Gentleman Lu Feng

438 43 0
                                    

နေ့လည်အချိန်ခါ၌

မိသားစုတစ်စုလုံးက သက်ကြီးစုံတွဲ ဧည့်ခန်းသို့ ရောက်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။သူတို့ရောက်လာတဲ့အခါမှာတော့ ထိုစုံတွဲ ဝတ်ဆင်ထားသည်ကို ကြည့်ရှုရန် လူတိုင်းက မတ်တပ်ရပ်လိုက်ကြသည်။လှပတဲ့စုံတွဲကြောင့် သူတို့မှာ အ့ံဩမှင်သက်သွားကြ ကာ အခန်းထဲသို့ တိတ်ဆိတ်မှုက ကျူးကျော်ဝင်ရောက်လာတော့၏။နီးကပ်လာနေသော ထိုစုံတွဲကို သူတို့ လက်ခုပ်ဩဘာသံပေးကာ ပြုံးပြလိုက်ကြသည်။

လူအိုကြီးက အနီရောင် ရှပ်အင်္ကျီနှင့်အနက်ရောင်ဖဲပြားပုံစံ တစ်ခုရှိသည့် အနက်ရောင် ဝတ်စုံတွင် အနီရောင် လက်ကိုင်ပုဝါကို အင်္ကျီအိတ်ကပ်၌ ထိုးသွင်းကာ တန်ဖိုးရှိသော အနက်ရောင် ရှုးဖိနပ်တစ်စုံတွဲ၍ ဝတ်ဆင်ထားလေတယ်။

အဘွားကျောက်ရွှောင်က ကြမ်းပြင်အထိရောက်တဲ့ အနီရောင် လက်အပြည့်ဂါဝန်ကို စိန်တန်ဆာဆင်ထားသည့် မိန်းမစီး ဘွတ်ဖိနပ်အပါးနှင့် တွဲဖက် ဝတ်ဆင်ထား၏။သူမရဲ့ ကောက်  ကြောင်းမှာ ထိုဝတ်စုံက လျော့ရဲသင့်တော်စွာ နေရာယူထားသော်လည်း သူမ၏ အသက်အရွယ်အတွက် ပြီးပြည့်စုံလေသည်။ကောင်းမွန်စွာ ယှဥ်တွဲဝတ်ဆင်ထားသည့် ဆက်စက်ပစ္စည်းတွေကလည်း သူမကို လှပအောင် ပြုလုပ်ပေးနေ၏။

"အဖေတို့က အ့ံအားသင့်စရာပဲ"လုကျီလန်က ပင့်သက်ရှိုက်လေသည် "တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်လိုက်ကြတာ"စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပဲ သူမ ပြောလိုက်တော့တယ်။

"ငါတို့ရဲ့ အချစ်တွေက မင်းတို့ကို ရွာချနေသလိုမျိုး ဖုံးအုပ်ထားတယ်လေ၊၊ ဟုတ်တာပေါ့ ငါတို့က ဒီလိုပဲ ကြည့်ကောင်းနေတယ်"အကြီးအကဲလုက ပြောလိုက်၏။

ဒီနေ့မှာ ထိုစုံတွဲ ဝတ်ဆင်ဖို့အတွက် တစ်ခြားလူတွေပြင်ဆင်ပေးထားတဲ့ အရာအားလုံးကြောင့် ယင်းစကားလုံးတွေ ထွက်လာခြင်းဖြစ်၏။ချမ်းသာတဲ့ မိသားစုဝင်တွေက ထိုအရာတွေကို ရွေးချယ်ပြီး သူတို့ ပါတီမှာ ဝတ်ဆင်နိုင်ရန် လက်ဆောင်ပေးခဲ့ကြသည်။

လူတိုင်းက ထိုစုံတွဲကို ရှုစားနေကြစဥ် လုဖန်းက အလယ်အလတ်စားရှိတဲ့ ဘူးတစ်ဘူးကို လက် မှာ ကိုင်၍ အောက်ထပ်သို့ ဆင်းလာလေ၏။သူလည်းပဲ လည်စည်း သို့မဟုတ် ဖဲပြားမပါသော အနက်ရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး သူ့ရဲ့
ရှပ်အင်္ကျီရှိ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားလေသည်။ထိုသို့ဝတ်ဆင်ရခြင်း အကြောင်းအရင်းမှာ သူ့မှာ ဝတ်ဆင်ရန် လည်စည်း ဒါမှမဟုတ် ဖဲပြားတွေ မရှိလေဘူး ဒါကြောင့်ပဲ သူက ထိုအရာတွေမပါပဲ ထွက်လာရခြင်းဖြစ်လေ၏။
(T/N:China က ကောကောတွေ ပေါင်မုန့်ပြရင် ဝတ်ထားတဲ့ ဝတ်စုံတွေကို သိမှာပါနော် ပြန်ရတာ ထောက်နေလို့ပါ)

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now