Part 6

2.4K 194 8
                                    

Unicode

"ဟေ့ကောင် ဟောက်ရွှမ်း!မင်းငါ့ကိုမမှီပါဘူး ဟားးဟားး''

ဝူးးးးးး!!!

နောက်ခပ်လှမ်းလှမ်းမှာကျန်နေခဲ့တဲ့ဟောက်ရွှမ်းကို အားရပါးရသာလှောင်ရယ်ပီး leverကိုအသားကုန်နင်းပီး ဆိုင်ကယ်ပြေးလမ်းမပေါ်မှာဝမ်ရိပေါ်တစ်ယောက်သောင်းကျန်းနေသည်။
ဒီနေ့ကသူရဲ့ပြိုင်ဘက်ဟောက်ရွှမ်းတို့အဖွဲ့နှင့်ဆိုင်ကယ်ပြိုင်မောင်းကြတာဖြစ်သည်။အမြဲတမ်းသူ့ကိုမနိုင်ဘဲနဲ့စိန်လာခေါ်ကြတယ် ပီးရင်သူတို့ပဲရှုံးနေကြတာ ရှက်တတ်ရင်လဲသေဖို့ကောင်းနေပီ။

"အားးးဝမ်ရိပေါ် မင်းငါ့ကိုလှောင်တာလား ခွေးကောင်!မင်းကိုငါကျော်တက်ပြမယ် ကြည့်နေလိုက်စမ်းပါ"

ဟောက်ရွှမ်းကလဲခေသူမဟုတ်။ဝမ်ရိပေါ်ကိုအော်ပြောပီးနောက်မှာပဲ သူနဲ့မဝေးတော့တဲ့အခြေနေမှာရောက်နေပီ။

ကျစ်!!!ဘယ်လိုဖြစ်လို့မှီလာပြန်တာလဲ ချီးပဲကွာ

ကျွီ....ဝူးးး!!!

"ဟာ ဟေ့ကောင်ဝမ်ရိပေါ်!! သေမလို့ယာဥ်မောင်းလမ်းကိုကွေ့လိုက်တာလား မင်းပထွေးတွေရှိတယ်ဟ!"

"နေစမ်းပါ သူတို့ရှိလဲဘာအရေးလဲ မင်းကကြောက်နေတာလား ဟမ်''

"ငါကဘာလို့ကြောက်ရမှာလဲ လာလေစိန်လိုက်စမ်းပါ ဒီမှာပဲဆက်ပြိုင်ကြတာပေါ့ ဟင်းဟင်း''

အဝေးပြေးယာဥ်မောင်းလမ်းမကြီးပေါ်မှာတော့ ဆိုင်ကယ်ပြိုင်မောင်းနေတဲ့ပရမ်းပတာလူငယ်တစ်စု ဝမ်ရိပေါ်နဲ့ဟောက်ရွှမ်းတို့အဖွဲ့။ပါးစပ်ကလဲမျိုးစုံအောင်အပြန်အလှန်ဆဲဆိုနေကြသည်။
သူတို့ကြောင့်ကားလမ်းမကြီးပေါ်မှာဝရုန်းသုန်းကားနဲ့ကားအချင်းချင်းတိုက်မိမလိုတွေဖြစ်ကုန်ကြသည်။

ရွှီ!!!ရွှီ!!!!

"ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း ''

အဲ ဝမ်ရိပေါ်ရေ မင်းပထွေးတွေရောက်လာကုန်ပီဟ!

နောက်ကယာဥ်ထိန်းရဲတွေရဲ့အော်သံကြောင့် ဟောက်ရွှမ်းညီးတွားလိုက်တယ်။ဒီခွေးကြောင့်စခန်းကိုထပ်သွားရအုံးမယ်။

Ugly Sexy Cuty BabyWhere stories live. Discover now