Chapter9:Trapped Innocences🔞

739 111 25
                                    

Unicode Version:

[Warning: အရမ်းအန္တရာယ်များတဲ့ raping ခန်းပါ။ လိုလို့ထည့်တာဖြစ်တဲ့အတွက်
အသက်မပြည့်သေးရင် လုံးဝ(လုံးဝ)မဖတ်ပါနဲ့နော်။]

ယုဝေ၏ အော်သံကြောင့် မူးရာ သတိ​ပြန်ဝင်လာခဲ့သည်။ ဘယ်လိုလုပ် ဒီလောက်ထိ သတိလက်လွတ်ဖြစ်ခဲ့မိမှန်းမသိ။
ခေါင်းကို သုံးလေးခါလောက် ထပ်ဆင့်ခါရမ်းရင်း အမြင်အာရုံကြည်လင်လာစေရန်
စူးစိုက်ကြည့်လိုက်လေတော့...

"ယုဝေ..?"

မူးရာ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
သေချာပါတယ်။ ဒါယုဝေပဲ။
ယုဝေက ဘာဖြစ်လို့ ဒီလိုပုံစံဖြစ်နေတာလဲ။
ပြီးတော့ မိမိကရော ဘာဖြစ်လို့ ဒီလိုအချုပ်
ခံထားရတာလဲ။ ထိုမေးခွန်းတို့၏ အဖြေက
နေမင်းဟန်တို့ကို မြင်တွေ့ချိန်၌ ရှင်းလင်းစွာနှင့် ထွက်လာခဲ့သည်။

"လူယုတ်မာတွေ.."

မူးရာ အောက်နှုတ်ခမ်းကိုတစ်ချက်ကိုက်ကာ
တိပ်နှင့်ပတ်ခံထားရသော လက်ကို
လွတ်မြောက်လို ၊ လွတ်မြောက်ငှား ရုန်း
နေမိသည်။ နေမင်းဟန်တို့ကတော့ ယုဝေကို
သာ အာရုံရနေ၍ မူးရာကို လုံးဝသတိမထားမိကြ။ ထိုအခိုက်ဝယ်...
ယုဝေ၏ မျှော်လင့်ချက်ပြင်းပြနေသော
မျက်လုံးတို့နှင့် မူးရာတေ့ဆိုင်မိသွားခဲ့သည်။

""ငါ့ကို ကယ်ပါ''''လို့ အသံတိတ် အကူအညီတောင်းနေပုံ။ မူးရာ နားလည်ဟန်ဖြင့်
ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် တိပ်က
မြဲနေ၍ ဘယ်လိုမှ ရုန်းမထွက်နိုင်။
ထို့အပြင် မြတ်နိုးသန့်နှင့်ပါတွဲပတ်ထားတာ
ဖြစ်၍ မိမိကရုန်းလေ ​ကွဲပြဲနေသော မြတ်နိုးသန့်က သရုပ်ပျက်​ေလဖြစ်နေသည်။

ထိုသို့ ကြံရာမရ ဘေးကြပ်နံကြပ်ဖြစ်နေချိန်၌
မိမိတို့ကို ကယ်တင်နိုင်မည့်အရာကို
ပြေးစဥ်းစားမိသွားတော့သည်။
ထိုအရာကား...မြတ်နိုးသန့်လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် ချွန်ထက်ထက် ကီးချိန်းလေးပင် ဖြစ်သည်။
မြတ်နိုးသန့်ဝတ်လာသော ကီးချိန်းက
ရုပ်ပေါက်လွန်း၍ မူးရာ ကဲ့ရဲ့မိခဲ့သည်ကိုပင်
နောင်တရမိသည်။ ထိုအရာက မိမိတို့ကို
ကယ်တင်နိုင်မည့် တစ်ခုတည်းသော
အရာဖြစ်မယ်မှန်း သိရှိခဲ့ပါလျှင် အပေါစားဆန်တယ်ဟူသော ခေါင်းစဥ်တပ်ကာ
ကီးချိန်းကို ဖြုတ်ခိုင်းခဲ့မည် မဟုတ်။
ခေါင်းမာကာ ဝတ်ဆင်လာခဲ့သော မြတ်နိုးသန့်ကိုပဲ ကျေးဇူးတင်ရတော့မည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now