Chapter5:Sweet but psycho🔞

1.1K 141 51
                                    

Unicode Version:

စစ်ဆေးရေးခန်းထဲတွင် သုံးနာရီလောက်
ထိုင်နေရသည်က ယွန်းပန်းချီကို စိတ်ရှုပ်ထွေးလာစေသည်။ဘာမှ ရေရေရာရာလာရောက်မေးမြန်းတာလည်းမဟုတ်ဘဲ
ဘာကြောင့်ဒီလိုအချိန်အကြာကြီးခေါ်ထားရခြင်းလဲ။ တစ်ကယ်ဆို ယွန်းပန်းချီကိုတောင်
မေးစရာမလိုတော့။ ဇေယျာထိုက်ကို
တရားခံအနေနဲ့ဖမ်းလိုက်ရင် ရနေပြီဟာ..။

"မယွန်းပန်းချီ.."

မြတ်မင်းခေါင်ဝင်လာသည်မို့ မှုန်ကုတ်နေသော ယွန်းပန်းချီ၏မျက်နှာ အနည်းငယ်
ရွှင်ရွှင်ပျပျပြန်ဖြစ်လာတော့သည်။

"စုံထောက်ကြီး...တရားခံကိုဖမ်းမိပြီ မဟုတ်ဘူးလား..ဘာလို့ ယွန်းကပြန်လို့မရသေးတာလဲ? ယွန်းမှာအလုပ်တွေရှိသေးတယ်.."

"အတည်ပြုစရာလေးရှိလို့ပါ။ ပြီးတော့...
တရားခံအစစ်က အခုမှဖမ်းမိတာ.."

"ရှင်..?!"

ယွန်းပန်းချီ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားခဲ့သည်။

"ဇေယျာထိုက်က တရားခံမဟုတ်ဘူးလား"

ယွန်းပန်းချီ၏ တအံ့တသြအမေးကို မြတ်မင်းခေါင်ကအဖြေမပေးပဲ ယွန်းပန်းချီကိုသာ
စူးစိုက်ကြည့်လာလေသည်။

"တရားခံက...မယွန်းပန်းချီ ကိုယ်တိုင်ပဲ
မဟုတ်ဘူးလား?"

"ရှင်...!!"

ယွန်းပန်းချီသည် အလွန်အံ့သြသွားပုံရကာ
မျက်လုံးလေးအဝိုင်းသားနဲ့ မြတ်မင်းခေါင်အား အပြစ်ကင်းစင်သလို ကြည့်လာသည်။
သူ့ကိုနောက်နေသလို ၊ သူဘာမှမသိသလိုနဲ့
ပုံစံနှင့်...။

"ယွန်းက...? ယွန်းကိုနောက်နေတာလား..။
ယွန်းက ယွန်းညီမတစ်ယောက်လို သဘောထားတဲ့လူကို ဘယ်လိုအငြိုးအတေးတွေကြောင့် ဒီလောက်ထိ ရက်ရက်စက်စက်
သတ်ရမှာလဲ? မဖြစ်နိုင်တာတွေ မ​ပြောပါနဲ့..!
ပြီးတော့..ဘာသက်သေရှိလို့လဲ?"

ယွန်းပန်းချီလို နုနုဖတ်ဖတ်မိန်းကလေးသည်
မည်သူ့အမြင်တွင်မဆို ဒီလိုလုပ်ရပ်မျိုးကို
မကြောက်မရွံ့လုပ်မည်ဟူ၍ ထင်ရက်စရာမရှိပေ။ သို့သော်...မြတ်မင်းခေါင်၏ သုံးသပ်ချက်သည် ဤသို့သာ အဖြေထွက်လာသည်မို့..။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now