Chapter6:Time's up

837 132 39
                                    

Unicode Version:

ယုဝေ...ဟုတ်တယ် ၊ သူမနာမည်က ယုဝေ။
ယုဝေက စာတော်တယ်။ ထက်မြက်တယ်။
ပြီးတော့ ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိဘူး။ ဒီနှစ်မှ ဆယ်တန်းအောင်ထားတာ။
နှစ်ဘာသာ ဂုဏ်ထူးပါတယ်တဲ့။
သူမမိသားစုတော့ ဂုဏ်ယူနေတော့မှာပဲ။
ရန်ကုန်တက္ကသိုလ် မြန်မာစာမေဂျာကို
လျှောက်ထားတာ ကျလာတယ်တဲ့။
မိသားစု...မိသားစုကတော့ လေးယောက်ရှိတယ်ပြောတာပဲ။ အမေရယ် ၊ မောင်လေးရယ် ၊ ညီမလေးရယ်။ ယုဝေကတော့ အကြီးဆုံး။ အစ်မကြီးတော့ အမိရာပေါ့။
ကျောင်းမတက်ခင် Guideပြန်ပြပြီး
အချိန်ပိုင်းအလုပ်တွေလုပ်နေတာ။ မိသားစုကို ထောက်ပံ့ဖို့တဲ့။ အမေပဲရှိတာလား?
အဖေကရောဆိုရင်...အဖေကလည်း ရှိပါတယ်။ ထောင်ထဲမှာပေါ့။ ဆေးမှုနဲ့ ကွိနေတာလေ..။
အသက်...သေချာတာပေါ့။
အသက်က ဘယ်ပြည့်ဦးမလဲ။ အခုမှ ဆယ်တန်းအောင်ကာစကို..။
ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့
ရှယ်ပဲ။ အရှေ့ကကြည့်လည်း ဟော့တယ်။
အနောက်က ကြည့်လည်း အယ်ထွက်နေတာ။
အဲ့ဒါတွေကြောင့် နေမင်းဟန် သဘောကျရတာ..။ နေမင်းဟန် သူမကို facebookမှာ
စတွေ့တာလေ။ တွေ့တွေ့ချင်းပဲ စိတ်ဝင်စားပြီး စကားသွားပြောတယ်။ နေမင်းဟန်လို
ဥစ္စာပေါ ရုပ်ချော ၊ ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်ကို ဒီလိုသာမန်မိန်းကလေးတစ်ယောက်က ဘယ်ငြင်းလွှတ်နိုင်မလဲလေ..နော့်။
အဲ့ဒါနဲ့ အဲ့ကောင်မလေးအကြောင်းကို
သိလာရတာ...အဲ့ကောင်မလေးက ခပ်ကဲကဲလေး..။
ပိုက်ဆံအနံ့သာပေးလိုက်..အနောက်က
အမြီးနှံ့ပြီး လိုက်လာမယ့်သူမျိုး။
နေမင်းဟန်အတွက် သူဌေးအစ်ကို တစ်ယောက်လုံးရှိနေတာ။ ငွေကဘာအရေးလဲ?
အဓိက,က ယုဝေရဲ့အရသာ ဘယ်လိုနေလဲ
မြည်းစမ်းချင်တာလေးတစ်ခုပဲ။

______________________________________

"Hello...မယုဝေလား ခင်ဗျ.."

ပူခြစ်တောက်နေသော နေက ဦးနှောက်ကို
Barbecueလုပ်ပစ်နေသော်လည်း ဒီအလုပ်မှ
မဟုတ်ရင် အသက်ရှင်နေထိုင်ရတာ
ခက်ခဲလှသည်မို့ ဒန်နီရယ်ဆက်လုပ်နေမိသည်။

"Delivery serviceကပါ။ မယုဝေအတွက်
ပါဆယ်လာပို့တာပါ။"

စက်ဘီးကို ဘေးကပ်ကာ အသာထောက်ပြီး
ဖုန်းပြောနေရသည်။ ဒန်နီရယ်အတွက်ကတော့ ဒီနေ့သည် ကံဆိုးမိုးမှောင်ကျသော
နေ့လို့ပင်ပြောရမည်။ မနက်ကတည်းက
တောက်လျှောက်အလုပ်တွင် ပြဿနာတက်
နေတာ။ အခုလည်း ထမင်းစားချိန်ကြီးတွင်
အိမ်အရောက်ဝန်ဆောင်မှုပေးနေရသည်။
ဘာတွေလဲတော့မသိပေမယ့် သယ်လာရသည့် packaging boxကြီးက နည်းနည်းနောနောမဟုတ်။ စက်ဘီးပေါ်ကနေ ပြုတ်ကျမှာစိုး၍ မနည်းသတိထားသယ်လာရသည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now