ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၉)
~~~~~~~~~~~~~~~~~~~~~~~~
"ကျွန်တော်ဆိုလိုတာ ဒီလိုမဟုတ်ပါဘူး၊ ပထမသခင်လေး"
လုတာ့ဖန်းက ကြောက်ရွံ့နေသည့်အသံဖြင့် အမြန်ငြင်းလိုက်သည်။
"ကျွန်-ကျွန်တော် ပြောချင်တာက ပထမသခင်လေးသာ စောစော အသိပေးခဲ့ရင် ကျွန်တော် လာကြိုလို့ရတယ်လို့ပါ"
လုတာ့ဖန်းက စိုးရိမ်မှု၊ ကြောက်ရွံ့မှုများ ပြည့်နေသည်။
'ဒီမကောင်းဆိုးဝါးက နိုင်ငံခြားမှာ အေးဆေးနေ နေတာမလား ဘာအတွက်ပြန်လာရတာလဲ'
လုမိသားစုမှာ နှစ်ပေါင်းရာချီသမိုင်းတွင်တည်ရှိလာသော မျိုးနွယ်စုဖြစ်သည်။ သူတို့မျိုးနွယ်စုစည်းကမ်းများမှာ ဆက်ခံမှုနှင့် ပတ်သက်၍ တင်းကျပ်လှသည်။ လုချင်းယွင်က သူ့ကို 'ဒုတိယဦးလေး'ဟု ခေါ်တာတောင် သူက မိသားစုခွဲ၏ အစုဝင်တစ်ယောက်သာ ဖြစ်သည်။ လုချင်းယွင်ကကတော့ အဓိကအိမ်တော်မှပင်။ ဒီနှစ်တွေအတွင်း အဓိက အိမ်တော်က သူတို့၏ အခြေစိုက်လုပ်ငန်းများကို နိုင်ငံခြားဆီ ရွှေ့သွားခဲ့သည်။ ထို့ကြောင့် သူ ပြန်လာသည့်အကြောင်းကို လုတာ့ဖန်း မသိပေ။
"မလိုပါဘူး"
လုချင်းယွင်၏ အကြည့်က ရှီရှန်းပေါ်ကျရောက်သွားသည်။
ရှီရှန်းက ချက်ချင်းဆိုသလို ပြန်ပြုံးလိုက်သည်။
'ဒါ အထောက်အပံ့ကြီးပဲ အနာဂတ်အထောက်အပံ့ပဲ စော်ကားလို့မဖြစ်ဘူး'
လင်းရှန်ရှန်က သူ့ကို စိုက်ကြည့်ကာ ငေးနေမိသည်။ အနုပညာအသိုင်းအဝိုင်းထဲမှာ သူ့ထက် ချောသည့်လူမျိုး ရှာတွေ့နိုင်မှာမဟုတ်ပေ။ လုတာ့ဖန်းက သူ့ကို ခေါ်ဝေါ်သည့်ပုံကို ကြည့်ပြီး သူ့အဆင်အတန်းက ပိုမြင့်သည်ဆိုတာပြောနိုင်သည်။ တကယ်လို့ သူမသာ ဒီလူ သူမကိုကြိုက်လာအောင်လုပ်နိုင်ရင်...။
ထိုအချက်ကိုတွေးလျက် ချက်ချင်းဆိုသလို ခေါင်းထဲကနေ အတွေးရထားကို မောင်းထုတ်လိုက်သည်။ သူမမျက်လုံးထဲက ချစ်ခြင်းအရိပ်အငွေ့လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထိုလူက အနားကပ်ဖို့လွယ်မည့်သူ မဟုတ်။ အကယ်၍ လုတာ့ဖန်းဆီကတောင် ကြောက်ရွံ့လေးစားမှုကို ရလျှင် သူက သူမ သွားစလို့ရမည့်လူ မဟုတ်ပေ။ သူမ လုတာ့ဖန်းနှင့် ဆက်နေတာပဲကောင်းမည်။ မဟုတ်လျှင် ဘာမှမရလိုက်ဘဲ အကုန်လုံး ဆုံးရှုံးသွားလိမ့်မည်။
လင်းရှန်ရှန်က သူမ အတိုင်းအတာကို ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် ရှီရှန်းက ထိုလူကိုပြုံးပြနေပြီး ထိုလူကလည်း လျှောက်လာတာမြင်တော့ လင်းရှန်ရှန်ပို၍တောင် မုန်းတီးသွားသည်။
'ဘာလို့သူမကိုလဲ'
"အထောက်-မစ္စတာလု တိုက်ဆိုင်လိုက်တာ"
ရှီရှန်းက မျက်ဝန်းအပြုံးလေးများနှင့် နှုတ်ဆက်လိုက်သည်။
လုတာ့ဖန်းက လုချင်းယွင် ရှီရှန်းကို ပြန်ခေါင်းညိတ်ပြတာမြင်တော့ ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားသည်။
'ကျန်းဝမ်ကသာမန်လူမဟုတ်ဘူးလား သူမ ဒီမိစ္ဆာနဲ့ဘယ်ချိန်တုန်းကသိသွားတာလဲ'
"ခင်ဗျား ဒီနေရာမှာ ကိစ္စရှိသေးလို့လား ဒုတိယဦးလေးလု"
လုချင်းယွင်က ရှီရှန်းဘေးရပ်လျက် တစ်လက်မတောင် မရွှေ့ရဲသည့်လုတာ့ဖန်းကို စွေကြည့်လိုက်သည်။
လုတာ့ဖန်း၏ ခန္ဓာကိုယ်မှာ တုန်သွားပြီး သူအမြန် ခေါင်းခါလိုက်သည်။
"မဟုတ်၊မဟုတ်ပါဘူး ခုချက်ချင်းသွားပါတော့မယ် ပထမသခင်လေး"
လုတာ့ဖန်းက လင်းရှန်ရှန်ကို ဆွဲကာ တံခါးဆီ ဆွဲခေါ်သွားတော့သည်။ ပါတီပွဲကို တက်ရောက်ရန် လက်လျှော့လိုက်ပုံပင်။
'ငါ ဆက်တက်ရင် ငရဲလိုပဲ ဖြစ်နေမှာ၊ ဒီမှာငကြောင်ရှိနေတော့ ငါအသက်ဆက်မရှင်ချင်တော့ဘူးဆိုမှပဲ ဝင်သွားတော့မယ်'
"ခဏနေဦး"
လုတာ့ဖန်းက ရပ်သွားပြီး လှည့်ကြည့်လာကာ လေးစားထိတ်လန့်သည့် အသံဖြင့် ပြောလိုက်သည်။
"ပထမသခင်လေးမှာ အမိန့်ထပ်ရှိသေးလို့လားခင်ဗျာ"
"တောင်းပန်"
'တောင်းပန်ရမယ်တဲ့လား' လုတာ့ဖန်းမှာ နေထိုင်မကောင်းစပြုလာသည်။
'ကျန်းဝမ်နဲ့ ဒီမိစ္ဆာကဘာဆက်ဆံရေးရှိတာလဲ သူ တကယ်ကြီး သူမကိုတောင်းပန်ခိုင်းတယ်ပေါ့'
လုတာ့ဖန်းမှာ ချွေးစေးများ ပြန်စပြုလာသည်။ ထို့နောက် ကျန်းဝမ်ကို ကြည့်ကာ ဦးညွှတ်လိုက်သည်။
"မစ္စကျန်း ခုနက ကျွန်တော့်အမှားပါ၊ စေတနာထားပြီးလွှတ်ပေးပါ၊ ကျွန်တော်က ခင်ဗျားနဲ့ရန်စရှိတာမဟုတ်ပါဘူး၊ လင်းရှန်ရှန် ကျွန်တော့်ကို သွေးထိုးလို့သာ ဝက်ဆီက ကျွန်တော့်နှလုံးသားကို ဖုံးသွားတာပါ1..."
လင်းရှန်ရှန်မှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ လုတာ့ဖန်း သူမကို ထိုမျှလွယ်လွယ် တွန်းပို့မည်ဟု မထင်မိခဲ့ပေ။
"လုတာ့ဖန်း ရှင်ဒါဘာဆိုလိုတာလဲ "
သူဒီလူကိုကြောက်တာနဲ့ပဲ သူမအပေါ် အပြစ်အကုန်ပုံချလို့ရမလား။
"ပါးစပ်ပိတ်ထား"
လုတာ့ဖန်းက ရက်စက်သည့် မျက်နှာထားနှင့် လင်းရှန်ရှန်ကို အပြစ်တင်လိုက်သည်။ သူမကြောင့်သာမဟုတ်လျှင် သူ ကျန်းဝမ်ကို ကြည့်တောင်ကြည့်မိမှာ မဟုတ်၊ သူမကိစ္စကြောင့်နှင့်လည်း ဒီမိစ္ဆာကို အပြစ်လုပ်မိမှာမဟုတ်ပေ။
"ကျွန်တော် ခင်ဗျားကို ဘာလုပ်ရမလဲဆိုတာ သင်ပေးစရာမလိုပါဘူး လိုသေးလို့လား"
"မလို၊မလိုပါဘူး လုံးဝပါပဲ စိတ်ချပါ သခင်လေး ဒီကိစ္စကိုစိတ်ကျေနပ်အောင်ဖြေရှင်းပေးပါ့မယ်"
လုတာ့ဖန်းမျက်လုံးထဲတွင် ရက်စက်မှု အငွေ့အသက်တို့ပေါ်လာသည်။ လင်းရှန်ရှန်က သူ့ကို ဒီမိစ္ဆာကို အပြစ် လုပ်မိနီးပါး ဖြစ်စေခဲ့သည်။ တခြားထွက်ပေါက်လည်း မရှိတော့လင်းရှန်ရှန်အပေါ်သာ ပေါက်ကွဲရတော့သည်။
"ကျွန်တော့် လုမိသားစုနာမည်ကို မကျစေနဲ့"
လုချင်းယွင်က လက်ဝှေ့ယမ်းလိုက်သည်။ လွတ်ငြိမ်းချမ်းသာခွင့်ကို ချက်ချင်းရသွားသလို လုတာ့ဖန်းမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် လင်းရှန်ရှန်ကို အပြင်ဆီ ချက်ချင်းဆွဲခေါ်သွားသည်။
"ရှင်ကတကယ် အံ့သြဖို့ကောင်းတာပဲ"
ရှီရှန်းက လေးစားသည့် အမူအရာမျိုးလုပ်လိုက်သည်။
"ဥက္ကဋ္ဌလုက ဒီနယ်ပယ်မှာ ထိပ်ဆုံးကစားသမားတွေထဲက တစ်ယောက်ပဲ၊ သူ့လိုလူမျိုးကိုတောင် ရှင့်ကို 'ပထမသခင်လေး' လို့ ခေါ်ခိုင်းနိုင်တယ်ဆိုတော့ ရှင်က တကယ်အံ့သြဖို့ကောင်းတာပဲ"
လုချင်းယွင်အကြည့်က ရှီရှန်း၏ တည်ငြိမ်လှသည့် မျက်ဝန်းများဆီ ရောက်သွားသည်။ နည်းနည်းလေးတောင် ဂယက်ထမနေပေ။ ဒီအမျိုးသမီးက သူ့ကို မချီးကျူးချင်ဘူးဆိုတာ ထင်ရှားသည်။
'အနည်းဆုံးတော့ မင်းသရုပ်ဆောင်တာကို နည်းနည်းပါးပါး ကြိုးစားသင့်တယ်၊ အခု မင်းက ငါ့ကို ဝတ်ကျေတန်းကျေ ပြောနေတာ သိသာလွန်းတယ်'
သခင်လေးလုမှာ သူ့ဆွဲဆောင်မှုကို နောက်တစ်ကြိမ် သံသယဝင်မိသွားသည်။
'ဘာလို့ဒီမိန်းမနဲ့မှ အသုံးမဝင်ရတာလဲ'
"မင်းက ငါ့ကို မချီးကျူးချင်တာတောင် အသိစိတ်ကို ဖယ်ပြီး ချီးကျူးသေးတယ် မင်းအနှောင့်အယှက် မဖြစ်ဘူးလား"
'မင်းအသိစိတ်ကိုဖယ်ပြီး ချီးကျူးမယ်ဆိုရင်တောင် အနည်းဆုံး ဖုံးဖို့ နည်းနည်းပါးပါးလေး ကြိုးစားသင့်တယ်၊ မင်းရဲ့တကယ့်အတွေးတွေကို မဖုံးတာကဘာဆိုလိုတာလဲ...'
"မဖြစ်ပါဘူး"
'ငါလေး ပါးစပ်က ချီးကျူးခံရတာတောင် မဆိုးလှတာ၊ နင်က တကယ် ချီးကျူးတာ လိုချင်သေးတယ်ပေါ့ နင့်အိပ်မက်ထဲမှာ ပဲရမယ်'
လုချင်းယွင် "..."
ပထမဆုံးအကြိမ်အနေနှင့် သူ ဘာမှပြန်မပြောနိုင်တာကို တွေ့လိုက်ရသည်။
'ဒါအရမ်းကြီးရိုးသားလွန်းနေတာမဟုတ်လား!'
"အာ၊လုချင်းယွင် မင်းဒီကောင်မလေးကို ဘယ်ကပြန်ပေးဆွဲလာတာလဲ၊ ငါကားပါကင်လေးပဲ သွားထိုးရသေးတာ မင်းက ငါ့ကို ပစ်သွားတယ်၊ မင်းကိုခေါ်မိလို့ ငါပါပြဿနာ တက်တော့မယ် မင်းလူမှဟုတ်သေးရဲ့လားကွာ"
'ပြန်ပေးဆွဲတယ်လား ဒီစကားလုံးကြီးက...'
ရှီရှန်းက နောက်ထပ်ရောက်လာသူကို ကြည့်လာသည်။ သူက ဒီလိုပွဲများအတွက် သင့်တော်သည့် ပုံမှန်အဝတ်အစားသာ ဝတ်ဆင်ပြီး အတော်လေးလည်း ကြည့်ကောင်းသည်။
လုချင်းယွင် ပြန်အဖြေကို မစောင့်ဘဲ သူက နောက်ခေါင်းစဉ်ဆီ ခုန်ကူးလိုက်သည်။
"ခုလေးတင် ငါ လုတာ့ဖန်းကို တွေ့ခဲ့တယ်၊ သူ သေနတ်ယမ်းတွေ စားထားတာလား၊ မိန်းမတစ်ယောက်ကို အော်ကြီးဟစ်ကျယ်ပြောနေတာ မင်းဘာတွေသွားလုပ်လိုက်လို့လဲ"
ရှီရှန်းမှာ ဆွံ့အသွားသည်။
'ဒီလူက လုချင်းယွင်ကို အတော်လေး နားလည်တဲ့ပုံပဲ၊ သူမြင်တာက လုတာ့ဖန်း ဒေါသထွက်နေတာလေးကိုပဲ ဒါတောင် လုချင်းယွင် လုပ်လို့ဆိုတာ ခန့်မှန်းနိုင်တယ်၊ ဒီလိုဖော်ပြချက်နဲ့ ကိုက်ညီတာတစ်ယောက်ပဲရှိတယ် လုချင်းယွင်ရဲ့ သူငယ်ချင်းကောင်း2/ကြံရာပါ: ဆုယီရှို့ပဲ'
"ပြီးတော့ဒါက" ဆုယီရှို့က လျှပ်တစ်ပြက်ခေါင်းစဉ်ကို ရှီရှန်းထံ ပြန်ပြောင်းပြီး သူမကို စပ်စုစွာဖြင့် လေ့လာနေသည်။
"မိန်းကလေး၊ မင်းဒီလူကို အကြာကြီး နေနိုင်တာ မင်းနှလုံးသားက တော်တော်ကြီးတာပဲဖြစ်ရမယ်"
'ဒါ လုချင်းယွင် အရင်တစ်ခေါက်က ငါ့ကိုမေးခဲ့တာမလား။ သူ့ကို အမူအရာ မပြောင်းဘဲ သည်းခံနိုင်တော့ သူမအကြောင်း မေးချင်တာလည်းမဆန်းဘူး'
"ကမ္ဘာကြီးအတွက်ထိ ကြီးပါတယ်3" ရှီရှန်းက မျက်နှာသေနဲ့ပြောလိုက်သည်။
"ဖွီ~" ဆုယီရှို့မှာ မရယ်ဘဲမနေနိုင်တော့။
ရှီရှန်း သူ့ကို စိုက်ကြည့်လိုက်သည်။
'နင်ဘာကိုရယ်နေတာလဲ အမ်'
"ကျွန်မက ကျင်းဝမ်ပါ"
'သူက အနာဂတ်အထောက်အပံ့ကြီးရဲ့ဘက်ကပဲ၊ လျစ်လျူသာရှုထားလိုက်ပါ'
ဆုယီရှို့က စိတ်ပျော်ရွှင် အံ့သြနေသည့် အမူအရာနှင့်။ သူ့အသံက ယခင်ကထက်တောင် ပိုစိတ်လှုပ်ရှားနေသည်။
"ဒါဆို မစ္စကျန်းပေါ့ ကျွန်တော်က ဆုယီရှို့ပါ၊ လုချင်းယွင်ရဲ့ ငယ်သူငယ်ချင်းလဲဟုတ် ကလေးထိန်းလဲ ဟုတ်ပါတယ်"
ရှီရှန်း နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
'ငယ်သူငယ်ချင်းနဲ့ ကလေးထိန်း၊ ဒါတွေ ကိုက်ညီတာသေချာရဲ့လား ငါလေး ဗီလိန်တွေရဲ့ လောဂျစ်တွေကို နားမလည်တော့ပါဘူးနော်'
"အရင်တစ်ခေါက်က ကိစ္စအတွက် ကျေးဇူးတင်ပါတယ် မင်းကြောင့်သာ မဟုတ်ရင် လုချင်းယွင် အဲနေရာမှာ အဆင်ပြေမှာ မဟုတ်လောက်ဘူး။ မင်းမသိလောက်ပေမဲ့ သူ့တစ်ခုတည်းသော အားနည်းချက် အမောမခံနိုင်တာပဲ အလယ်တန်းတုန်းက..."
"မင်းပါးစပ်လေးပိတ်ထားလိုက်ရင် ပိုကြည့်ကောင်းသွားမှာပဲ" လုချင်းယွင်ကဆုယီရှို့ကိုဖြတ်ပြောလိုက်သည်။
"မပိတ်ရင်တောင် ငါက ချောနေတုန်းပဲ"
ဆုယီရှို့က ပြန်ခွန်းတုံ့ပြန်သော်ငြား အရင်စကားကို ဆက်မပြောတော့ပေ။
ရှီရှန်း "..."
'ဟိဟီ4 ငါခွေးတစ်ကောင့်ကို ဖာခ့်လိုက်ရသလိုခံစားလိုက်ရတယ် 5 ဗီလိန်စခန်းမှာ ဘယ်လိုလုပ် ချစ်စရာငတုံးလေး ရှိနေရတာလဲ'
"မစ္စကျန်း၊ ဒီည မင်းတစ်ယောက်တည်းလား"
လုချင်းယွင်က ဒီမိန်းကလေးကိုစိတ်ဝင်စားမှတော့ သူ့ကလေးထိန်း၊ လက်ထောက်၊ အချစ်ဆုံးသူငယ်ချင်းအနေနဲ့ ကူညီရမှာပေါ့လေ။
"ခဏတာတော့ ဟုတ်ပါတယ်"
ရှီမော့က ခုထိ ပေါ်မလာသေးပေ။ သူ ဘယ်ရောက်နေမှန်း သေချာမသိပေ။
"ဒါကောင်းလိုက်တာ၊ အာ...ကျွန်တော့်မှာ ကိစ္စလေးတွေ ရှိသေးလို့အရင်သွားနှင့်တော့မယ်၊ လုချင်းယွင်က ခုမှ နိုင်ငံခြားက ပြန်လာတာဆိုတော့ သူဒီနေရာနဲ့ သိပ်မရင်းနှီးသေးဘူး၊ မစ္စကျန်း သူ့ကို ဒီည စောင့်ကြည့်ပေးဖို့ ဒုက္ခ ပေးလို့ရမလားဟင်"
'ဘရို၊ငါမင်းကို ဒီအထိပဲ ကူညီပေးနိုင်တယ်နော်'
ရှီရှန်းက ဆုယီရှို့၏ စကားလုံးရွေးချယ်ပုံက တစ်ခုခုထူးဆန်းနေသည်ဟု ခံစားမိသည်။
"ဒါဆိုစိတ်ချလိုက်ပြီနော် မစ္စကျန်း မင်းက လူကောင်းပဲ ဒါဆို ကျွန်တော်အခုပြန်တော့မယ်"
ဆုယီရှို့က သူ့တစ်ဖက်သက်'စကားဝိုင်း'ကို အဆုံးသတ်လိုက်သည်။ သူက စိတ်မချသေးသည့်ဟန်ဖြင့် လုချင်းယွင်ကို သတိပေးလိုက်သေးသည်။
"လုချင်းယွင်က ငါမင်းကို အခုပြောမယ်နော်၊ တလွဲလုပ်မလာနဲ့ ငါတို့ သူငယ်ချင်းဆက်ဆံရေး ခံနိုင်မှာမဟုတ်ဘူး"
ဆုယီရှို့က တစ်ယောက်ယောက် သူ့နောက်လိုက်နေသည့်အလား တံခါးကနေပြေးထွက်သွားသည်။
ခုလေးတင် 'လူကောင်း' ကဒ်ကို ရထားသည့်ရှီရှန်း ဆွံ့အသွားတော့သည်။
'ဟေး၊ငါသဘောမတူရသေးတာကို နင်ကထွက်သွားတယ်ပေါ့လေ ဒါပေမဲ့... ဘာပဲဖြစ်ဖြစ် ငါငြင်းလိုက်မှာမှ မဟုတ်တာ'
__________________
Author MoLing's note:
Mini-Theater:
ရှီရှန်း: လုချင်းယွင်နဲ့ ဆုယီရှို့ကမှ တကယ့်စုံတွဲအစစ်ထင်တယ်၊ System ငါ hidden questကို ပြောင်းဖို့တောင်းဆိုတယ်
System: [ငြင်းပယ်ပါတယ်]
ရှီရှန်း: ...အိုကေ ဒါဆိုလည်း အတွဲတစ်တွဲကိုပဲ ဖြတ်ပါတော့မယ်လေ
System: [ဂွတ်ဂျော့- Hostရေ အဓိကအတွဲကို ဖြတ်ခိုင်းတာမဟုတ်ဘူးလေ ရပ်လိုက်ပါ!!!]
ကျေးဇူးပြုပြီး vote ပေးကြပါ~
______
Notes:
[1] အသိစိတ်ကို လောဘ၊ မနာလိုခြင်းစသဖြငိ့အရာတွေကဖုံးလွှမ်းသွားတာကိုဆိုတဲ့ idiomပါ
[2] ဒါ ဂယက်အနက်ရှိပါတယ်တဲ့ နောက်ပိုင်းကျပေါ်လာလိမ့်မယ်တဲ့
[3] ဒါကအဓိပ္ပာယ်နှစ်မျိုးသက်ရောက်တယ် တစ်ခုကလောကကြီးကိုဂရုစိုက်တာ (ဒါပေမဲ့ trsnslator က ရှီရှန်းဘာဆိုလိုလဲကို သံသယဝင်နေမိတယ် ရှီရှန်းက...အင်း ရှီရှန်းကိုး)
နောက်တစ်ခုကတော့ ရည်မှန်းချက်တွေ ကြီးကြီးမားမားရှိတယ်လို့ဆိုလိုတာ (ဥပမာ ကမ္ဘာကြီးကို သိမ်းပိုက်တယ်တို့ဘာတို့)
[4] rawsတွေမှာပြောထားတာက '呵呵'တဲ့
နင့်ယုတ္ဆိမရှိတာတွေကို ငါတော့ တော်တော်စိတ်ကုန်တယ်လို့ အများစုကပြောချင်တာပါ ဒါက ဗန်းစကားတစ်မျိုးပါပဲ ဟိဟီထက် ဟားဟားနဲ့ပိုပြီးအသံထွက်ဆင်ပါတယ်
[5] ဒါက တကယ် အတည်ပြောတာမဟုတ်ပါဘူး သူမ မယုံနိုင်တာကို အထူးပြုပြောလိုတဲ့သဘောနဲ့ပါ ဥပမာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်မိသလိုပေါ့ 'ဝှက်သယ်ဖက်'လို့ပြောတာနဲ့တူတူပါပဲ