(T/N:မနေ့ကအပိုင်းမှာ အပျော်တွေလွန်ပြီး ကျန်းယွီယန်ကို ကျန်းယုယန်လို့ကြီးပဲ ရေးမိသွားတယ်ရှင် ပြန်ပြင်ပေးထားပါတယ် sorry ပါနော် ဒီအပိုင်းမှာ စကားလုံးရိုင်း နည်းနည်းပါပါမယ်)
"ကျွန်မ..ကျွန်မ တကယ်ကို တောင်းပန်ပါတယ်။ကျွန်မ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး။ ရှင်အဆင်ပြေရဲ့လားဟင်"လုချောင်၏ နာကျင်နေသော အမူအရာကို သူမ မြင်ရသဖြင့် ကျန်းယွီယန်မှာ အပြစ်ရှိစိတ်တွေ အပြည့်ဖြစ်နေလေ၏။
သူ့ရဲ့ နာကျင်နေမှုကို ကြိုးစား ဟန့်တားနေရင်း လုချောင်က ပြန်ဖြေသည်"ကျွန်တော် ကောင်းသွားပြီ။"
"ဒါပေမယ့် တကယ် ကောင်းတဲ့ပုံ မပေါ်ဘူး။ရှင် ဆရာဝန်ကို သွားပြသင့်တယ်နော်။"သူမက စိုးရိမ်မှုများဖြင့် တင်းကြပ်နေ၏။
"မလိုဘူး။"ပြောရင်း လုချောင်က နံရံသို့ လက်ထောက်ရင်း ကြမ်းပြင်ပေါ်မှ ထလေသည်။
ကျန်းယွီယန်ရဲ့ အပြစ်ရှိစိတ်က သူမကို ရပ်တန့်လေပြီး အနည်းငယ် ပူပန်နေကာ "ဘာကြောင့် မလိုတာလဲ? ကျွန်မ အစ်ကိုက ဆရာဝန် တစ်ယောက် ပြီးတော့ သူအခု ဒီဆိုင်မှာ ရှိနေတယ်။"
ချက်ချင်းပဲ သူမပြောနေတာက တစ်ခဏ ရပ်တန့်သွားပြီး သူမ ဘာပြောလိုက်လည်းဆိုတာ ပြန်စဥ်းစား နေသည်"ဒါ..ဒါပေမယ့် သူက နှလုံးနဲ့ ပတ်သတ်တဲ့ ပညာရှင်၊ အဲ့ဆရာဝန်မဟုတ်..."သူမက တန်းလန်းချန်ခဲ့ကာ ချောင်းဟန့်သံတစ်ချက်နှင့်အတူ သူမရဲ့ အရှက်ရမှုကို မမှတ်မိသလို ဟန်ဆောင်လေသည် "တုံးလိုက်တဲ့ငါ "သူမကိုယ်သူမ မသဲမကွဲပြောေလ၏ "မပြောခင်မှာ အရင်ဆုံး စဥ်းစားသင့်တယ်။""ကိုယ်ကောင်းသွားပြီလို့ မင်းကို ပြောတယ်လေ"လုချောင်က စိတ်အနှောင့်အယှက်ဖြစ်နေ၏ သို့သော်လည်း နာကျင်မှုက တဖြည်းဖြည်း ပပျောက်ရင်း အနည်းငယ်ကောင်းလာပြီလို့ ခံစားလာရသည်။
"ဒါပေမယ့်....."
"မင်း ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်လို့လား?ကိုယ်ကတော့ စိတ်မရှိပါဘူး"သူ့နှုတ်ခမ်းကို ကွေးလိုက်ရင်း သူမမျက်လုံးတွေကို အကြောက်ကင်းမဲ့စွာ စိုက်ကြည့်လျက် လုချောင်က စကားစဖြတ်လိုက်၏။
YOU ARE READING
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
RomanceLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ