Part 24

1.9K 153 4
                                    

Unicode

ဒီနေ့မှာ မားရဲ့ကွန်ဒိုကိုရိပေါ်အလည်လိုက်လာခဲ့တယ်။ မနက်အစောကြီးကတည်းက သူစိတ်တွေလှုပ်ရှားပီးနိုးနေခဲ့တာ။ မားရဲ့ကားရောက်လာတာနဲ့ သူတို့လဲတန်းထွက်ခဲ့ကြတယ်။

အခန်းတံခါးကိုဖွင့်ပီးတော့ မားနဲ့အတူလိုက်ဝင်လာခဲ့တယ်။
ပီးတော့ဟိုဟိုဒီဒီ မျက်လုံးနဲ့ဝေ့ကြည့်လိုက်တယ်။ ဒါကိုရိပ်စားမိပုံရတဲ့မားကပြောလာတယ်။

" သားရယ် အဲ့လိုမျိုးလုပ်နေစရာမလိုဘူးလေ သားကြည့်ချင်ရင်နေရာအကုန်လုံးကိုလိုက်ကြည့်လို့ရတယ် သွားလေ မားပီးရင်သားအတွက်အအေးယူလာခဲ့မယ် "

" ဟုတ် ကျေးဇူးတင်ပါတယ် "

ရိပေါ်ကတော့ခွင့်ပြုချက်ရတာနဲ့ လိုက်စပ်စုကြည့်တော့တယ်။ သူပြောလိုက်တဲ့စကားကိုတောင်သေချာသတိမထားမိခဲ့ဘူး။

ဝမ်မားကတော့ သူ့သားပြောတာကိုသတိထားမိလိုက်တယ်။ 'ကျေးဇူးတင်ပါတယ် 'တဲ့။ သူ့ရင်ထဲမှာလဲနာကျင်သွားရတယ်။ နှစ်တွေအကြာကြီးဝေးနေခဲ့ရတော့ သူ့အပေါ်မှာသားကအရင်လိုမရင်းနှီးတော့ဘူး။ တကယ်ဆိုဒီစကားက မိသားစုတွေကြားမှာပြောစရာမှမလိုအပ်ဘဲလေ။
သက်ပြင်းအသာချပီး မီးဖိုခန်းထဲဝင်ကာရိပေါ်အတွက်အအေးနဲ့မုန့်တွေပြင်နေခဲ့တယ်။

ရိပေါ်ကိုဒီကိုခေါ်မယ်ဆိုကတည်းက သားငယ်လေးကိုအပြင်မှာလျှောက်ကစားဖို့ ယုံကြည်ရတဲ့သူနဲ့အပ်ထားပြီးပြီ။ ပီးတော့ကလေးအဝတ်စားတွေကိုလဲသူမ သေချာသိမ်းထားခဲ့တယ်။

ရိပေါ် တိတ်ဆိတ်နေတဲ့အခန်းထဲမှာ နေရာစုံကိုလျှောက်ကြည့်နေမိတယ်။ သူသိတယ် မားကဒီကိုအပီးပြန်လာခဲ့တာမဟုတ်မှန်းကိုလေ။ အခုတော့သူထင်ထားတဲ့အတိုင်းပဲဖြစ်နေခဲ့တယ်။ အခန်းထဲမှာ အိမ်အသုံးဆောင်ပစ္စည်းများများစားစားမရှိဘူး။ ခဏတာတည်းတဲ့Hotelတွေလိုပဲဟာလာဟင်းလင်းကြီး။

" ရိပေါ် သားလေး ဒီမှာအအေးလာသောက်လှည့်အုံး ''

" ဟုတ် လာပါပြီ ''

ထိုင်လိုက်ရင်းက အရှေ့ကအအေးခွက်ထဲကိုကြည့်တော့ သံပုရာရည်လို့ထင်ရတာကိုသူတွေ့တယ်။ သူတိတ်သွားတယ်။

Ugly Sexy Cuty BabyWhere stories live. Discover now