသြားျခင္းခံေနရသည္။ သူ႔ကိုစိတ္ဝင္တစားၾကည့္ရင္း ေမးလိုက္ေလသည္။
"ေကာင္ေလး၊ ဘာလွည့္ကြက္ေတြကစားေနတာလဲ၊"
သူတို႔ကိုယ္ပိုင္ကားနားေလွ်ာက္လာ႐ုံရွိေသး ေက်ာင္းခ်ီမွာ႐ုတ္တရက္ သူ႔ခင္ပြန္း၏ အေရွ႕ဘက္ခရီးသည္ထိုင္ခုံထဲ တြန္းထည့္ျခင္းခံလိုက္ရရွာသည္။သူက ခုံခါးပတ္ကိုတင္းၾကပ္စြာခ်ည္ေပးလိုက္ၿပီး ကားထိုင္ခုံထဲေဆာင့္ထည့္ခံလိုက္ရသည္။
"ေအာ္၊ မင္းက ဒီအခြင့္အေရးကိုသုံးၿပီး ထြက္ေျပးခ်င္ေနတာလား၊"
ၾကယ္သီးမ်ားျပဳတ္ေနေသာ ရွပ္က ေဟာ္မုန္းမ်ားျပည့္လွ်ံမႈအားမတားဆီးႏိုင္ဘဲ လူကို ရွက္ေသြးျဖာေစႏိုင္သည္။
"ခင္ဗ်ားညီမပဲေျပးလိုက္! ငါေမာင္းမယ္!"
ေက်ာင္းခ်ီက ထိုင္ခုံခါးပတ္ကို ျဖည္ရန္လက္ေျမႇာက္လိုက္ေပမဲ့ တစ္ဖက္သူ၏တင္းတင္းၾကပ္ၾကပ္ခ်ဳပ္ကိုင္ထားမႈကိုခံလိုက္ရေလသည္။ သူ႔လက္ေကာက္ဝတ္မ်ားမွာ ေခါင္းေပၚတြင္ ဖိခံထားရၿပီးေနာက္ သူ႔ခင္ပြန္းမွာ ႐ုတ္တရက္ ရွင္းျပခ်က္မရွိ အၾကမ္းပတမ္းနမ္းရႈံ႕လာေတာ့သည္။ ဒီအနမ္းက အတိတ္ႏွင့္ကြာျခားသည္။ဒါက ၁၀၀ရာခိုင္ႏႈန္း ရမၼက္ႀကီးကာ ႏိုင္ထက္ကလူျပဳသည့္ အနမ္းမ်ိဳးပင္...။ ေက်ာင္းခ်ီမွာအေတာ္ကေလး စိတ္ရႈပ္ေထြးသြားၿပီး ခုခံဖို႔ရာတစ္ခဏတာေမ့ေလ်ာ့ေနခဲ့၏။
"ေဟ့လူ၊ ငါ့ကိုေဒါသထြက္ေအာင္မလုပ္နဲ႔ ၊ မင္းခံႏိုင္ရည္ရွိမွာ မဟုတ္ဘူး"
က်န္းခ်န္ေဖးက နတ္ဆိုးဆန္စြာၿပဳံးၿပီး သူ႔ဇနီးေလး၏ စိုစြတ္ေနေသာႏႈတ္ခမ္းမ်ားအား လက္မျဖင့္ပြတ္သပ္လိုက္ေလသည္။ သူ တံခါးကို ျပင္းထန္စြာပိတ္လိုက္ၿပီး ညဘက္ေလျပည္၏စည္းခ်က္ထဲ ေျခလွမ္းလွမ္းခဲ့ကာ ႏႈိင္းယွဥ္မရေသာ ကလူ၏ျမဴ၏အမူအရာမ်ိဳးျဖင့္ ဒ႐ိုက္ဘာခုံထဲဝင္လာခဲ့သည္။
"ခင္ဗ်ား... ငါတို႔ဘယ္သြားေနတာလဲ၊"
ေက်ာင္းခ်ီက သူ႔အားမယုံၾကည္မႈျဖင့္ ၾကည့္ေနသည္။
က်န္းခ်န္ေဖးက သူ႔ကိုလွမ္းၾကည့္ၿပီးေနာက္ စကားတစ္ခြန္းမဆိုဘဲ လီဗာကိုနင္းကာ ခ်က္ခ်င္း ေမာင္းထြက္လာခဲ့သည္။ သူတို႔က အလုပ္ရက္မ်ားအတြင္းေနၾကသည့္တိုက္ခန္းဆီ မျပန္ခဲ့ဘဲ ဆင္ေျခဖုံးဆီမွ ဇိမ္ခံဗီလာမ်ားဆီတည့္တည့္မတ္မတ္ ေမာင္းလာခဲ့သည္။
ကံေကာင္း၍ သူ႔ကားေမာင္းအရည္အခ်င္းႏွင့္ ပုံမွန္ေန႔စဥ္အသိဉာဏ္မ်ားကေတာ့ ရွိေနတုန္းျဖစ္သည္။ ေက်ာင္းခ်ီသူ႔အားတစ္ခဏ လ်စ္လ်ဴရႈလိုက္၏။ ပထမဆုံး သူ႔ေယာက်္ား၏ ေဆးမွတ္တမ္းကို လႊဲေပးရန္ႏွင့္ မိသားစုေဒါက္တာဆီ ဒီေန႔ျဖစ္သမွ်ကိုေျပာရန္ ဖုန္းဆက္လိုက္သည္။ထို႔ေနာက္ သူဒီေန႔ေတြ႕ခဲ့သည့္ေဖာက္သည္ကိုလည္း ဖုန္းဆက္ရကာ ေတာင္းပန္လိုက္သည္။ ဖုန္းေခၚဆိုမႈမ်ားအၿပီး သူပင္ပန္းႏြမ္းခ်ိစြာ မ်က္ခုံးႏွစ္ဖက္ၾကားက အေၾကာကို ႏွိပ္နယ္လိုက္သည္။
ဗီလာကၿမိဳ႕လယ္ေခါင္ႏွင့္ အနည္းငယ္လွမ္းသည္။ ပုံမွန္ဒီအခ်ိန္ဆို ေက်ာင္းခ်ီတစ္ေယာက္ သက္ေတာင့္သက္သာျဖင့္ အိပ္ရန္ လွဲေနေလာက္ၿပီ။ ဒါေပမဲ့ ဒီေန႔ေတာ့သူမအိပ္ရဲေတာ့။ သူက စီးကရက္တစ္လိပ္ကိုထုတ္ၿပီး ေသာက္ေနမိသည္။
ဗီလာတစ္ဝိုက္ပတ္ဝန္းက်င္က ညဘက္တြင္တိတ္ဆိတ္ေနကာ ဟိုးအေဝးကေနေတာင္ ကားတစ္စီး၏ ျမင္းေကာင္ေရအားအျပည့္ျဖင့္ေမာင္းခ်လာသံကိုၾကားႏိုင္သည္။ ဘ႑ာစိုးႏွင့္ အိမ္ေစကခ်က္ခ်င္းတံခါးဖြင့္ကာ ခရီးဦးႀကိဳျပဳလိုက္သည္။
"ဆရာ၊ ျပန္ေရာက္လာၿပီပဲ၊"
က်န္းခ်န္ေဖးက ကားထဲကထြက္ၿပီး အေရွ႕ခရီးသည္ထိုင္ခုံမွ သူ႔ခ်စ္ဇနီးေလးကိုဆြဲထုတ္ကာ ရင္ခြင္ထဲတင္းၾကပ္စြာ ေပြ႕ဖက္လိုက္သည္။
"ဒီေန႔ကစၿပီး သူကငါ့ဇနီးပဲ ၊ မင္းတို႔ သူ႔ကို တာ့ဖူးရန္လို႔ ေခၚရမယ္"
"ဟင္.."
ဘ႑ာစိုးမွာ လႈပ္ခါခံလိုက္ရသလို ပါးစပ္ကလည္းတုန္ရီသြားရွာသည္။ လူႀကီးမင္းက ဦးေႏွာက္နေဝတိမ္ေတာင္ျဖစ္သြားတာလား ဒါမွမဟုတ္ခုထိရႈပ္ေထြးေနတုန္းလား။ ကြၽန္ေတာ္တို႔ အဲဒီလိုမ်ိဳးေခၚလာတာ ၇ႏွစ္ေတာင္ရွိသြားခဲ့ၿပီေလ..!