Chapter12:Searching journey for the truth

906 121 31
                                    

Unicode Version:

မြတ်မင်းခေါင်တို့ ညစာ စားသောက်ပြီးတာနဲ့ အိမ်တောင်မပြန်နိုင်ဘဲ အခြေစိုက် ရုံးခန်းသို့
ပြန်လာခဲ့ရသည်။
ဒန်နီရယ်က ဒီလိုမတရားစွပ်စွဲခံနေရချိန်မှာ
မိမိတို့လည်း နားဖို့အချိန်ရှိမနေ။
မြတ်မင်းခေါင်တို့မပြောနှင့် ၊ နန်းကျော့တို့တောင် အလုပ်မဆင်းရသေး။

"ဘာထူးသေးလဲ"

မြတ်မင်းခေါင် ရောက်ရောက်ချင်းမေးလိုက်သည်။ ကိုယ့်တာဝန်ကိုယ် အသီးသီးကျေပွန်နေကြတဲ့ အဖွဲ့သားတွေကတော့ တစ်ခုခုရထားမှာသေချာသည်။

ထိုအခါ...နန်းကျော့က မြတ်မင်းခေါင်နံဘေး
ကပ်လာကာ..

"ခေါင်းဆောင်...ဟို..မေဂျာရောက်နေတယ်"

မေဂျာရောက်နေတယ်တဲ့လား။ ဘာအရေးထူးလို့ပါလိမ့်။

မြတ်မင်းခေါင် ရုံးခန်းအတွင်းဝင်သွားလိုက်လေတော့ အထဲတွင် မေဂျာစိုးတင်ထွန်းက
ဆိုဖာပေါ်ကျကျနနထိုင်ကာ စီးကရက်ကို လက်ကြားညှပ်၍ ဖွာရှိုက်နေလေသည်။

"မေဂျာ..."

"သြော်..မောင်မြတ်မင်းခေါင် ၊ ရောက်လာပြီလား။ ထိုင်ထိုင်.."

မေဂျာ၏ ဖိတ်ခေါ်မှုဖြင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဘာကြောင့်မှန်းမသိ ၊ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ရယ်။

"ဘာအရေးကိစ္စရှိလို့လဲ ခင်ဗျ။"

"ကျုပ်အခုပဲ အမှုအစီရင်ခံစာတွေဖတ်ကြည့်နေတာ ၊ အခုတလော ကျုပ်teamနဲ့ ၊ မြတ်မင်းခေါင်ကြောင့် ကျုပ်မှာဗျာ...အထက်မှာ
မျက်နှာပွင့်နေတာ.."

မေဂျာက စီးကရက် ဖင်စီခံကို ပြာခွက်ထဲ
ဖိချလိုက်ကာ ပြောသည်။
ချီးကျူးခံနေရသည် ဖြစ်သော်ငြား မြတ်မင်းခေါင် ခေါင်းမော့ရင်ကော့မနေနိုင်။
မေဂျာစိုးတင်ထွန်းသည် ပျော့ပျော့လေးနှင့်
နံသည့်ကြောင်ချေးလို လူမျိုးဖြစ်မှန်းသိနေသောကြောင့်ပင်။

"ဒါပေမဲ့...နေရာတကာဝင်ပါသလို ဖြစ်နေတာတော့ အဆင်မပြေဘူးပေါ့"

ထင်သည့်အတိုင်းပင်။

"တော်တယ်ဆိုတိုင်း မဏ္ဍိုင်တိုင်တက်ပြနေတာကျပြန်တော့ အရည်အချင်းကျသွားမှာပေါ့"

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now