Part 26

1.9K 148 4
                                    

Unicode

သတိလက်လွတ်နဲ့ငိုနေပီးတော့မှ ဝမ်မားတစ်ယောက်ပြာပြာသလဲနဲ့သူ့ခင်ပွန်းဟောင်းဆီဖုန်းခေါ်ရတယ်။
ဟိုဘက်ကဖုန်းကိုင်လိုက်တဲ့အချိန်မှာ သူမအထစ်ထစ်အငေါ့ငေါ့နဲ့မနည်းအားတင်းပီးပြောလိုက်ရတယ်။

" ဝမ်...ဘယ်လိုလုပ်ကြမလဲ....အဲ့...အဲ့တာလေ..''

ဝမ်ပါးကရှိုက်ကြီးတငင်နဲ့ငိုနေတဲ့သူကို အမြန်မေးလိုက်တယ်။
Meetingပီးလို့ ခဏအနားယူနေတုန်းပဲရှိသေးတယ် ။ဖုန်းကိုင်လိုက်ပြန်တော့လဲဟိုဘက်ကငိုသံကြီးနဲ့မို့ ပင်ပန်းတာတောင်ကြက်ပျောက်ငှက်ပျောက်။

" မေလိ! ဘာဖြစ်တာလဲ? အဲ့လိုကြီးငိုမနေနဲ့ ဘာဖြစ်နေတာလဲဆိုတာကိုသာအမြန်ပြောပြစမ်းပါ! "

" အီးဟီး...ရိ..ရိပေါ်လေ...သားကအကုန်သိသွားပြီ...အဲ့တာကအခုသူထွက်သွားတယ်...လမ်းမှာတစ်ခုခုဖြစ်မှာကျွန်မစိုးရိမ်မိ...''

သူမစကားကိုအောင်ဆုံးအောင်မပြောရသေးခင်မှာ ဝမ်ပါးတစ်ယောက်ဒေါသဖြစ်စွာအော်ဟစ်လိုက်တယ်။

" မင်းပါးစပ်ကိုပိတ်ထား! ငါအတန်တန်သတိပေးထါးတဲ့ကြားထဲကဘယ်လိုဖြစ်ရတာလဲ! ငါ့သားတစ်ခုခုဖြစ်ရင်မင်းသေပီသာမှတ်ထား! ဘယ်အချိန်ကသူထွက်သွားတာလဲ? "

" အခုနလေးတင်ပဲ... လုပ်ပါအုံးရှင်..သားလေးသာတစ်ခုခုဖြစ်ရင်ကျွန်မလဲရင်ကျိုးရလိမ့်မယ် ''

ဝမ်ပါးမှာစိတ်တိုလွန်းစွာနဲ့ တောက်ခေါက်လိုက်တယ်။

" ထစ်ခနဲရှိငိုဖို့လောက်ပဲသိ! မင်းကိုရိပေါ်နဲ့တွေ့ပေးမိတာကိုကငါ့အမှားသိလား! ထားလိုက်တော့ မင်းနဲ့စကားပြောဖို့အချိန်မရှိဘူး ''

ပြောပီးတာနဲ့ ဝမ်ပါးမှာရင်တထိတ်ထိတ်နဲ့သူ့လူယုံ မင်ကြွယ်ကိုခေါ်ဖို့ပြင်တုန်းမှာပဲ အိမ်ကနေဖုန်းဆက်လာတာမို့အမြန်ပဲကိုင်ရတယ်။
အိမ်တော်ထိန်းရဲ့အသံကလဲအသက်ရှုတွေမြန်နေပီးသူ့ကိုအမောတကောပြောလာခဲ့တယ်။
ဒီပုံအတိုင်းသာဆို ရိပေါ်ကအိမ်ပြန်ရောက်နေတဲ့ပုံပဲ ။သူ့ရင်ထဲစိုးရိမ်နေရတာလဲမြူတစ်မှုန်စာလောက်လျော့သွားတယ်။

" ဥက္ကဌကြီး..အိမ်ကိုအမြန်ပြန်လာခဲ့ပါအုံး! ပေါ်လေးကတွေ့သမျှပစ္စည်းတွေရိုက်ခွဲနေတယ်! မကြာခင်သူ့ကိုယ်ကိုထိခိုက်မိမှာစိုးရိမ်ရတယ် ဘာတွေစိတ်ဆိုးနေမှန်းလဲကျွန်မတို့မသိဘူး...အမလေး! "

Ugly Sexy Cuty BabyWhere stories live. Discover now