လုစံအိမ်.....လုလီကျွင်းအခန်းဝယ်
လုချောင် သန့်စင်ပြီးနောက် အဖြူရောင်ပုဝါတစ်ထည်ကို သူ့ခါးမှာ လျော့လျော့ရဲရဲ ချည်ထားပြီး သူ့လက်ထဲမှာရှိသော အခြားအဖြူရောင်ပုဝါနှင့် သူ့ဆံပင်တွေကို ခြောက်သွေ့အောင် လုပ်နေ၏။လက်ထဲက ပုဝါကို ကုလားထိုင်ပေါ်သို ့သူ ပစ်တင်လိုက်ပြီး အဝတ်ဗီရိုကို သွားကာ အဖြူရောင်ချည်ထည် ရှပ်အင်္ကျီတစ်စုံနှင့် ညဝတ်အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်တယ်။အဝတ်ဗီရိုတံခါးကို သူ ပိတ်မလို့ လုပ်အံ့ဆဲဆဲမှာပဲ သူ့အကြည့်တွေက တစ်စုံတစ်ခုမှာ ရပ်တန့်သွားလေသည်။ထိုအရာကတော့ သူ့ရဲ့ အဝတ်ဗီရို အောက်ဆုံးအဆင့်မှာ ရှိနေသော ဟောင်းနေပြီဖြစ်တဲ့ သစ်သားဘူးတစ်ခု ဖြစ်လေ၏။အဝတ်တွေ ဝတ်လိုက်ပြီးနောက် ဘူးကို သူ ကောက်ကိုင်လိုက်ကာ သူ့အိပ်ရာရဲ့ ကုတင်ထောင့်စွန်းမှာ ထိုင်ချလိုက်တော့တယ်။
သူ ဘူးကို ဖွင့်လိုက်ပြီး နှုတ်ဆက်စကားများကို ဖော်ပြတဲ့ အလှအပကဒ်ပြားတွေလို ဟောင်းနေပြီဖြစ်တဲ့ တစ်ချို့ ပစ္စည်းများ၊ငှက် များ၊ပန်းများ၊ကြိုးကြာငှက် များ၊ကြယ်များအစရှိတဲ့ သေးငယ်သော အရောင်စုံ စက္ကူရုပ်လေးများကို ထုတ်ယူလိုက်သည်။ထိုအထဲမှာ သူ့နာမည်ရေးထားတဲ့ အရောင်စုံ လက်ကောက်ကွင်းလေးတစ်ခုရှိပြီး သေးငယ်တဲ့ ဘောလုံးလေးပါတဲ့ ကီးချိန်းဟောင်းလေးတစ်ခုကို လက်ကောက် မှာ ချိတ်ဆွဲထား၏။ဘူးရဲ့ အောက်ခြေမှာတော့ ဓာတ်ပုံ အနည်းငယ်ရှိသည်။သူ အဲ့ဒါတွေကို ထုတ်ယူလိုက်ပြီး တစ်ခုပြီးတစ်ခုကို စတင်ကြည့်ရှုတော့တယ်။ပုံတွေကို ကြည့်နေတဲ့ တစ် လျှောက်လုံး နှစ်လိုဖွယ်ကောင်းလှတဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ရှိနေခဲ့၏။
ပန်းခြံထဲတွင် ကောင်လေး သုံးယောက်က သေးငယ်တဲ့ သစ်သားတုံးနောက် မှာ ရပ်နေပြီး မိန်းကလေးတစ်ယောက်က ထိုသစ်သားတုံးပေါ်မှာ ရပ်နေတဲ့ ပုံပါရှိသည့် ဓာတ်ပုံကို သူ့ လက် မှာ ကိုင်ထားခဲ့သည်။ကောင်လေး သုံးယောက်ရဲ့ အသက်က 14-15နှစ် ဝန်းကျင်လောက် ရှိပုံရပြီး မိန်းကလေးရဲ့ အသက်ကတော့ 9-10နှစ် ဝန်းကျင်လောက် ရှိပုံရ၏။သူမ နောက် မှာ ရပ်နေတဲ့ ကောင်လေးတွေရဲ့ အရပ်နဲ့ညီအောင် သူမက သစ်သားတုံးပေါ်မှာ ရပ်နေခဲ့လေတယ်။လေးယောက်လုံးက သူတို့ရဲ့သွားပေါ်အောင်ပင် ပြုံးနေခဲ့ကြသည်။
![](https://img.wattpad.com/cover/246754992-288-k562136.jpg)
VOCÊ ESTÁ LENDO
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
RomanceLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ