Chapter7:Children are not allowed to go night out❗

728 123 22
                                    

Unicode Version:

မူးရာ စိတ်မရှည်စွာနှင့် နာရီကိုကြည့်လိုက်
မိသည်။ တစ်ကယ်ဆို ထွက်လာသင့်နေပြီ မဟုတ်ဘူးလား? တစ်ယောက်တည်း အူလည်လည်နှင့် ကော်ဖီဆိုင်တွင် အကြာကြီး ထိုင်နေရသည်ကတော့ အောက်လွန်းပါသည်။

ထိုင်နေလက်စနဲ့ မထူးဘူးဆိုပြီး facebookပဲသုံးနေမိသည်။ သို့သော်...စိတ်တို့က
နေ့လည်ကတွေ့ခဲ့သည့် ကိုဒန်နီရယ်ဆီသာ
ရောက်နေသည်ကတော့ အဆင်မပြေလှ။
ဒန်နီရယ်က မိမိကိုပြန်ကြိုက်ဖို့ မပြောနှင့် ၊
ယောင်လို့တောင်လှည့်ကြည့်မည့်သူမျိုး
မဟုတ်ပေ။

မူးရာနှင့် ဒန်နီရယ် စသိတာက လွန်ခဲ့သော
တစ်နှစ်ကျော်ကျော်လောက်ကပင်။
မူးရာက ကျောင်းတက်ရန် နယ်ကနေတက်လာသည့် ကောင်လေးတစ်ယောက်..။
အဒေါ့်အိမ်တွင်နေကာ အဒေါ်ထားပေးသည့်
အထက်တန်းကျောင်းတွင်တက်ရင်း
ဆယ်တန်းဖြေဆိုရန် ကြိုးစားနေသော
သူတစ်ယောက်ပေ..။ မူးရာအဒေါ်က နှစ်ခြင်း
ခရစ်ယာန်ဆိုတော့ ဘုရားကျောင်းသွားတတ်လေ့ရှိသည်။ ထိုအခါများဝယ် မူးရာကိုလည်း
အားရင်အားသလိုခေါ်သွားလေ့ရှိသည်။
တစ်နေ့ ဘုရားကျောင်းလာတက်သည့်
ဆံပင်ခဲရောင်နှင့် ခပ်ချောချောအစ်ကိုကြီးကို
တွေ့ကာ တစ်ခါမှမဖြစ်ပေါ်ဖူးသည့် ခံစားချက်တို့ မူးရာရင်ထဲဝယ် ကိန်းအောင်းလာသည်။

မူးရာသည် gayတစ်ယောက်ဖြစ်သည်။
Gayဖြစ်ခြင်းကို ရှက်ရွံ့နေမိခြင်းမဟုတ်သော်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်
မရပ်တည်နိုင်သေးသ၍တော့ မိသားစုအသိုင်းအဝိုင်းမသိစေရန် ဖုံးကွယ်ထားရမည်။ မူးရာ၏ မိသားစုသည် ဘာသာရေးအရမ်းလိုက်စားသူများဖြစ်ကာ ထိုကိစ္စများကို လုံးဝလက်မခံသူများဖြစ်သည်။
အထူးသဖြင့် အိမ်ထောင်ရေးနှင့်ပတ်သက်လာလျှင် တံပိုးညီသော အိမ်ထောင်မှ လက်ခံမယ်ဟူ၍လည်း သတ်မှတ်ထားကြသည်။
ထို့ကြောင့် မူးရာအတွက် အခွင့်အရေးမရှိပါ။
အဆိုးဆုံးက ကိုဒန်နီရယ်ကိုယ်တိုင်ကပင်
ဂေးမုန်းသူဖြစ်နေခဲ့သည်။

ထိုအရာများကို ပြန်တွေးမိလျှင် အရာအားလုံးကိုချန်ထားခဲ့ပြီး ထွက်ပြေးချင်စိတ်များပေါက်လာသည်။ ဟိုစည်း ၊ သည်စည်း
မကျော်မိစေရန် သတိထားနေရ၍
လူလည်း အသက်ရှုရပင်ကြပ်လာသည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now