Part 17

2K 152 8
                                    

Unicode

အခုဆိုရင် ဝမ်ရိပေါ်ဆိုတဲ့ခွေးပေါက် ရှောင်းတို့အိမ်ရောက်တာလဝက်တောင်ပြည့်သွားပီဖြစ်သည်။
ရှောင်းကျန့်ခြေထောက်ကအပြည့်အဝပြန်မကောင်းသေးပေမဲ့လဲ ကောင်းကောင်းကြီးတော့သွားလို့ရနေပီဖြစ်သည်။
ဒါပေမဲ့ ဝမ်ရိပေါ်ကတော့သူ့အိမ်မှာပဲသောင်တင်နေဆဲကနေဆဲပင်။

ဒီနေ့ကရှောင်းကျန့်တို့ Artနဲ့ပက်သက်တဲ့examဖြေနေရတဲ့အတွက်အခန်းထဲ၌တိတ်ဆိတ်ငြိမ်သက်လို့နေကြသည်။
ကံကဆိုးချင်တော့သူ့​ေနာက်ကပ်လျက်မှာယွိပင်းရောက်နေခြင်း။

ဒေါက်! !

လုပ်နေပြန်ပီ...ဒီကောင်တော့။ဟိုတစ်ခါပါချုပ်ဆီရောက်တာလဲအမှတ်မရှိသေးဘူး။စာလုပ်ပါလို့သူပြောတဲ့အချိန်တုန်းကတော့ သကောင့်သားကသူ့ကိုပြန်ဖြေသည်။

" one subject one nightပါသားကြီးရာ အေးဆေး အေးဆေး'' တဲ့။

ကြည့်နေလိုက်! ဒီတစ်ခါတော့မှတ်လောက်သားလောက်အောင်ပစ်ထားလိုက်အုံးမည်။

Examချိန်ပီးတော့အသီးသီးထွက်လာခဲ့ကြသည်။

အခန်းပြင်ရောက်တော့ရှောင်းကျန့်ကိုတွေ့တာနှင့် ယွိပင်းလက်ခလယ်၂ ချောင်းထောင်ပြလိုက်သည်။ ဒဗလယ်လိ့ပဲ ငလူးလေး!

ရှောင်းကျန့်ကလဲပါးစပ်အမူအရာနဲ့ပဲအသံတိတ်ပြန်ဆဲပြလိုက်သည်။

" F U C K!  "

"ရှောင်းကျန့်! အားးး ငါတော့ခွေးကျကျတာတောင် specialကြီးကိုကျမှာသိလား သူငယ်ချင်းလေးတစ်ယောက်ရှိလို့အားကိုးရမလားမှတ်ပါတယ် နားထိုင်းပီးသေပီလားမှတ်ရတယ် ငါ့ကိုများသောက်ဖတ်လေးလုပ်ပီးတောင်လှည့်မကြည့်ဘူးပေါ့လေ မင်းတို့စိတ်ဓာတ်လေးတွေသိရတာပေါ့! "

နားတွေကိုပူနေတာပဲ! လတိုင်းဒီဓာတ်ပြားဟောင်းကြီးတွေကိုပဲနားထောင်နေရတော့ ရိုးအီပီးအန်ချင်စိတ်တောင်ပေါက်နေပီ။

"ဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်တာကိုး မင်းပဲone subject one nightဆို ဘာလဲ? မျက်စိမှိတ်လက်ထောက်ပီးရွေးလုပ်လာတာပဲမှတ်လား ''

"ဟဲဟဲ သိရင်ပီးရောကွာ လာငါတို့လျှောက်လည်ရအောင် ပီးရင်မင်းအိမ်ပြန်လိုက်ပို့ပေးမယ် ''

Ugly Sexy Cuty BabyWhere stories live. Discover now