Part 8

2.3K 177 5
                                    

Unicode
ဝမ်အိမ်တော်ထိန်းကြီးဒီနေ့ခွင့်ရက်ပြည့်လို့အိမ်ကိုပြန်လာတာဖြစ်သည်။နယ်ကအဖွားနေမကောင်းဖြစ်နေတာမို့တစ်လလောက်သူခွင့်ယူသွားရတာ။အိမ်ထဲဝင်တာနဲ့မီးဖိုချောင်ကအသံတွေကြားရတာမို့သူသွားကြည့်လိုက်တယ်။

ဟော...တွေ့လိုက်ပါပီ။အိမ်ရဲ့အရွတ်တုံးလေးရိပေါ်ကအကုန်လှန်မှောက်စားသောက်နေခြင်း။ဒီကလေးဟာလေတကယ့်ကိုပဲ...ကိုယ်ပိုင်တဲ့အရာကိုတောင်ဘယ်လိုတွေတောင်ခိုးစားနေရတာတုန်း။
အိမ်တော်ထိန်းကြီးသဘောကျစွာနဲ့ပဲအနားကိုတိုးတိုးလေးကပ်သွားလိုက်တယ်။

"ဟိတ်! ဘာတွေစားနေရတာတုန်းသားလေးရဲ့ ပြောစမ်းပါအုံး''

"အားးးမားရေ!!"

ရိပေါ်ရုတ်တရက်မို့လန့်ပီးထအော်လိုက်မိတယ်။ဟိုတနေ့ရဲစခန်းရောက်ပီးကတည်းကရင်မအေးရတာ။ဟိုတစ်ယောက်ဘယ်အချိန်ထပြောလိုက်မလဲဆိုပီးစောင့်ကြည့်ရတာလဲအမော။ကိုယ့်အပြစ်ကိုယ်သိတာမို့ပါးကိုလဲကြောက်ရသေးတယ်။အခုတောင်ဘယ်သူမှမရှိဘူးဆိုမှအခန်းထဲကထွက်လာပီးစားနေတာကိုအနောက်ကသူ့ခါးကိုတို့ပီးလှန့်လိုက်တာကြောင့် လူကအလန့်တကြားပဲ။

"ဟားးဟားးငါ့သားလေးကဘာမဟုတ်တာတွေလုပ်ထားပြန်ပီလဲပြောစမ်းပါအုံး အားရီတစ်ယောက်လုံးနောက်ကရောက်နေတာကိုမသိရအောင်လေ''

"အားရီ....သားကလွမ်းနေတာကို..ခုမှပြန်လာရလားလို့..ဖွားကြီးရောဘယ်လိုနေလဲသက်သာလား?''

သူ့ကိုဖက်ပီးချွဲနေတာကြောင့်ခေါင်းလေးကိုအသာပုတ်လိုက်တယ်။ဒီကလေးဟာတကယ်ဆိုမိခင်မေတ္တာငတ်နေတဲ့သူမို့သူ့ကိုဆိုအရမ်းခင်တွယ်ရှာတယ်။
ကိုယ်ကလဲအပျိုကြီးတစ်ယောက်ဆိုပေမဲ့ အိမ်ထောင်ပြုစရာမလိုဘဲသားလေး၂ယောက်ရထားပီလေ။ဘယ်အရာမှသူ့အတွက်မလိုအပ်တော့ပါဘူး။

"ဖွားကြီးကသက်သာနေပါပီ အားရီကလဲငါ့သားလေးတွေကိုလွမ်းနေတာပါနော် အဲ့တာကြောင့်အမြန်ပြန်ခဲ့တာပေါ့ ကဲအခုဖြေတော့ ဘာအပြစ်လုပ်ထားသေးလဲ?"

အားရီကထပ်မေးလာတာကြောင့်ကိုယ့်ကိုကိုယ်မလုံချင်တော့ဘူး။တကယ်ကိုပဲ အားရီဟာလေအရမ်းသိလွန်းတယ် ချက်စ်ဆိုနားခွက်ကမီးထတောက်တယ်ဆိုရမလားပဲ။အယ့်လယ့်ငါအခုဘာပြောလိုက်တာပါလိမ့် စာတစ်တန်ပေတစ်တန်နဲ့ အဟက်။

Ugly Sexy Cuty BabyWhere stories live. Discover now