Part 19

2K 161 4
                                    

Unicode

လက်ကဒဏ်ရာက ၂ရက်လောက်ကြာတော့နာသည်ဆိုရုံလေးပဲနာတော့သည်။
အဲ့တာကလဲဟိုခွေးပေါက်ရဲ့ မကောင်းတကောင်းဆေးထည့်ပီးပတ်တီးစည်းပေးမှုကြောင့်လို့ဆိုရမှာပဲ။ သူကိုယ်တိုင်ကလဲဘယ်လက်ဖြင့်ပြန်စည်းလို့မရနိုင်တာကြောင့် ရိပေါ်လုပ်ချင်သလိုလုပ်ဆိုပီးလွှတ်ပေးထါးလိုက်တာ။

ရွှမ်းလုကတော့ခါးကဒဏ်ရာကြောင့် ရိုက်ကွင်းကိုလဲရပ်ထားရသည်။ကျောင်းလဲမသွားနိုင်တာကြောင့် ရှောင်းကျန့်ကပဲမရှိရှိတဲ့အချိန်လေးကိုဖဲ့ပီး ဆေးရုံမှာပဲစာသွားရှင်းပြပေးနေသည်။
နေ့တိုင်းတော့မဟုတ်ပေမဲ့ ၂ရက်ခြားတစ်ခါပေါ့။

အခုဆိုသူအတော်ပင်ပန်းနေတာမို့ ဆရာစာသင်နေတဲ့ဆီကိုအာရုံမစိုက်နိုင်တော့။ မျက်လုံးအားကလဲနဂိုကတည်းကမကောင်းတဲ့သူမို့ သေသေချာချာအာရုံစိုက်လိုက်ကြည့်နေသည့်ကြားမှပင် မျက်ရိုးတွေကိုက်လာရသည်မို့ လက်ညိုးဖြင့်ဖိနှိပ်နေမိသည်။

" hey ရှောင်းကျန့် အဆင်ပြေရဲ့လား ''

ဘေးနားကရှောင်းကျန့်ရဲ့ မူမမှန်တဲ့မျက်နှာကြောင့် ယွိပင်းတိုးတိုးလေးမေးလိုက်သည်။
ဒီမနက်ကျောင်းရောက်ကတည်းကသူသတိထားမိနေတာ ရှောင်းကျန့်မျက်နှာကြီးကအမ်းတမ်းတမ်းနဲ့ နီရဲနေသည်လေ။ ဒါကိုသကောင့်သားကအိမ်မပြန်ပဲနှင့်ဇွဲနပဲကြီးစွာ စာလိုက်ကြည့်နေသည်။

တကယ်ပါပဲ ခက်လိုက်တာရှောင်းကျန့်ရယ်...။ကလေးဆိုရင်လဲရိုက်ပစ်ရအကောင်းသား။အခုကတော့ ရိုက်လို့လဲမရ အော်လိုက်ရင်လဲမျက်နှာငယ်သွားရင် ဆိုတဲ့စိတ်နဲ့မအော်ဖြစ်တော့။

" အင်း ငါအဆင်ပြေပါတယ် ...''

ပြောရင်းလည်ချောင်းကနာလာသည်မို့ တံတွေးမြိုချလိုက်မိပီး စကားဆက်မပြောဖြစ်တော့။

" ကြည့်ပါလား မင်းအသံတွေဝင်နေပီကို ဘာကိုကောင်းတယ်လုပ်နေတာလဲ လာ ထ ဆေးခန်းသွားကြမယ် ''

"အိုက်ယားးးယွိပင်းရာ....ဆရာစာသင်နေတယ်လေ ငါတို့ထသွားရင်ဘယ်ကောင်းမှာလဲ ပီးတော့လဲ ငါကခေါင်းကိုက်နေရုံလေးပဲ...တကယ်ဘာမှမဖြစ်ပါဘူးဆိုနေမှကွာ အိမ်ရောက်ရင်ဆေးသောက်လိုက်မယ် ဟုတ်ပီလား ''

Ugly Sexy Cuty BabyWhere stories live. Discover now