Boss အဆိပ်​မပြင်းလွန်းနဲ့...

By Elysium_Gale

54.9K 9.5K 86

Side Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်​ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက... More

မိတ်​ဆက်
Synopsis
၂။ ရွှေပေါ်မြတင် (၂)
၃။ ရွှေပေါ်မြတင် (၃)
၎။ ရွှေပေါ်မြတင် (၄)
၅။ ရွှေပေါ်မြတင် (၅)
၆။ ရွှေပေါ်မြတင် (၆)
၇။ ရွှေပေါ်မြတင် (၇)
၈။ ရွှေပေါ်မြတင် (၈)
၉။ ရွှေပေါ်မြတင် (၉)
၁၀။ ရွှေပေါ်မြတင် (၁၀)
၁၁။ ရွှေပေါ်မြတင် (၁၁)
၁၂။ ရွှေပေါ်မြတင် (၁၂)
၁၃။ ရွှေပေါ်မြတင် (၁၃)
၁၄။ ရွှေပေါ်မြတင် (၁၄)
၁၅။ ရွှေပေါ်မြတင် (၁၅)
၁၆။ ရွှေပေါ်မြတင် (၁၆)
၁၇။ ရွှေပေါ်မြတင် (၁၇)
၁၈။ ရွှေပေါ်မြတင်​ (၁၈)
၁၉။ ရွှေပေါ်မြတင် (၁၉)
၂၀။ ရွှေပေါ်မြတင် (၂၀)/သိမ်း
၂၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁)
၂၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂)
၂၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)
၂၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)
၂၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)
၂၆။ ကြယ်တစ်ပွင့်၏ ဇာတ်​ကြောင်း (၆)
၂၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၇)
၂၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၈)
၂၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၉)
၃၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
၃၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၁)
၃၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၂)
၃၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)
၃၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၄)
၃၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)
၃၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၆)
၃၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)
၃၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)
၃၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)
၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)
၄၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
၄၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)
၄၃။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၃)
၄၄။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၄)
၄၅။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၅)
၄၆။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၆)
၄၇။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၇)
၄၈။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၈)
၄၉။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၉)
၅၀။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၃၀)
၅၁။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၃၁)/ သိမ်း
၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)
၅၃။ ဇာမဏီ၏ ခွန်းသံသာ (၂)
၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)
၅၅။ ဇာမဏီ၏ ခွန်းသံသာ (၄)
၅၆။ ဇာမဏီ၏ ခွန်းသံသာ (၅)
၅၇။ ဇာမဏီ၏ ခွန်းသံသာ (၆)
၅၈။ ဇာမဏီ၏ ခွန်းသံသာ (၇)
၅၉။ ဇာမဏီ၏ ခွန်းသံသာ (၈)
၆၀။ ဇာမဏီ၏ ခွန်းသံသာ (၉)
၆၁။ ဇာမဏီ၏ ခွန်းသံသာ (၁၀)
၆၂။ ဇာမဏီ၏ ခွန်းသံသာ (၁၁)
၆၃။ ဇာမဏီ၏ ခွန်းသံသာ (၁၂)
၆၄။ ဇာမဏီ၏ ခွန်းသံသာ (၁၃)
၆၅။ ဇာမဏီ၏ ခွန်းသံသာ (၁၄)
၆၆။ ဇာမဏီ၏ ခွန်းသံသာ (၁၅)
၆၇။ ဇာမဏီ၏ ခွန်းသံသာ (၁၆)
၆၈။ ဇာမဏီ၏ ခွန်းသံသာ (၁၇)
၆၉။ ဇာမဏီ၏ ခွန်းသံသာ (၁၈)
၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)
၇၁။ ဇာမဏီ၏ ခွန်းသံသာ (၂၀)
၇၂။ ဇာမဏီ၏ ခွန်းသံသာ (၂၁)
၇၃။ ဇာမဏီ၏ ခွန်းသံသာ (၂၂)
၇၄။ ဇာမဏီ၏ ခွန်းသံသာ (၂၃)
၇၅။ ဇာမဏီ၏ ခွန်းသံသာ (၂၄)
၇၆။ ဇာမဏီ၏ ခွန်းသံသာ (၂၅)
၇၇။ ဇာမဏီ၏ ခွန်းသံသာ (၂၆)
၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)
၇၉။ ဇာမဏီ၏ ခွန်းသံသာ (၂၈)
၈၀။ ဇာမဏီ၏ ခွန်းသံသာ (၂၉)
၈၁။ ဇာမဏီ၏ ခွန်းသံသာ (၃၀)
၈၂။ ဇာမဏီ၏ ခွန်းသံသာ (၃၁)
၈၃။ ဇာမဏီ၏ ခွန်းသံသာ (၃၂)
၈၄။ ဇာမဏီ၏ ခွန်းသံသာ (၃၃)
၈၅။ ဇာမဏီ၏ ခွန်းသံသာ (၃၄)
၈၆။ ယုရှောင်း
၈၇။ ဧကရီ အနက်ရောင် (၁)
၈၈။ ဧကရီ အနက်​ရောင်​ (၂)
၈၉။ ဧကရီ အနက်ရောင် (၃)
၉၀။ ဧကရီ အနက်​ရောင်​ (၄)
၉၁။ ဧကရီ အနက်​ရောင်​ (၅)
၉၂။ ဧကရီ အနက်​ရောင်​ (၆)
၉၃။ ဧကရီ အနက်​ရောင်​ (၇)
၉၄။ ဧကရီ အနက်​ရောင်​ (၈)
၉၅။ ဧကရီ အနက်​ရောင်​ (၉)
၉၆။ ဧကရီ အနက်​ရောင်​ (၁၀)
၉၇။ ဧကရီ အနက်​ရောင်​ (၁၁)
၉၈။ ဧကရီ အနက်​ရောင်​ (၁၂)
၉၉။ ဧကရီ အနက်​ရောင်​ (၁၃)
၁၀၀။ ဧကရီ အနက်​ရောင်​ (၁၄)
၁၀၁။ ဧကရီ အနက်​ရောင်​ (၁၅)
၁၀၂။ ဧကရီ အနက်​ရောင်​ (၁၆)
၁၀၃။ ဧကရီ အနက်​ရောင်​ (၁၇)
၁၀၄။ ဧကရီ အနက်​ရောင်​ (၁၈)
၁၀၅။ ဧကရီ အနက်​ရောင်​ (၁၉)
၁၀၆။ ဧကရီ အနက်​ရောင်​ (၂၀)
၁၀၇။ ဧကရီ အနက်ရောင် (၂၁)
၁၀၈ ။ ဧကရီ အနက်ရောင် (၂၂)
၁၀၉ ။ ဧကရီ အနက်ရောင် (၂၃)
၁၁၀ ။ ဧကရီ အနက်ရောင် (၂၄)
၁၁၁ ။ ဧကရီ အနက်ရောင် (၂၅)
၁၁၂။ ဧကရီအနက်ရောင် (၂၆)
၁၁၃။ ဧကရီအနက်ရောင် (၂၇)
၁၁၄။ ဧကရီအနက်ရောင် (၂၈)
၁၁၅။ ဧကရီအနက်ရောင် (၂၉)
၁၁၆။ ဧကရီအနက်ရောင် (၃၀)
၁၁၇။ ဧကရီ အနက်​ရောင်​ (၃၁)
၁၁၈။ ဧကရီ အနက်​ရောင်​ (၃၂)
၁၁၉။ ဧကရီ အနက်​ရောင်​ (၃၃)
၁၂၀။ ဆေးမှန်​မှန်​သောက်​ (၁)
၁၂၁ ။ ဆေးမှန်မှန်သောက် (၂)
၁၂၂။ ဆေးမှန်မှန်သောက် (၃)
၁၂၃ ။ ဆေးမှန်မှန်သောက် (၄)
၁၂၄ ။ ဆေးမှန်မှန်သောက် (၅)
၁၂၅ ။ ဆေးမှန်မှန်သောက် (၆)
၁၂၆ ။ ဆေးမှန်မှန်သောက် (၇)
၁၂၇။ ဆေးမှန်မှန်သောက် (၈)
၁၂၈ ။ ဆေးမှန်မှန်သောက် (၉)
၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

၁။ ရွှေပေါ်မြတင် (၁)

2.4K 141 2
By Elysium_Gale

ရွှေပေါ်မြတင် (၁)
~~~~~~~~~~~~~

ရှီရှန်းသည် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Cliff- hanger များရေးရသည်ကို နှစ်သက်သော စာရေးဆရာဖြစ်ပြီး ရေးလက်စစာအုပ်ပေါင်းများစွာ ဆက်မရေးတော့ဘဲ တန်းလန်းထားခဲ့သူမျိုးလည်း ဖြစ်သည်။ ဇာတ်လိုက်များကို သေခိုင်းသည့် မိထွေးနှင့်တူသော စာရေးဆရာမျိုး။ ယနေ့လို သာယာလှပသော နေ့ကလေးတွင်တော့ သူမ တစ်ခု နားလည်လိုက်သည်။

cliff-hanger ရေးတဲ့ author တွေ အပြစ်ပေးခံရမယ်တဲ့၊

သူမ အခု စာအုပ်ပုံစံ လူ့အရပ်၏ တစ်ဝက်ခန့်ရှိသည့် မှန်ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသည်။ ပြီးတော့ သူမ၏ခေါင်း အနည်းငယ်ကိုက်လာတာကို ခံစားရသည်။

သူမ သေသေချာချာ မှတ်မိနေတာက ခုနကလေးတင် သူမ၏ စာဖတ်သူများနှင့် ဇာတ်လိုက်မင်းသားက ဇာတ်ပို့ကြောင့် ဂေးဖြစ်သွားရပြီး အဲဒီဇာတ်ပို့ကတော့ ဇာတ်လိုက်မင်းသမီးကြောင့် ပြန်ဖြောင့်သွားကာ မင်းသားတစ်ယောက် ပျင်းစရာကောင်းပြီး စိတ်ဓာတ်ကျဖွယ်ဘဝကို အတင်း တွန်းပို့ခံလိုက်ရသည့် အကြောင်းကို အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။ ဆိုတော့ကာ၊ အဲဒီ့ငြင်းခုံပွဲကနေ သူမကဘာလို့ ဒီနေရာကို ရောက်လာရတာလဲ၊

'ငါ ပြန်သွားချင်တယ်'

[ပြန်သွားဖို့ အခြေအနေတွေကို သတ်မှတ်ထားပြီးပါပြီ၊ စဉ်းစားဖို့ ၅စက္ကန့်အချိန်ရပါတယ်၊ အကယ်၍ ၅စက္ကန့်အတွင်းမှ မဆုံးဖြတ်ဘူးဆိုရင် hostကိုအပြီးသတ်ဖယ်ရှားပါမယ်] စက်ရုပ်ကဲ့သို့ ခံစားချက်မရှိသည့် အသံတစ်ခုက အေးစက်စက်ထွက်ပေါ်လာသည်။

ရှီရှန်း

"..."

'ထင်ထားတဲ့အတိုင်းပဲ၊ systemစုတ်၊ ဟိုဟာကိုလည်း အဆုံးသတ်မယ်၊ ဒီဟာကိုလည်း ဖယ်ရှားပစ်မယ်နဲ့၊ ဘယ်လောက်ရက်စက်လိုက်သလဲ'

ထိုစဉ်မှာပဲ အချိန်ရေတွက်သည့်စက်က ဖန်သားပြင်ရှေ့မှာ ထွက်ပေါ်လာသည်။ [၅...၄...၃]

"ကောင်းပြီ၊ ကောင်းပြီ"

အသက်ရှင်သန်ဖို့အတွက် ရှီရှန်း သူမ မာန ဂုဏ်သိက္ခာကို ခဝါချလိုက်သည်။

'ငါ cliff-hanger တွေ twisted plot တွေရေးဖို့ ပြန်သွားချင်တယ်၊ ပြီးတော့ ငါ့အဓိကဇာတ်လိုက်တွေကိုလည်း သတ်ပစ်ရဦးမယ်။ *ရွှတ်* ဘယ်သူက ငါ့ကို မိထွေးauthor ဖြစ်လာဖို့ ပြောခဲ့တာလဲ'

စာရေးသူတစ်ယောက်ပီပီ သူမလည်း system အမျိုးအစား ဝတ္ထုတွေကို မရင်းနှီးဘဲ မနေဘူး။ သူမ တစ်ခါတုန်းကတောင် ဒီဝတ္ထုအမျိုးအစားကို ရေးဖူးသေးတယ်။ *အဟွတ်* သူမ ပြီးအောင်မရေးဘဲ တန်းလန်းထားခဲ့ပေမဲ့လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါ သူမ ရင်းနှီးတဲ့ ဝတ္ထုအမျိုးအစားပါပဲ။

အဲဒီ့အချိန်မှာ စက္ကန့်ရေတွက်သည့် နံပါတ်များက ဖန်သားပြင်ပေါ်မှ ပျောက်သွားပြီး စာကြောင်းတချို့ပေါ်လာတယ်။

အမည် : ရှီရှန်း

ကိုယ်ကျင့်တရားဆိုင်ရာ ရမှတ် : -100,000

အကျိုးပြုကူညီမှုဆိုင်ရာ ရမှတ် : 0

"ဘာကြီးလဲ၊ အဲ့သလောက် ရိုးရှင်းတယ်လား 'ဉာဏ်ပညာ' 'တိုက်ပွဲစွမ်းရည်' 'စိတ်ကြံ့ခိုင်မှု' ဒါတွေကော ဘယ်မှာလဲ၊ ဒါ systemအမျိုးအစား ဝတ္ထုပုံစံနဲ့ မကိုက်ညီဘူး၊ ပြီးတော့ ငါ့ကိုယ်ကျင့်တရားဆိုင်ရာ ရမှတ်က ဘာလို့ အနုတ် တစ်သိန်းဖြစ်နေရတာလဲ"

အဲဒီ သုညအတန်းလိုက်ကို ကြည့်နေစဉ် ရှီရှန်း ပိုပြီးခေါင်းကိုက်လာတာကို ခံစားရမိသည်။ သူမ ပြန်နိုင်ဖို့ဆို ဒီသုညအတန်းလိုက်ကြီးကို ဖြုတ်ပစ်ရမည်။ မည်သည့်အချိန်ကျမှ သူပြန်သွားနိုင်မည်ကို စဉ်းစားမရနိုင် ဖြစ်နေလေသည်။

'ငါ လူလည်းမသတ်ခဲ့ဘူး... မီးလည်းမရှို့ခဲ့ပါဘဲနဲ့ ဘာလို့အဲလောက်အမှတ်က အနှုတ်ကိုမှ သုညအများကြီးဖြစ်နေတာလဲ'

[Author တွေက ဘုရားသခင်လိုပဲ၊ သူတို့ရဲ့ဇာတ်ဆောင်တွေကို အကုန်ဖြည့်ဆည်းပေးနိုင်တယ်၊ သူတို့ဘဝတွေကနေ သူတို့အကျင့်စရိုက်တွေ အထိ ပုံဖော်နိုင်တယ်၊ ပြီးတော့ ကမ္ဘာတစ်ခုဖန်တီးပြီး အဲဒီ့ကမ္ဘာတွေက အဓိကဇာတ်လိုက်တွေအတွက် အထူးအခွင့်အရေးတွေ ကံကောင်းခြင်းတွေကို ဖြည့်ဆည်းပေးတယ်၊

ဒါပေမဲ့ အဓိကဇာတ်လိုက်တိုင်းကတော့ သူတို့ရတဲ့အခွင့်အရေးတွေကို ဉာဏ်ရှိရှိသုံးနိုင်တဲ့ အကျင့်စရိုက်ကောင်းတွေ မရှိကြဘူး၊ အဲဒီတော့ မတရားခံပြီး သေသွားတဲ့ ဗီလိန်တွေရဲ့ နာကျည်းမှုကြောင့် အဲဒီ့ကမ္ဘာတွေ ပျက်စီးကြရတယ်၊

Hostရဲ့အလုပ်က အဲဒီ့ကမ္ဘာတွေထဲကို ဗီလိန်နေရာက ဝင်ပြီး သူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရင်း သူတို့ မတရားခံရတာကိုလည်း ဖြေရှင်းပေးရမယ်၊]

'ရှင်းရှင်းပြောရရင် အဓိကဇာတ်လိုက်တွေက ကောင်းတဲ့ဇာတ်လိုက်တွေ မဟုတ်လို့ပေါ့'

"နင် ငါ့ကို ဘာလို့ ငါ့ကိုယ်ကျင့်တရားဆိုင်ရာအမှတ်က အနုတ်တစ်သိန်းဖြစ်နေတာလဲဆိုတာ မပြောရသေးဘူးနော် "

ဒါ သူမ ကမ္ဘာကို ပြန်သွားနိုင်ဖို့ အရေးအကြီးဆုံး အဓိကအချက်ပဲလေ။

[hostရဲ့ ကိုယ်ကျင့်တရားဆိုင်ရာအမှတ် အနုတ်၂သိန်းထက်များသွားတာနဲ့ hostကို ဖယ်ရှားပစ်မှာပါ၊]

'ဘာ...အကန့်အသတ်က ရှိသေးတယ်လား၊ နင် ငါ့ကိုနောက်နေတာမလား...'

[ကူးပြောင်းမှုကို စတင်နေပါပြီ၊]

"ဖာ့ခ် 'ဘာလို့ ဒီ system က ပုံမှန်မဟုတ်သလို ခံစားနေရတာလဲ... ဟေ့၊ taskတွေပြီးရင် ရမဲ့ဆုတွေအကြောင်း မပြောရသေးဘူးလေ၊ ငါ့အတွက် beginner's package ကော ငါ့အတွက် လမ်းညွှန်ကော မပေးတော့ဘူးလား၊ ငါ့ရဲ့ cheat တွေကော...??'

ရှီရှန်းမှာ system ကို ဆဲဆိုဖို့ အချိန်ခဏပဲရလိုက်ပြီး သူမ၏ အမြင်အာရုံတစ်ခုလုံး အမှောင်ဖုံးသွားတာကို ခံစားလိုက်ရသည်။

"မမလေး၊ ကျွန်မတို့ရောက်ပါပြီ"

နူးညံ့ညင်သာသည့် မိန်းမအသံတစ်ခုက ရှီရှန်းနား အနားကပ်ပြောလိုက်တာ ကြားလိုက်ရသည်။

ရှီရှန်း မျက်လုံးတွေဖွင့်လိုက်တော့ သူမ အခုကားတစ်စီးပေါ်မှာ ထိုင်နေတာသိလိုက်ရ၏။ အမျိုးသမီး တစ်ယောက်က ကားတံခါးဖွင့်ပြီး သူမကို ဆင်းလာရန် ပြောနေတာဖြစ်သည်။

အခုတော့ ရှီရှန်း အရမ်းကို ဆွံ့အနေမိပြီ။

'System စုတ်က ငါ့ကို ဘာမှသေချာတောင် မရှင်းပြဘဲ ဇာတ်လမ်းတစ်ခုထဲကို ပစ်ထည့်လိုက်တယ်ပေါ့၊ ဖာ့ခ် ငါလည်း နင့်ကို review မကောင်းမကန်းပဲ ရေးပေးတော့မယ်'

"မမလေး၊ နေမကောင်းလို့လားဟင်"

ရှီရှန်း၏ မျက်နှာအမူအရာ သိပ်မကောင်းတာကြောင့် သူမမေးလာသည်။

"ကားထဲမှာပဲ ခဏနားနေဦးမလား၊ ပါတီက ခုထိတော့ မစသေးပါဘူး "

"အင်း"

'စိတ်လျှော့၊ စိတ်လျှော့၊ ငါလေး[၁]က အခု တခြားသူရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာ'

အဲဒီ့အမျိုးသမီး၏ စကားက ရှီရှန်း အခုလက်ရှိခန္ဓာကိုယ်\ အချက်အလက်များ၊ မှတ်ဉာဏ်များရဖို့ အချိန် အလုံအလောက်ပေးလိုက်တာပဲ ဖြစ်သည်။

သူမက တံခါးကို ပြန်ပိတ်ပြီး ကားအရှေ့ခန်းမှာ ပြန်သွားထိုင်နေသည်။ ရှီရှန်း အလျင်အမြန်ပဲ အချက်အလက်များ လက်ခံဖို့ မျက်လုံးပိတ်လိုက်သည်။

[ဇာတ်လမ်းအကြောင်းအရာနဲ့ ဇာတ်ကောင်ရဲ့မှတ်ဉာဏ်ကို ရရှိလိုပါသလား။ အင်း၊ ဟင့်အင်း]

System၏ အေးစက်စက် စက်ရုပ်အသံ ထွက်ပေါ်လာသည်။ ရှီရှန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး အင်းဟု ဖြေလိုက်သည်။

[ဇာတ်လမ်းအကြောင်းအရာကို ပို့ဆောင်နေသည်]

ရှီရှန်း၏ခေါင်းထဲတွင် သံမှုန်အပိုင်းအစများဖြင့် ရုတ်တရက် ထုနှက်ခံလိုက်ရသလို မရေတွက်နိုင်သည့် ပုံရိပ်များ ပြည့်နှက်သွားပြီး သိပ်ကို နာကျင်လာသည်။ သူမ အခြေအနေကို ကားရှေ့ထိုင်ခုံကလူ သတိမထားမိအောင် အံကို ကြိတ်ထားလိုက်ရသည်။

ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်က ရွှီချန်းယွဲ့ဆိုသည့် မိန်ကလေးတစ်ယောက်ဖြစ်ပြီး သူမက ချမ်းသာသည့်မိသားစုမှာ မွေးဖွားလာကာ အလိုလိုက်ခံထားရသော မမလေး ဖြစ်သည်။ သူမက တက္ကသိုလ် တက်တက်ချင်းမှာပဲ နန်ကုန်းကျင်းနှင့် စေ့စပ်လိုက်ရသည်။

ပုံမှန်အတိုင်းဆိုလျှင် ရွှီမိသားစုက နန်ကုန်းမိသားစု၏ ကြွယ်ဝမှုကို လိုက်မမီပေ။ သို့သော် ကံကောင်းစွာပဲ သူတို့ အဖိုးအဖွားများ လူကြီးချင်း ကတိပြုထားတာ ရှိသောကြောင့် သူမ နန်ကုန်းကျင်းနှင့် စေ့စပ်နိုင်ခဲ့သည်။ သို့သော် နန်ကုန်းကျင်းကတော့ သူ့ သတို့သမီးလောင်းကို သဘောမကျဘဲ အမြဲ အေးစက်စက်ဆက်ဆံခဲ့၏။

သို့သော်ငြား ရွှီချန်းယွဲ့ကတော့ နန်ကုန်းကျင်းကို တကယ်ပဲ သဘောကျနေခဲ့သည်။ သူမ ခဏခဏ အငြင်းခံရသော်လည်း ဘယ်တော့မှ လက်မလျှော့ခဲ့ပေ။ သူဌေးသမီးဆိုသည့် မာနများဟာလည်း နန်ကုန်းကျင်းနှင့် ရင်ဆိုင်တွေ့လိုက်ပြီ ဆိုသည်နှင့် အကုန်ပျောက်သွားသည်။ နန်ကုန်းကျင်း၏ အကြိုက်နှင့် မကြိုက်တာများ ပြောခဲ့သည့် စကားများကအစ သူမ အကုန်လုံး မှတ်မိနေသည်။

ရွှီချန်းယွဲ့ထင်တာက သူမ၏ အားထုတ်ကြိုးစားမှုများက တစ်နေ့မှာ နန်ကုန်းကျင်း သူမ အပေါ် စိတ်လည်လာအောင် လုပ်ဆောင်နိုင်မည်ဟု ရွှီချန်းယွဲ့ ထင်ခဲ့သည်။ သို့သော် စုယိယိ ပေါ်လာချိန် အထိတောင် နန်ကုန်းကျင်းက သူမကို နည်းနည်းလေးတောင် သဘောမကျလာခဲ့ပေ။

အေးစက်ပြီး စိမ်းကားသော နန်ကုန်ကျင်းက စုယိယိနှင့်ဆိုလျှင်တော့ နွေးထွေးပြီး စာနာတတ်သည့်သူ တစ်ယောက်ဖြစ်သည်။ အဲဒီ့အချိန်အထိတောင် ရွှီချန်းယွဲ့က လက်လျှော့ဖို့ စိတ်မကူးသေးဘဲ စုယိယိကို သူက နန်ကုန်းကျင်း၏ သတို့သမီးလောင်းဖြစ်သောကြောင့် နန်ကုန်းကျင်းနှင့် ဝေးဝေးနေဖို့ သတိပေးခဲ့သည်။

နန်ကုန်းကျင်းမှာ သတို့သမီးလောင်းရှိတာကို သိသွားသည့် စုယိယိက နန်ကုန်းကျင်းကို စပြီးတော့ ရှောင်လာတော့သည်။ နန်ကုန်းကျင်းက ရွှီချန်းယွဲ့ ခြိမ်းခြောက်လိုက်သောကြောင့် သူ့ကို စုယိယိ ရှောင်နေကြောင်း သိသွားချိန်မှာတော့ စေ့စပ်ပွဲကို ဖျက်ရန် ကြိုးစားတော့သည်။

သေချာတာပေါ့။ ဒါ ရွှီချန်းယွဲ့ လုံးဝမဖြစ်စေချင်သည့် ကိစ္စပင်။ သူမ ငိုယိုပြီး အမျိုးမျိုး တောင်းပန်ခဲ့သည်။ သို့သော် နန်ကုန်းကျင်း၏ စေ့စပ်ပွဲဖျက်ချင်သည့် ဆန္ဒကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။

အဲဒီအချိန်မှာ စုယိယိကို နန်ကုန်းကျင်းက သူ့ဘေးကို ပြန်ခေါ်ထားသည်။ ရွှီချန်းယွဲ့က စွပ်စွဲသည့်အခါမှာ စုယိယိက သူကပဲ အမှားလုပ်ထားမိသောကြောင့် စိတ်မကောင်းဖြစ်သည့်ပုံစံနှင့် ရိုးသားပြီး အပြစ်ကင်းသော ပန်းပွင့်ဖြူလေးဟန် လုပ်နေသည်။ ပြီးတော့ နန်ကုန်းကျင်းနားက ထွက်သွားဖို့ သူ အမြဲကြိုးစားနေကြောင်း သိသာအောင်ပြောပြခဲ့သည်။ သို့သော် ထိုသို့ ပြောပြီးသည့်တိုင် ဘာမှ မပြောင်းလဲသွားပေ။ သူတို့နှစ်ယောက်က ပိုပြီးတောင် ပေါ်ပေါ်ထင်ထင် ချစ်ပြ ကျီစယ်ပြနေကြသေးသည်။

ဒါကို ရွှီချန်းယွဲ့က သည်းမခံနိုင်တော့သည့်အခါ နန်ကုန်းကျင်း၏ မိဘများကို စုယိယိအကြောင်း ပြောပြခဲ့သည်။ စုယိယိက သာမာန်မိသားစုမှ လာကြောင်း မိဘများ သိသွးသည်။ သူမ ခန့်မှန်းထားသည့် အတိုင်းပင် သူ့မိဘများက သူတို့သားကို သာမာန်မိသားစုက မိန်းကလေးနှင့် သဘောမတူနိုင်ကြပေ။

နောက်ဆုံးတော့ နန်ကုန်းကျင်းက ရွှီချန်းယွဲ့အပေါ် သည်းခံနိုင်စွမ်း ကုန်ခမ်းသွားသည်။ စုယိယိအကြောင်း သူ့မိဘများဆီ သူမ သွားပြောလိုက်တာက ရွှီမိသားစုအပေါ် သူ့လက်ကျန် ညှာတာမှုကို ဖျက်ဆီးပစ်လိုက်တာပဲဖြစ်သည်။ သူ့လက်ချက်ကြောင့် ရွှီမိသားစုကုမ္ပဏီ ဒေဝါလီခံဖို့ ဖြစ်လာခဲ့သည်။ နန်ကုန်းကျင်းက ရွှီမိသားစုကို မကူညီဖို့ရာ သတိပေးထားသောကြောင့် မည်သူမျှ မကူညီရဲကြပေ။ တချို့ဆိုလျှင် ပိုပြီးတောင် ဆိုးသွားအောင် ရေနစ်သူ ဝါးကူထိုးကြသေးသည်။

အဲဒီအချိန်မှာပဲ ရွှီချန်းယွဲ့၏ အဖေနှင့် အမေက ကားတိုက်ပြီး ဆုံးသွားကြသည်။ ရွှီချန်းယွဲ့ခမျာ ရွှီမိသားစုတစ်ခုလုံး၏ ပြဿနာကို ရှင်းရန် တာဝန်ယူရတော့သည်။ သူ့လို ဘဝတစ်လျှောက်လုံး အလိုလိုက်ခံခဲ့ရသည့် မမလေးတစ်ယောက်က ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။

ထို့ကြောင့် နန်ကုန်းကျင်းကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် နန်ကုန်းကျင်းအစား စုယိယိကိုပဲ တွေ့ခဲ့ရသည်။ ထိုစဉ်က သူဟာ အသည်းကွဲသည့်ဒဏ်ကော တခြားဝမ်းနည်းစရာ ကိစ္စများပါ စုပြီး အခြေအနေမကောင်းသည့် အချိန်ဖြစ်နေခဲ့သည်။ သူမက မတ်တတ်တောင် ကောင်းကောင်း မရပ်နိုင်ဘဲ ယိုင်လဲသွားသောကြောင့် ဘေးမှာရှိသည့် စုယိယိကို ဝင်တိုက်မိပြီး လှေကားပေါ်က တွန်းချမိသလိုဖြစ်သွားခဲ့သည်။ စုယိယိမှာ နန်ကုန်းကျင်း၏ ကလေး လွယ်ထားရပြီး သူမကြောင့် ကိုယ်ဝန်ပျက်ကျသွားမည်မှန်း မည်သူက သိခဲ့မည်နည်း။

နန်ကုန်းကျင်းတစ်ယောက် အရမ်းကို တုန်လှုပ်သွားပြီး ဒေါသထွက်သွားသည်။ ထိုကိစ္စကြောင့် သူ့နောက်ဆုံးလက်ကျန် ခံစားချက်လေးပါ ပြတ်တောက်သွားပြီး သူတို့ဆက်ဆံရေးကို ရပ်စဲပစ်လိုက်သည်။ ရွှီမိသားစုက လုံးဝပျက်စီးသွားကာ ရွှီချန်းယွဲ့လည်း အကြွေးရှင်များ နှိပ်စက် စော်ကားတာခံရပြီး နောက်ဆုံး သေသွားတော့သည်။

နန်းကုန်းကျင်းကို ကြိုက်ခဲ့မိသောကြောင့် သူမ ကံကြမ္မာ ထိုကဲ့သို့ ဖြစ်ခဲ့ကြောင်း မသေခင် အချိန်လေးမှာပင် သူမ သဘောပေါက်သွားခဲ့သည်။ သူမကို နန်ကုန်းကျင်း ပြန်မကြိုက်နိုင်မှန်း စောစောစီးစီး သဘောပေါက်ပြီး နန်ကုန်းကျင်းနောက် တကောက်ကောက်မလိုက်ဘူးလျှင် ရွှီမိသားစု ကုမ္ပဏီလည်း ဒေဝါလီခံရမှာမဟုတ်ပေ။ သူမ၏ မိဘနှစ်ပါး မသေတာလည်း ဖြစ်နိုင်သည်။ သူမလည်း ထိုမျှ ဆိုးရွားသည့်ကံကြမ္မာနှင့် သေရမှာ မဟုတ်မှန်း သူမ သဘောပေါက်သွားခဲ့သည်။

__________________________

Notes:

[၁] '本宝宝' ပန်ပေါင်းပေါင် '本' or 'ben' (ပန်) နဲ့ မိမိကိုယ်ကို အစခေါ်တာဟာ ကိုယ့်ကိုယ်ကို မြင့်မြတ်ကြောင်း၊ သူများထက်သာလွန်သော နေရာမှာ ရှိကြောင်း အလေးအနက်ပြုတဲ့သဘောပါ။ ဒီနေရာမှာ ရှီရှန်းက သူမကိုယ်ကိုယ် "ဒီကလေး" လို့ ပြောပါတယ်။ ဒါပေမဲ့ နားထောင်ရသိပ်မကောင်းတဲ့အပြင် ဘာသာပြန်ရသိပ်မချောလို့ "ငါလေး" လို့ပဲ ပြန်လိုက်ပါမယ်။

Mo Ling's Notes:

အဓိက ဇာတ်လိုက်အကြောင်း ~ ရှီရှန်းက လူကောင်းမဟုတ်ပါ။ သူမက လူ့အဖွဲ့အစည်းအပေါ် အငြိုးထားနေသူဖြစ်သည်။ သူမ အခြေအနေမကောင်းလျင်၊ အဆင်မပြေလျှင် တခြား သူများကိုလည်း သူမနှင့်အတူ ဆွဲချသွားမည့်သူမျိုး ဖြစ်လေသည်။ ဇာတ်လိုက်တိုင်း လူကောင်း မဟုတ်ပါ။ စိတ်ထားမကောင်းကြပါ။

သတိပေးပြီးပြီနော်...

Continue Reading

You'll Also Like

2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
240K 39.1K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
282K 16.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
204K 6.1K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...