လုကော်ပိုရေးရှင်းနှင့် ဆက်စပ်သည့် အရေးကြီးသော ဧည့်သည်တစ်ချို့နဲ့ လုချောင် စကားပြောနေခဲ့၏။ကျန်းယွီယန်က ခန်းမရဲ့ ဘယ်ဘက်တံခါးမှ ခန်းမအပြင်သို့ ထွက်သွားတာကို သူ မြင်လိုက်ရတယ်။
မိနစ်အနည်းငယ်အကြာ သူ့ရဲ့ စကားပြောဆိုခြင်း ပြီးဆုံးတဲ့နောက် မှာတော့ လုလီကျွင်းကို အချိန်အများကြီး မပေးနိုင်ခဲ့တဲ့အတွက် သူနှင့်အတူ ရှိပေးရန် လုချောင် သွားခဲ့သည်။လုလီကျွင်းနဲ့ စကားပြောနေစဥ် ကြီးမားသော အပြုံးတစ်ပွင့်နှင့် လက် မှာ ဝိုင်နှစ်ခွက်ကို ကိုင်ကာ သူရှိရာ နေရာသို့ လာနေသော အန်ပိရွှမ်ကို လုချောင် မြင်လိုက်ရ၏။မျက်ခုံးအစပ်ကြားကို လက် မ လက်ညှိးနဲ့ တင်းကြပ်စွာ ညှစ်ရင်း သူ သက်ပြင်း လေးလေး ချမိလေတယ်။
တစ်ခုခုကို စဥ်းစားမိသွားကာ သူ့ဘေးမှာ ထိုင်နေသော ဝမ်းကွဲညီအစ်ကို ဝမ်ပန်ဘက်ကို လှည့်လိုက်ပြီး သူ မပြန်ခင်အချိန်ထိ လုလီကျွင်းနဲ့ အတူရှိပေးရန် မေးလိုက်သည်။သူ ခုံမှ ထလိုက်ပြီး ခဏအကြာ သူပြန်လာခဲ့မယ်လို့ လုလီကျွင်းကို ပြောလိုက်၏။
လုချောင်ဟာ ထိုမတိုင်ခင်က ကျနး်ယွီယန် ထွက်သွားခဲ့သော ခန်းမရဲ့ ဘယ်ဘက်တံခါး ရှိသောနေရာကို ဦးတည်လိုက်တော့တယ်။သူ မြက်ခင်းပြင်ကို ရောက်တဲ့အခါ ခန်းမနှင့် အနည်းငယ်ကွာဝေးသော အရိပ်ရတဲ့နေရာလေးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေသည့် ပန်းရောင်ဂါဝန်နဲ့ မိန်းကလေးကို သူ မြင်လိုက်ရသည်။သူမက သူနဲ့ ဆန့်ကျင်ဘက် အရပ်သို့ မျက်နှာမူထား၏။သူမကို သူ မှတ်မိသွားကာ သူမ ရှိတဲ့နေရာကို အမြန် လျှောက်သွားတော့တယ်။ထိုနေရာသို့ သူရောက်သည်နှင့် သူမက သူ့ကို မလန့်သွားစေချင်တဲ့အတွက် သူမနဲ့ ခြေလှမ်း အနည်းငယ် အကွာမှာ ရပ်တန့်လိုက်သည်။
လုချောင် ခန်းမအပြင်သို့ ဦးတည်နေသည်ကို အန်ပိရွှမ် မြင်လိုက်၍ လက် မှာ ဝိုင်နှစ်ခွက်ကိုင်ထားရင်း သူမလည်း သူ့နောက်သို့ လိုက်လေ၏။
ကျန်းယွီယန် နောက်လှည့်ကြည့်လိုက်ရာ သူမ နောက် မှာ လုချောင် ရပ်နေသည်ကို မြင်လိုက်ရပြီး မူးမေ့မလို ဖြစ်သွားတော့သည်။သူမ စိတ်ကို ရှင်းလင်းသွားရန်နှင့် သူ့အကြောင်း တွေးမိနေခြင်းမှ အာရုံလွဲသွားစေရန် သူမရဲ့ အားထုတ်မှုမှာ အောင်မြင်သွားခဲ့သော်လည်း အခုမှာတော့ သူမရဲ့ အားထုတ်မှုက အချည်းနှီးဖြစ်သွားသည်ပင်။သူ သူမရှေ့မှာ ထပ်ရပ်နေပြန်ပြီ။
![](https://img.wattpad.com/cover/246754992-288-k562136.jpg)
YOU ARE READING
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
RomanceLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ