Chapter11:Not a murderer,but a victim

613 92 15
                                    

Unicode Version:

"ခင်ဗျားကတော့ မှတ်မိမှာ မဟုတ်ပေမယ့်
ဒါကျူပ်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုပဲ။
တွေ့ရတာဝမ်းသာပါတယ် ၊ ကျူပ်က
ရဲအုပ် မိုးသူ"

လက်နှစ်ဖက်ကိုပိုက်ထားလျက် နံရံကိုလျှောမှီ၍ ထီမထင်သူရပ်နေသူကို မြတ်မင်းခေါင် အခုမှ မှတ်မိသွားတော့သည်။ ထိုအခိုက်တုန်းကလည်း ဒီလိုအကြည့်တွေနဲ့ မြတ်မင်းခေါင်ကို ပ,ထုတ်နိုင်ခဲ့သူ မဟုတ်လား။

"ကိုမိုးသူ ၊ ထပ်တွေ့ကြပြန်ပြီနော်"

မြတ်မင်းခေါင် ရဲအုပ်ဆိုသော ဂုဏ်ကိုရိုသေသမှုနှင့် မတ်တပ်ရပ်ကာ တလေးတစား
နှုတ်ဆက်လိုက်သည်။
ပထမတစ်ခေါက် ဆုံတုန်းကတောင် ဒုရဲအုပ်
အဆင့်သာရှိသေးတယ် ၊ အခုတော့ ရဲအုပ်ဖြစ်သွားပြီတဲ့လား။

"ခင်ဗျားက ကိုယ်နဲ့မဆိုင်တာတေ​ွ ဝင်ပါရတာ ကြိုက်တယ်ထင်တယ်"

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသည့်စကားက မြတ်မင်းခေါင်နားထဲကို ကန့်လန့်ကို
ဝင်သွားခဲ့သည်။
သို့သော် ဘာမှတော့ ပြန်မချေပဖြစ်။
ပထမတစ်ခေါက်တုန်းက ဦးမိုးကောင်းအမှုကို ဖြတ်လုသလိုဖြစ်သွားခဲ့မိသည်က မိမိအလွန်ပေမို​့ မိုးသူနှာတင်းရင်လည်း တင်းလောက်သည်။

"အခုရော ဒီကို ဘာကိစ္စရှိလို့လဲ"

"ကျူပ်စုံစမ်းနေတဲ့ အမှုက ဒီအမှုနဲ့ဆက်စပ်နေလို့ တစ်ချက်လာကြည့်တာပါ"

"ခွင့်ပြုမိန့်ပါလား"

မြတ်မင်းခေါင် လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။

"စခန်းမှူးဆီက ခွင့်ပြုချက် ရပြီးသား"

ထိုအခါ မိုးသူက ရိသလို ၊ ရွဲ့သလိုနှင့် ခပ်ထေ့ထေ့ ပြုံးလိုက်ပြီးမှ...

"ဒီအမှုက ကျူပ် မိုးသူ ဦးဆောင်ကိုင်တွယ်နေတာမို့လို့ နောက်ဆို ကျူပ်ဆီက ခွင့်ပြုချက်ပါယူပေးရင် ကောင်းမယ်။
ဒါကလည်း သံသယရှိသူမဟုတ်လား။ပြီးတော့ CIDက အဲ့လောက်တောင် အမှုရှားလား? ဘာလို့နေရာတကာ ဝင်ပါချင်ရတာလဲ?"

မြတ်မင်းခေါင် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း စိတ်ကိုမနည်းပြန်လျော့ကာ ဒန်နီရယ်ကို
တစ်ချက်ကြည့်လိုက်သည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now