ကျန်း စံအိမ်တွင်
ကျန်းယွီယန်မှာတော့ သူမရဲ့ ပထမဆုံးအနမ်း အခိုးခံလိုက်ရသည့် အတိတ်ကို သတိရမှတ်မိနေရင်း အိပ်ရာကို ရှုပ်ထွေးအောင် ပြုလုပ်ထား၏။ သူမ မျက် မှောင်ကြုံ့ရင်း အိပ်ရာက ထလာခဲ့ပြီးနောက် အဲ့ဒီနေ့က သူမရဲ့ ဇာတာခွင်အကြောင်း ပြောခဲ့တဲ့ သူမ အစ်ကိုရဲ့ စကားလုံးတွေကို ရုတ်တရက် သတိရသွားလေတယ်။
ရေချိုးခန်းထဲသို့ ဝင်ကာ သူမရဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ် လုပ်ငန်းများ ပြီးမြောက်သွားတာနဲ့ ဧည့်ခန်းသို့ သွားရန် လှေကားကို တစ်ဟုန်ထိုး ပြေးဆင်းတော့၏။အဲ့ဒီကိုရောက်ရင်ပဲ အလယ်စားပွဲခုံပေါ်က သူမ သတင်းစာကို ကောက်ယူလိုက်ကာ စာမျက်နှာတွေကို အလျင်အမြန် လှန်တော့လေသည်။နောက်ဆုံးမှာတော့ သူမ ကြည့်ရှုချင်တဲ့ အရာကို ရှာတွေ့သွားပြီး ဖတ်မယ့် အချိန်မှာပဲ ထိုအရာကို ဖတ်လိုက်သော အသံတစ်သံက သူမကို ချောက်ချားစေ၏။
"မင်းရဲ့ ဇာတာခွင်က ဒီလိုပဲ ထပ်ဖြစ်မှာတဲ့လား?"
ကျန်းယွီယန်က ခေါင်းကို မလှည့်လိုက်ပေ။အဲ့ဒီအစား သူမ မျက်လုံးတွေကို ပိတ်လိုက်ကာ မသဲမကွဲပြောတော့၏ "F**k" အဲ့ဒါ ဘယ်သူမှန်း သူမ သိတယ်။ယင်းဟာ သူမ အစ်ကိုဖြစ်ပြီး သူမနောက်တွင် ရပ်နေ၏။
အသက်ကို ပြင်းပြင်းရှူ၍ ကျန်းယွီယန် သူမ အစ်ကိုကို လှည့်ကြည့်လိုက်၏။"ဘာအကြောင်းကိုများ ပြောနေတာလဲ အစ်ကိုယန်"သူမက ပြုံးလို်က်တယ်။
"မင်းက အထိတ်တလန့် အမူအရာနဲ့ လှေကားကနေ ပြေးဆင်းလာပြီး သတင်းစာကို ကောက်ယူတယ် ပြီးတာနဲ့ ကတိုက်ကရိုက်ကို လှန်တော့တာပဲ ဒါကြောင့် ငါက မင်းရဲ့ ဇာတာခွင်ကို ဖတ်နေမှန်း ငါစဥ်းစားမိတာ။တစ်ခုခုများ ဖြစ်နေလို့လား?" သူက ဆိုဖာတွင် ပျင်းရိစွာ ထိုင်ရင်း တည်ငြိမ်စွာ မေးသည်။
"ဘာကိုဖြစ်ရမှာလဲ?ညီမတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ဟာတွေ ဘယ်လို ပြုပြင်မွမ်းမံနေတယ်ဆိုတာ ကို ညီမက ဖတ်နေတာလေ" ကျန်းယွီယန်က ရှင်းပြတယ်။
"အဲ့ဒါကြောင့်လား ဆက်သွားလေ ဒါပေမယ့် တကယ်လို့ မင်း ဒီမနက်ရဲ့ ဇာတာခွင်ကို ဖတ်မယ်ဆိုရင်တောင် မင်း သတင်းစာရဲ့ ဘယ်နေရာမှာမှ ရှာတွေ့မှာမဟုတ်ဘူး။"ကျန်းယန်က သူ့ညီမ ပြောသမျှ အရာများကို ယုံချင်ယောင်ဆောင်နေပြန်၏။
أنت تقرأ
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
عاطفيةLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ