Part 14

2.5K 179 12
                                    

Unicode

"ဟာ ဒီလူကလဲကွာ...ဒီနေ့မှဘာလို့မလာသေးရတာလဲ?ခါတိုင်းဆိုမမြင်ချင်ပါဘူးဆိုတာတောင်အိမ်ကိုကြိုရောက်နေတဲ့ဟာကို...ကျစ်!"

ပါးဆီက ကတိကိုရပီးတဲ့နောက်နေ့ကစပီးသူစာကိုအစွမ်းကုန်ကြိုးစားရတော့မယ်။အခုဖြေရမဲ့examကfinal examအတွက်အများကြီးအရေးပါတာမို့ ဒီအဆင့်မှာပထမရရင်finalအတွက်ကအေးဆေးဖြစ်သွားပီ။အခုလဲပိတ်ရက်ကိုသူအစောကြီးထပီးစာတွေလုပ်နေရတာ။
ဟိုဆရာဆိုတဲ့တစ်ယောက်ကတော့အခုထိအရိပ်တောင်မမြင်ရသေးဘူး။

ရိပေါ်ရဲ့ပါးကတော့သူ့သားကိုလှမ်းကြည့်ရင်းကကျေနပ်နေတယ်။
ဒီကောင်လေးကသူ့မားနဲ့ပေးတွေ့မယ်ဆိုမှပဲစာလုပ်တော့တယ်။ပုံမှန်ဆိုစာမေးပွဲမကျလိုက်ရရင်ဝမ်ရိပေါ်ကိုမဟုတ်တော့တဲ့အတိုင်းလေ။

"အာ...ငါမေ့နေတာပဲ ရှောင်းကျန့်ကသူ့အစားသူ့သူငယ်ချင်းကိုလွှတ်ပေးမယ်ဆိုတာကို ရိပေါ်ကိုမပြောရသေးဘူးပဲ သွားပြောအုံးမှပါ''

ရိပေါ်ဆီကိုသွားနေတုန်းမှာပဲလူခေါ်ဘဲလ်တီးသံကြားရတာမို့ ဆရာအသစ်ရောက်လာပြီဆိုတာကိုသူသိလိုက်တယ်။
ပီးတော့ရှောင်းကျန့်ထပ်နည်းနည်းရင့်ပုံပေါ်တဲ့လူငယ်တစ်ယောက်အိမ်ထဲကိုဝင်လာတယ်။(အမလေးယောက္ခမလောင်းကြီးက😁😁)

"အန်ကယ်လ် နိဟောင်.. ကျွန်တော်ကရှောင်းကျန့်လွှတ်လိုက်တာပါခင်ဗျ သူ့ခြေထောက်ကမသက်သာသေးလို့လေ''

ယွိပင်းတစ်ယောက် တုန်ချင်နေတဲ့ရင်ကိုလျစ်လျူရှူရင်းက ဝမ်ဥက္ကဌကြီးကိုနှုတ်ဆက်လိုက်တယ်။
ရှောင်းကျန့်ကအကူညီတောင်းလို့သာသူလာခဲ့ရတာလေ စာသင်တယ်ဆိုတာကြီးကသူအမုန်းဆုံးကိစ္စကြီး။အခုလဲဝမ်ဥက္ကဌကြီးကိုအပြင်မှာတွေ့လိုက်ရတော့ ရင်ထဲကိုဖိုးသိုးဖတ်သတ်ဖြစ်သွားတာ။

"အေးကွ ရှောင်းကျန့်ကဟိုနေ့ကတည်းကအန်ကယ်လ့်ကိုပြောပီးသားပါ လာအန်ကယ်လ့်သားဆီကိုလိုက်ပို့မယ်''

"ဟုတ်ကဲ့ခင်ဗျ''

အမလေးနော် ဆဲနေကျမို့လားမသိဘူး ချိုသာယဥ်ကျေးလုပ်နေရတာလျှာတွေတောင်ယားလာသလိုပဲ ဖီ!

Ugly Sexy Cuty BabyWhere stories live. Discover now