Hiding A Devastating Truth

554 39 0
                                    

အကြီးအကဲမင် နဲ့ သူ့သား မင်ယုရှန်း ထမင်းစားခန်းက ထွက်သွားတဲ့အချိန်မှာတော့ ကျန်းကျဲ့ရဲ့မျက်လုံးများမှ မျက်ရည်များ လှိမ့်ဆင်းလာတော့၏။ထမင်းစားစားပွဲမှ ဖိတ်စာကဒ်ကို ကောက်ယူရင်း ယောက္ခမ နဲ့ ထွက်သွားသော တံခါးပေါက်ကို ဦးတည်ကြည့်လိုက်လေတယ်။

"ကျွန်မ အကြိမ်ထောင်ပေါင်းများစွာ ကြိုးစားလည်း ဒီအမှန်တရားကို ကျွန်မ မမေ့နိုင်ဘူး။ကျွန်မကလွဲရင် ဘယ်သူကမှ ဒီအမှန်တရားကို မသိကြဘူး။ရှင်တို့ နှစ်ယောက်သာ ဒါကို သိသွားရင် ရှင်တို့ မကိုင်တွယ်နိုင်လိမ့်မှာ ကျွန်မ ကြောက်တယ်။"ကျန်းကျဲ့က ကုလားထိုင်တွင် ထိုင်ရင်း ငိုနေတော့တယ်။

"မဒမ် မငိုပါနဲ့" ဘွားဘွားယန်က ပြော၏။

ဘွားဘွားယန်က ထမင်းစားခန်းမှာ ဖြစ်ပျက်သွားသမျှကို မြင်သွားပြီး ကျန်းကျဲကို နှစ်သိမ့်ပေးရန် သူမ လာခဲ့သည်။သူမ(ကျန်းကျဲ့) ငယ်စဥ်ကတည်းက ဘွားဘွားယန်သည် မင် မိသားစုမှာ အလုပ်အကျွေးပြုခဲ့တဲ့ အဘွားကြီးတစ်ယောက် ဖြစ်သောကြောင့် ကျန်းကျဲ့နဲ့ ရင်းနှီးလေတယ်။ကျန်းကျဲပြီးရင် သူမက မင်ဖန်စု၏ သေဆုံးချင်း အကြောင်းတရားအမှန်ကို သိသော လူတစ်ယောက် ဖြစ်၏။

"ဘွားဘွားယန် ကျွန်မ ဘာလုပ်သင့်လဲ?ကျွန်မရဲ့ ရင်ထဲမှာ ကြီးမားတဲ့ ဝန်ကြီးတစ်ခုနဲ့အတူ ကျွန်မ နေထိုင်နေရတယ်။ကျွန်မ အဖေ့ကို ကာကွယ်ဖို့အတွက်သာ လုပ်နေရတာ ပြီးတော့ ကျွန်မ မင်ဖန်စုနဲ့ လုပ်ခဲ့တဲ့ ကတိကို မချိုးဖောက်နိုင်ဘူး။သူ့အတွက်သာမဟုတ်ရင် မင်ဖန်စုက ကျွန်မတို့နဲ့ ဒီနေ့အထိ ရှိနေနိုင်ဦးမှာ။သူ ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ?"ကျန်းကျဲ့က ပြင်းပြင်းထန်ထန် ရှိုက်ရင်းနဲ့ ပြောလေသည်။
(ကိုယ်ထင်တာတော့ ကျန်းကျဲ့ ရည်ညွှန်းနေတဲ့သူက မင်ရှီဟုန်ကိုပဲ)

ဘွားဘွားယန်က သူမလက်ကို ဆုပ်ကိုင်ရင်း ပြောလေသည် "သမီး ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊သခင်ကြီးနဲ့သခင်လေးက ဒီအမှန်တရားကို ဘယ်တော့မှ မသိသင့်ဘူး ဒါ့အပြင် ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။"
ွ(ဘွားဘွားယန်နဲ့ ကျန်းကျဲ့က ရင်းနှီးတဲ့အတွက် သခင်မလေးအစား သမီးလို့ သုံးမယ်နော်)

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now