Part 30(final)

2.8K 156 16
                                    

Unicode

" ဟေး ရှောင်းကျန့်! ငါဒီမှာဟ ''

ရောက်ရောက်ချင်းမှာပဲ အော်လန်ထက်ဆိုးလှတဲ့ယွိပင်းရဲ့အော်သံကြောင့် ရှောင်းကျန့်မှာနားပူပူနဲ့ပဲသူ့နားကိုသွားလိုက်တယ်။

ဒီနေ့ကရှောင်းကျန့်တို့ရဲ့ ကျောင်းသားဘဝနောက်ဆုံးသောနေ့ ဘွဲ့ယူတဲ့နေ့။ ဒီနေ့ပီးရင်အားလုံးဟာသက်ဆိုင်ရာနယ်ပယ် လုပ်ငန်းခွင်အသီးသီးမှာ ဘဝသစ်စကြရတော့မယ်။ သူတဖြည်းဖြည်းသွားနေရင်းကပဲ သူတို့ရဲ့ဌာနနဲ့ ပျော်ရွှင်စွာအမှတ်တရဓာတ်ပုံရိုက်နေကြတဲ့လူအုပ်ကြီးကိုကြည့်လိုက်မိတယ်။

သူ့အတွက်ကတော့လုပ်ငန်းခွင်ကိုအတိအလင်းဝင်ပီး ပိုက်ဆံရှာနိုင်မှာဖြစ်တဲ့အတွက်ဝမ်းသာရသလို သူငယ်ချင်းတွေနဲ့အရင်လိုနေ့တိုင်းမတွေ့နိုင်တော့ဘဲ အားလပ်ရက်ရောက်မှသာအချိန်အားမှတွေ့နိုင်တော့မဲ့အဖြစ်ကိုဝမ်းနည်းရတယ်။

နှေးတိနှေးကန်လာနေတဲ့သူ့ကိုယွိပင်းက လည်ပင်းကြီးကိုပြေးဖက်ကာ အတင်းဆွဲခေါ်တယ်။

" လာစမ်းပါဟ လူကပိန်သလောက်ဖင်လေးနေတယ် တကယ်ပါပဲ! "

" အိုက်ယား ဖြေးဖြေးလုပ်စမ်းငနာရဲ့ ဒီမှာလည်ပင်းအစ်လို့သေတော့မယ် ''

" အမလေးကွာ အကဲကိုပိုတယ် လာ လာ! အမှတ်တရဓာတ်ပုံလေးရိုက်လိုက်ကြရအောင်! "

ရှောင်းကျန့်ကခေါင်းတခါခါနဲ့မျက်ဆံလှန်ကာပြောလိုက်တယ်။

" ဘယ်သူနဲ့လဲ မင်းနဲ့လား? မရိုက်ချင်ဘူးနော် မင်းလိုရုပ်ဆိုးကြီးရဲ့ပုံကိုသိမ်းမထားချင်ဘူးသိလား အမှတ်တမဲ့နဲ့ဘယ်အချိန်ဖြစ်ဖြစ်ကြည့်မိရင်တောင် လန့်ပီးသေရမှာကိုငါမလိုချင်ဘူးဟေ့ကောင်! သွား သွား ဝေးဝေးသါသွားနေစမ်း! "

သူ့ရဲ့စကားတွေကိုဘယ်ကြားထဲမှတောင်ညှပ်မဲ့ပုံမပေါ်တဲ့ယွိပင်းက ဟိုကြည့်သည်ကြည့်နဲ့သူ့နားနားကိုကပ်ပီးပြောတယ်။

" ရှောင်းကျန့်ရာ သူငယ်ချင်းကလဲ ဒီနေ့တစ်နေ့ထဲပဲရှိတော့မှာလေကွာ မင်းဟိုနားကတစ်ယောက်ကိုကြည့်လိုက် အဲ့ကောင်မလေးကိုငါကြိုက်လို့ပါကွ ဘာပဲဖြစ်ဖြစ်မင်းပါပါရင်သုံးယောက်ဖြစ်သွားပီဆိုတော့...ဘာပဲဖြစ်ဖြစ်စကားရောဖောရောပေါ့ကွာ နော် ''

You've reached the end of published parts.

⏰ Last updated: May 08, 2022 ⏰

Add this story to your Library to get notified about new parts!

Ugly Sexy Cuty BabyWhere stories live. Discover now