Chapter10:Trapped Innocence2

631 97 37
                                    

Unicode Version:

ရန်ကုန်ဆေးရုံကြီး။
မရောက်တာကြာလို့လားမသိ ၊ မိမိအလုပ်သင်ဆင်းခဲ့ရချိန်နဲ့မတူတော့ဘဲ
အများကြီးပြောင်းလဲလို့သွားခဲ့သည်။

အရင်က လူနာများကို အပေါက်ဆိုးဆိုး
ဆက်ဆံခဲ့တဲ့ နပ်စ်မများဟာဆိုရင်ဖြင့်
အခုတော့ ကြက်ပျောက်ငှက်ပျောက်။
အပြုံးချိုချိုနှင့် ပျူငှာဖော်ရွေတတ်တဲ့ အနီ၊
အပြာ နပ်စ်မလေးများကို ကြည့်ရင်း လရောင်ကျူးမှာလည်း အလိုလို ပြုံးမိလာသည်။

ရောဂါရှာဖွေရေးစက်ကိရိယာများဟာလည်း
ယခုအချိန်မှာ ပို၍ပင် ခေတ်မှီတိုးတက်
များပြားလို့လာသည်။ထိုသို့
စကြ်ံပေါ်လမ်းလျှောက်ရင်း ပြောင်းလဲမှုများ
ကို ယှဥ်တွဲတွေးတောမိနေချိန်...

"လရောင်ကျူး....ဟေ့ကောင်...မင်း
လရောင်ကျူးမလား"

ပြင်ပလူနာဆောင်ရှေ့တွင် ရင်းနှီးခဲ့ဖူးသူ၏
လှမ်းခေါ်သံကြောင့် လရောင်ကျူးခြေလှမ်း
တို့ တုံ့ရပ်သွားခဲ့သည်။ ထိုအခါ လရောင်ကျူး အနားကိုအပြေးရောက်လာပါတဲ့
သုရှင်...။

"ဟုတ်နေတာပဲ.."

"သုရှင်...ဟေ့ကောင်!"

သုရှင်က သူ့ကိုမှတ်မိပါသော လရောင်ကျူးကိုသိမ်းကြုံးဖက်ရင်း...

"ခွေးကောင်! ပြန်ရောက်တာဖြင့် ဒီလောက်ကြာပြီ။ ငါ့ကို အဆက်အသွယ်လဲမလုပ်ဘူး။
ဖုန်းဆက်တော့လည်း စက်ပိတ်ထားပါတယ်
ရှန်နဲ့ပဲ ညားနေတယ်။
မင်းကွာ...နေနိုင်တယ်! ငါ့မှာသတိတွေရနေတာ.."

"အလုပ်တွေများနေလို့ပါကွာ...ငါလဲမင်းကို
လွမ်းတာပဲ။ အရင်ဖုန်းက ပျောက်သွားလို့ကွ။"

သို့နှင့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်း
နှစ်ယောက် အလွမ်းသယ်ရင်း ပုခုံးဖက်ကာ
ပြင်ပလူနာဆောင်ဆီသို့ လျှောက်လာခဲ့ကြသည်။

"မင်းတော့မသိဘူးကွာ...ငါ့မှာ ဒီမှာပဲ သုံးနှစ်လုံးလုံးနေလို့ရအောင် မနည်းကြိုးစားလိုက်ရတယ်။ မဟုတ်ရင် ရွှံ့တော ၊ ဗွက်တောထဲ
ပို့လိုက်ကြရင်ဆိုတဲ့ အတွေးနဲ့ညတောင်
အိပ်မပျော်ဘူး"

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now