Chapter2:Who is that Reaper?

952 155 26
                                    

Unicode Version:

"အာ့...ကိုကို...ဖြေးဖြေးလုပ်..."

"အကျူး...စိတ်ကိုလျော့ထားလေ..."

"နာတယ်..ကိုကိုရဲ့..ဒီနေ့မှ ဘာလို့ ဒီလောက်
အားသုံးနေတာလဲ?..အာ့!"

"အကြောကိုလျော့ထားပါဆို..."

"အာ့...!ကိုကို...!! မရတော့ဘူး...ရပ်လိုက်တော့! အရမ်းနာနေပြီ။"

"ပြီးမှမပြီးသေးတာကို ဘယ်လိုရပ်ရမလဲ..
အကျူးက မပြီးသေးဘဲ ရပ်စေချင်လို့လား?"

"အဲ့..ဒါဆိုလဲ...အာ့...ဆက်..လုပ်!"

ချွေးသံရဲရဲနှင့် မျက်စိစုံမှိတ်ထားသော အကျူးကို ကြည့်ကာ မြတ်မင်းခေါင် မပြုံးဘဲ
မနေနိုင်အောင်ဖြစ်နေမိသည်။
ဒီနေ့အားလပ်ရက်ပေမို့ မနက်စောစောနိုးနေသည့်အတူတူ လေ့ကျင့်ခန်းလုပ်နေကြခြင်းကို ဒီကလေးတစ်ပိုင်းလေးက မလုပ်ချင် လုပ်ချင်နှင့် အင်တင်တင်ဖြစ်နေလေသည်။
ဒါကို မရရအောင် ဆွဲခေါ်ရင်း morning
exercise လုပ်ခိုင်းခြင်းပင်။

"အကျူးက အကြောတွေ အရမ်းတောင့်နေတာကို.."

ခါးကုန်းကာ ခြေထိပ်နှင့် ထိအောင်လုပ်ခိုင်း
သော်လည်း လရောင်ကျူးက နဂိုကတည်းက
ခြေတံရှည်သူဖြစ်ခြင်းကြောင့်
လက်ဖျားနှင့်ခြေထိပ်မထိဘဲ အလယ်တွင်သာ တန့်နေလေသည်။
ထို့ကြောင့် မြတ်မင်းခေါင်ကပဲ ကူညီကာ
ခါးကိုနှိပ်ချပေးနေခြင်းပင်။

"အား...ကိုကို...အရမ်းတောင့်နေတယ် ၊
မရတော့ဘူး!"

"မရလို့မရဘူး။ ထိမှရမယ်..ထိတဲ့အထိ လုပ်ရမယ်။ မဟုတ်ရင် အကျူးတစ်နေကုန် နေလို့ကောင်းမှာမဟုတ်ဘူး။"

​လရောင်ကျူး အံကြိတ်လိုက်ကာ ဆက်ညည်းတွားမနေတော့ဘဲ ခါးကိုသာ ဆွဲဆန့်နေလိုက်သည်။

"ကိုကို...လက်ကနေ...ဆွဲပေး...အရှေ့ကနေ!"

လရောင်ကျူး၏ သဘောအတိုင်း
မြတ်မင်းခေါင် ခါးကိုတွန်းပေးနေခြင်းအား
ရပ်ကာ အရှေ့ဖက်က​နေ လက်ကိုဆွဲပေးလိုက်သည်။

ထိုအခါမှ လရောင်ကျူး၏ လက်ထိပ်တို့သည် ဆန့်တန်းထားသော ခြေဖမိုးထိပ်နှင့်
သွား၍ ထိကပ်မိတော့သည်မို့...

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now