Part 25

2K 155 5
                                    

Unicode

အခုတလော ရိပေါ်ကရှောင်းကျန့်ကိုအမြဲပဲကပ်တွယ်လာတယ်။
သူဒီလိုတွေလုပ်တိုင်းရှောင်းကျန့်မှာမျှော်လင့်ချက်တွေတပုံကြီးထားထားလာမိတယ်။
မဖြစ်နိုင်မှန်းသိရက်နဲ့တောင်မှပဲပေါ့။
မကြိုက်ဘူးလို့ဆိုပီးတော့ခပ်ကင်းကင်းလဲမနေပြန်ဘူး အရင်ကထက်တောင်သူ့နားကိုပိုကပ်နေသေးတယ်လေ။

ဒီကောင်လေးကတကယ့်ကိုပဲ..ဘယ်လိုပြောရပါ့...အလိုက်ကန်းဆိုးမသိတဲ့ကောင်လေး!

ရှောင်းကျန့်တို့examဖြေရတာဒီနေ့ကနောက်ဆုံးရက်ဖြစ်ပီး လူတိုင်းကလဲအခန်းထဲကထွက်တာနဲ့တစ်ယောက်တစ်ပေါက်နဲ့ ပါးစပ်ပေါက်အားလုံးစုမိသွားတော့အလွန့်အလွန်ကိုဆူညံနေတော့သည်။
စာဖြေနိုင်မဖြေနိုင်ကိုအသာထားအုံး .. examပီးပီဆိုတဲ့အသိကြီးကလူတိုင်းကိုပေါ့ပါးသွားစေတာတော့အမှန်ပဲ။

သူလဲခေါင်းလေးကိုဟိုဘက်သည်ဘက်စောင်းလို့ဇက်ကြောတက်နေတာတွေကိုဖြေဖျောက်လိုက်တယ်။
ဘေးနားကယွိပင်းကလဲထို့နည်းတူစွာပင်။ ဒါပေမဲ့သူ့ကိုကြည့်ရတာ ရှောင်းကျန့်ထက်တောင်ပိုပင်ပန်းနေတဲ့ပုံပေါက်နေသေးသည်။မျက်လုံးမှာလဲအညိုရောင်အချိုင့်ကြီးဖြစ်လို့နေသည်။
သူစိတ်ပူပီးမေးလိုက်တယ်။

" ယွိပင်း မင်းမျက်လုံးတွေကဘာပုံပေါက်နေတာလဲ? ဘာလဲ ညကတစ်ညလုံးမအိပ်ထားပြန်ဘူးလား? "

ထိုအခါကျတော့ ဒီကောင်ကပြူးတူးပြဲတဲအလန့်တကြားပြောလာတယ်။

" ဟမ်! ဟုတ်လား? မနက်ကတောင်သိပ်ပီးမဆိုးသေးဘူး အခုကတော်တော်ကြည့်ရဆိုးနေလို့လား? ဟျောင့် ငါ့ရုပ်ကအရင်လောက်မချောတော့ဘူးလား ဒုက္ခပါပဲ! "

ပြောပြောဆိုဆိုနဲ့ပဲသူက မျက်နှာကိုအုပ်ထားပီးလက်ချောင်းကြားထဲကနေပဲအပြင်ကိုကြည့်ကာလမ်းဆက်လျှောက်နေတယ်။

ဒီကောင်ကသူ့မျက်ခွက်သူအရမ်းတန်ဖိုးထားနေတာလေ!

" အပိုတွေလုပ်မနေစမ်းနဲ့ မင်းကိုဘယ်သူမှကြည့်မှာလဲမဟုတ်ဘူး လက်ကိုအောက်ပြန်ချထားစမ်းပါ! တကယ်ပါပဲ မိန်းကလေးတွေတောင်မင်းလောက်အကဲမပိုဘူး သိလား! "

Ugly Sexy Cuty BabyWhere stories live. Discover now