Part 16

2.1K 154 1
                                    

Unicode

စစရောက်သည့်ညမှာပဲ ရှောင်းကျန့်တို့အတော်ပင်ဒုက္ခခံလိုက်ရသည်။
ညရောက်သည့်အခါ ကိုယ့်မှာခြေထောက်နာတာကတစ်မျိုး အောက်ဆင်းအိပ်တော့ကျောနာကတစ်မျိုးနှင့် ကသိကအောက်ဖြစ်စွာအိပ်မရခဲ့။
ဒါ့အပြင်ကိုမှ ဟိုကောင်လေးကကုတင်ပေါ်မှာ အသံတွေမျိုးစုံထွက်အောင်လူးလှိမ့်နေလိုက် ငုတ်တုပ်ကြီးထထိုင်လိုက်နှင့် တော်တော်လေးကိုအလုပ်များနေသည်။

ခဏတော့တိတ်သွားပြန်သည်။အဲ့တော့သူလဲ သက်ပြင်းချပီးအိပ်ဖို့ပြင်ရသည်။

"ရှောင်းကျန့်...ဟေ့..အိပ်နေပီလား?"

ရိပေါ်ကတော့ သူများအိမ်လာနေရတော့တော်တော်လေးနေသားမကျ။သူများအိပ်ယာပေါ်တက်အိပ်ဖို့ဆိုပိုတောင်ဆိုးသေးသည်။အခုတော့ သူ့မှာလှဲနေလို့လဲဟိုနားယားသလို ဒီနားယားသလိုနဲ့။
အဲ့လိုနဲ့ထထိုင်နေပြန်ရင်လဲ ခဏအကြာအိပ်ကငိုက်လာတော့ပြန်လှဲရနဲ့ ဟူးးးး။
အခုတော့အိပ်မပျော်မဲ့အတူတူ ရှောင်းကျန့်ကိုပဲ တိုးတိုးလေးခေါ်ကြည့်လိုက်သည်။

"ဟေ့ ခင်ဗျားမအိပ်သေးတာသိတယ်နော် ပြန်ထူးလေဗျာ''

နောက်ဆုံးတော့ ရှောင်းကျန့်မှာနားတွေပါပူလာရတာမို့ ပြန်ထူးဖို့အပြင်မရှိတော့။

"ဘာလဲကွာ အချိန်ကိုလဲကြည့်အုံးဝမ်ရိပေါ်ရဲ့ ဒါလူအိပ်ချိန်ရောက်နေပီလေ မင်းကမအိပ်တဲ့အပြင်ငါ့ကိုပါဘာလို့လာနှိုးနေရတာလဲ''

နောက်ဆုံးတော့ သူ့ကိုအဖက်လုပ်လာပီ။

"ငါအိပ်မပျော်ဘူး အိပ်လို့လဲမရဘူး ''

ချီးပဲကွာ အဲ့တော့ငါကဘာလုပ်ရမှာလဲ။အစထဲကဒီအိမ်ကိုလာနေဖို့သူ့ကိုဘယ်သူကပြောခဲ့လို့လဲ။
သူ့လိုသူဋ္ဌေးသားကဒီလိုနေရာမှာမနေနိုင်ဘူးလို့ သူသတိပေးခဲ့တာပဲ။သူ့ဘာသူတဇွတ်ထိုးတွေအိမ်ကိုလာနေပီးတော့။

"အဲ့တော့ငါက သားချော့တေးဆိုပြရအုံးမှာလားဟုတ်လား ''

အမြင်ကတ်တာနှင့်ရွဲ့မေးလိုက်သည်။

"အင်း....အိပ်မပျော်မဲ့အတူတူ ကောင်းသားပဲ လုပ်စမ်းပါအုံး တစ်ပုဒ်လောက်''

Ugly Sexy Cuty BabyOnde histórias criam vida. Descubra agora