Part 3

2.7K 220 5
                                    

Unicode

"ဟာ သွားပီ''

ရှောင်းကျန့်ကျောင်းကိုလာတဲ့လမ်းမှာစက်ဘီးချိန်းကျသွားတာမို့ညီးလိုက်မိသည်။ဒီနေ့အိမ်ကထွက်တာလဲနောက်ကျတာမို့အမြန်ပဲနင်းလာလိုက်မိတာ စက်ဘီးကနဂိုတည်းကစုတ်ချင်နေတော့လမ်းတစ်ဝက်မှာတင်ချိန်းကျပီ။

အဲ့တာနဲ့ပဲစက်ဘီးကိုရပ်ပီးချိန်းတင်ဖို့ပြင်ရတော့တယ်။တင်လို့ပီးတော့ဆက်နင်းလာတာခနပဲရှိသေးတယ်ချိန်းကထပ်ကျသွားပြန်တယ်။

"သွားပါပီကွာ ဒီနေ့ကtutorialချိန်ရှိတာကို''

မျက်နှာမှာလဲချွေးတွေကထွက်လာတာမို့မေ့ပီးလက်ပေပေနဲ့ပဲသုတ်မိလိုက်တယ်။

"ဟေး ရုပ်ဆိုးကောင် ဘာရပ်လုပ်နေတာလဲ''

ဒီအသံ?? ဟိုကောင့်အသံပဲ....ရာရာစစငါ့ကိုများရုပ်ဆိုးတယ်လေးဘာလေးနဲ့

စကားပြန်မပြောချင်တာကြောင့်လုပ်လက်စကိုသာဆက်လုပ်နေလိုက်တယ်။ဒီလိုကောင်ကိုအဖက်လုပ်ပြောမနေဘူး အလကားတေလေဂျပိုးကောင် ကျောင်းမသွားဘဲအလေလိုက်နေတာ။

"ခင်ဗျားနားပင်းနေလား ဟမ်! ဒါမှမဟုတ်အသွားတာလား မေးနေတာပြန်ဖြေလေ''

"ဘာကိစ္စမင်းမေးတာဖြေရမှာလဲ ကိုယ့်လမ်းကိုယ်သွားစမ်းပါ ငါ့ကိုလာမနှောက်နဲ့''

"............''

ဝမ်ရိပေါ်သူ့ကိုဘုကန့်လန့်ပြန်ဖြေလာတာကြောင့်ဆက်ပြောဖို့ပြင်တုန်းမှာပဲ ဒီဘက်လှည့်လာတဲ့ရုပ်ကြောင့်ခနတော့ကြောင်သွားတယ်။

ဟားဟားကြည့်စမ်းပါအုံး ရုပ်ကဆိုးရတဲ့ကြားထဲမျက်နှာမှာအမဲကြောင်းကြီးနဲ့ တကယ့်ကိုရုပ်ကဆိုးပိန်းဥ

"ဘာကြည့်နေတာလဲ သွားလေ!"

"သူ့ကိုတော်တော်ကြည့်ချင်နေတယ်များထင်နေလားမသိဘူး သွားမှာစိတ်ချ ရုပ်ကကြောင်ချီးရုပ်နဲ့ ကိုယ့်ရုပ်ကိုယ်လဲမှန်ထဲပြန်ကြည့်လိုက်အုံး အဟက်''

"အားးဝမ်ရိပေါ်! မင်းတော့အသေပဲ!"

ပြောပီးတာနဲ့စီးလာတဲ့ဖိနပ်ကိုဆွဲချွတ်ပီးပေါက်ဖို့ကြံတော့ ဟိုကောင်ကသွားနှင့်ပီ။တွေ့တာမှ၂ရက်ပဲရှိသေးတယ် ဆုံလိုက်တိုင်းအပေါက်အလမ်းကမတည့် လူတကာနဲ့အဆင်ပြေအောင်နေတတ်တဲ့ကိုယ့်ကိုတောင်စိတ်တိုအောင်လာလုပ်နိုင်တာ ပေါ့သေးသေးတော့မဟုတ်ဘူး။ကိုယ်ကဆရာဆိုတဲ့ဂုဏ်ကိုလဲထည့်မတွက်နိုင်တော့ဘူး သူတောင်ကိုယ့်ကိုဆရာလိုသဘောမထားတာ ကိုယ်ကလဲတပည့်လိုဆက်ဆံဖို့ကဝေးပေါ့။

Ugly Sexy Cuty BabyWhere stories live. Discover now