လုလီကျွင်းအပေါ် လုဖန်းရဲ့ ချစ်ခင်မှုက တစ်ဖက်စွန်း ရောက်လွန်းအားကြီး၍ တစ်ချို့အချိန်များတွင် ထိုအရာက ပြဿနာကြီးများ ဖန်တီးတတ်သဖြင့် လုချောင်က ထိုအရှုပ်အထွေး
တွေကို ရှင်းရစမြဲပင်။လုလီကျွင်း၏ မူလတန်းကျောင်းသင်ပညာရေး အစနေ့များတွင် ကျောင်းမှ အချို့ကလေးများက သူ့ကို အနိုင်ကျင့်ကြ၏။တစ်နေ့ လုလီကျွင်း အိမ်ကိုပြန်ရောက်သောအခါ သူက စိတ်ဆိုးနေသော်လည်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ပြန်ပြောချင်းမရှိ။ရူခင်းကြည့်သည့် အဆောက်အအုံငယ်မှာသာ သူထိုင်နေရင်း အချိန်တွေကို ကုန်ဆုံးလေ့ရှိသကဲ့သို့ ထိုနေရာက သူပြဿနာတွေနဲ့ ရင်ဆိုင်လာရတိုင်း အချိန်ဖြုန်းတတ်သည့် သူရဲ့ အကြိုက်ဆုံးနေရာ တစ်နေရာဖြစ်လေသည်။ထိုအချိန်တုန်းက လုချောင်က ပြည်ပမှာ ဖြစ်တယ်။
(ဒါကြောင့် ပထမဆုံးအပိုင်းမှာ ကောင်လေး အဲ့မှာ ရှိနေတာကို)နေ့လည်ခင်း လုဖန်း အိမ်ပြန်ရောက်လာချိန်တွင် သူ လူငယ်လေးကို အိမ်တွင် မတွေ့ရပေ၊ထိုကြောင့် ပန်းခြံထဲမှာ ရှာရန် သူထွက်လာခဲ့၏။လုလီကျွင်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မှန်း သူသိလေတယ်။လုလီကျွင်းက အဆောက်အအုံငယ်မှာ ငြိမ်သက်စွာ ထိုင်နေတာကို မြင်လိုက်သည့်အခိုက်တွင် တစ်စုံတစ်ခုက မှားယွင်းနေမှန်းကို သူ သိလိုက်သဖြင့် ဘာတွေဖြစ်နေလဲဆိုတာ သူ(လီကျွင်း)အား မေးမြန်းတော့၏။
လုချောင်ပြီးရင် တစ်ခြားလူတွေထဲမှာ လုလီကျွင်းက လုဖန်းနဲ့ အနီးကပ်ဆုံးဖြစ်ကာ အရာမှန်သမျှကို သူ့(ဖန်း)အား မျှဝေလေ့ရှိတယ်။ချီတုံချတုံဖြစ်နေသည့် ကာလတွေ ကုန်ဆုံးသွားကာ နောက်ဆုံးမှာတော့ ကျောင်းတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို သူ ထုတ်ဖော်ပြောလေ၏။
လုဖန်းကတော့ ကျောင်းအစတွင် အနိုင်ကျင့်ခြင်းဟာ သာမန်မျှသာဖြစ်ပြီး ဒါက မကြာခင်မှာ ပြီးသွားလိမ့်မယ်ဆိုတာ သိသော်လည်း လုလီကျွင်းက သူ့ရဲ့ ခြေထောက်တွေကို လက်ဖြင့် အနာဖြစ်လောက်အောင် ကုတ်ခြစ်နေတာကို သူမြင်လိုက်ရတဲ့အခါမှာ သူ့ရဲ့ ဒေါသူပုန်ထခြင်းကို မထိန်းချုပ်နိုင်တော့ချေ။
YOU ARE READING
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
RomanceLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ