Heading To The Same Denstination....

692 77 4
                                    

လု စီးပွားရေးလုပ်ငန်း၌ မနက်ဆယ်နာရီခွဲတွင်

လုချောင် ကုမ်ပဏီသို့ ရောက်ချိန်တွင် အလုပ်သမားများက လမ်းကြောင်းပြုလုပ်ပေးကြ၏။သူက သူတို့ကို အာရုံစိုက်ခြင်း မပြုတော့ပဲ အဆောက်အဦး၏ ဆန့်ကျင်ဘက်ရှိ အရေးကြီးပုဂ်ဂိုလ်များအတွက် ပြုလုပ်ထားသော ဓာတ်လှေကားသို့သာ ဦးတည် လျှောက်သွားတော့သည်။

ရုံးအဆောက်အအုံသည် မြို့တော်ရှိ အရှည်ဆုံး ကော်ပိုရေးရှင်း ဖွဲ့စည်းတည်ဆောက် မှုများထဲမှာ တစ်ခုအပါအဝင်ဖြစ်၏။ အဆောက်အအုံကို ထိပ်မှ အောက်ခြေအထိ အပြာရောင်မှန်များဖြင့် ဖုံးအုပ်ထားပြီး  လု စီးပွားရေးလုပ်ငန်း၏ အမှတ်အသားက ထိပ်တွင်ရှိသည်။ထိုအဆိုက တန်ဖိုးကြီးမားကာ ကုမ်ပဏီ၏ မြင့်မားသော အဆင့်အတန်းကို ပြသနေလေသည်။

အဆောက်အအုံ၏ အတွင်းပိုင်းကိုတော့မီးခိုးရောင်၊ထုံးခြောက်ရောင်တို့ကို အရိပ်အရောင်မျှ ပေါင်းစပ်ထားသော အရောင်နှင့် အဖြူရောင်တု့ိဖြင့် အလှဆင်ထားသည်။အလုပ်သမားများက သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြပြီး ပရိဘောဂများသည် ကုမ်ပဏီရဲ့ မူရင်းခံစားချက် များကို ထုတ်ဖော်နေလေသည်။

လုချောင်သည် အထပ်နှစ်ဆယ်မြောက်တွင် ရှိသော သူ့ရုံးခန်းသို့ ရောက်ရန် ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။အပေါ်ထပ်တွင် ခရီးဦးကြိုပြုသူ လက်ထောက် ရှောင်မင်သည် သူ့ကို နှုတ်ဆက်ရန် စောင့်နေပြီး ရုံးအတွင်းသို့ သွားရာတွင် သူနောက်က လိုက်လာခဲ့သည်။ပြန်လည် နှုတ်ဆက်ခြင်းကို ဘယ်သူမှ မရရှိကြသော်လည်း အထူးတလည် အ့ံဩနေကြခြင်းမရှိပေ ထိုပုံစံသည် သူတို့ သူဌေး၏ အမူအကျင့်ပဲ ဖြစ်လေ၏။လုချောင်က စာရေးစားပွဲနောက်တွင် ထိုင်လိုက်ကာ သူ့၏အာရုံစိုက် မှုကို အသင့်ကြိုလင့်နေသည့် ကြီးမားသော စာချုပ်စာတန်း အစုအပုံလိုက်ကို ကြည့်လိုက်သည်။သူ အဝေးသို့ သွားခဲ့သည့် တစ်ပတ်အတွက် အလုပ်တွေက ပြည့်ဖောင်းနေခဲ့လေပြီ။

"ကျွန်တော်တို့ ဆယ့်တစ်နာရီခွဲမှာ ဌာနတွေနဲ့ အစည်းအဝေး တစ်ခုရှိပါတယ်။တစ်နာရီခွဲမှာ နင် အုပ်စု စီးပွားရေးလုပ်ငန်းရဲ့အကြီးအကဲနဲ့ နေ့လည်စာ ချိန်းထားတာရှိပါတယ်။အဲ့နောက် မှာတော့ မြို့တော် Zက ကျွန်တော်တို့ရဲ့ လောလောဆယ် စီမံချက်အတွက် သုံးနာရီမှာ စျေးကွက်ဌာနနဲ့ အစည်းအဝေးတစ်ခု ရှိပါတယ်"စာချုပ်စာတန်းလက် မှတ်တွေကို ကြည့်နေတဲ့ သူ့သူဌေးကို ရှောင်မင်က ရှင်းပြသည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now