Chapter4:Who is that Reaper? 3

770 147 20
                                    

Unicode Version:

"ခေါင်းဆောင်...လူသတ်တရားခံကို သိပြီထင်တယ်"

"ဘာ.."

တစ်ဖက်မှ နန်းကျော့က အလျင်လိုနေသော
အသံနှင့် ပြောလာသည်။

"ကျော့အခုပဲ မေသင်းထက်နေတဲ့ ကွန်ဒိုအောက်က ကားပါကင်ရဲ့ စီစီတီဗီမှတ်တမ်းကို စစ်ကြည့်နေတာ...။
မေသင်းထက် မသေခင် ဆယ်မိနစ်အလို ၊
9နာရီ နှစ်ဆယ်​လောက်မှာ...ဇေယျာထိုက်ရောက်လာတယ် ခေါင်းဆောင်"

ယွန်းပန်ချီ၏ စပ်စုသလိုအကြည့်များကြောင့်
မြတ်မင်းခေါင် ဖုန်းပြောသည်ကို ခဏရပ်ကာ
အိမ်ပြင်သို့ ထွက်လာလိုက်သည်။
ပြီးမှ ဖုန်းအား ပြန်ကိုင်လိုက်ပြီး..

"သေချာလား.."

"ဟုတ်တယ်လို့ ၊ ဒါပေမယ့် ဆယ့်ငါးမိနစ်လောက်အကြာမှာ ပြန်ထွက်လာတာတွေ့တယ်။
ဒါသံသယရှိသူ စာရင်းထဲထည့်ရတော့မှာ
မဟုတ်ဘူးလား?"

"ငါအခုချက်ချင်းပြန်လာခဲ့မယ်။ အရင်ဆုံး
​သက်မှူးကို,ကို ဝရမ်းထုတ်ခိုင်းထားလိုက်"

"ဟုတ်ကဲ့..ခေါင်းဆောင်"

မြတ်မင်းခေါင် ဖုန်းချပြီးပြီးချင်း ယွန်းပန်ချီ၏အိမ်ထဲတွင်ကျန်နေခဲ့သော မင်းသခင်အား ခေါ်ကာ ရုံးခန်းဆီသို့ ပြန်လာခဲ့သည်။

တစ်ကယ်ပဲ ဇေယျာထိုက်က တရားခံပေလား?

______________________________________

မြတ်မင်းခေါင် ရုံးခန်းဆီသို့ အမြန်ပြန်လာခဲ့သည်။
မြတ်မင်းခေါင် ရုံးခန်းသို့ ရောက်ရောက်ချင်းပင် ဝရမ်းသွားထုတ်သော သက်မှူးကိုသည်လည်း ပြန်ရောက်လာသည်။

"ဝရမ်းရော..."

"ရခဲ့တယ် ..နောက်နှစ်ရက်လောက်နေမှ
ရမယ်ငြင်းနေလို့ အတင်းပြောခဲ့ရတယ်။
ဒါခေါင်းဆောင် ဝရမ်းကြိုတင်ခိုင်းထားလို့သာ လွယ်သွားတာ.."

မြတ်မင်းခေါင် သက်မှူးကို၏ပုခုံးခပ်ဖွဖွပုတ်လိုက်ပြီး ကြိုးစားမှုကိုအသိအမှတ်ပြုပေးလိုက်သည်။

"ဒါနဲ့...တစ်ကယ်ပြဿနာတက်တော့မလို့..
ဝရမ်းမတင်ရသေးဘဲ စီစီတီတီမှတ်တမ်းကို
ခိုးကြည့်လို့မရဘူးလို့ နန်းကျော့ကို ဒီလောက်ပြောထားတာတောင် အဲ့ဟာမလေးက hack
ဖြစ်အောင် hackလိုက်သေးတယ်"

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now