Becasuse I wanted to kiss you....

Start from the beginning
                                    

"ရှင် ဒီမှာ ဘာလုပ်နေတာလဲ?"

"ဒါက အရေးမကြီးပါဘူး။ကိုယ့်ကိုပြော ကိုယ့်နောက် မှာ မိန်းမတစ်ယောက် တွေ့လား?"ကျန်းယွီယန်ရဲ့ မေးခွန်းကို လျစ်လျူရှုရင်း လုချောင် အလျင်အမြန် မေးလိုက်၏။

သူ့မျက်နှာကို ကြည့်နေသော သူမအကြည့်တွေကို သူ့နောက်ကို ကြည့်ရန် သူမ ရွှေ့လိုက်လေတယ်။လက် မှာ ဝိုင်နှစ်ခွက် ကိုင်ရင်း အပြာရောင် ဝတ်စုံတို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သူမတို့ရှိရာ နေရာသို့ လာနေ၏။

"တွေ့တယ်!အပြာရောင် ဝတ်စုံနဲ့ အမျိုးသမီးက ကျွန်မတို့ဆီ လာနေတယ်"ကျန်းယွီယန် ထိုအမျိုးသမီး ရှိတဲ့နေရာကို ကြည့်နေရင်း ဖြေလိုက်တယ်။

"သူမ ဘယ်နား ရောက်ပြီလဲ?ကို်ယ်ဆိုလိုတာက သူ ကိုယ်တို့ကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်လား?"

"Ummm!မြင်ရတယ်!" လုချောင်ကို ပြန်ကြည့်မယ့်အစား ထိုအမျိုးသမီးကိုသာ သူမ ဆက်ကြည့်နေမိ၏။

"ရပြီ။မလှုပ်ပဲနဲ့ ခဏလောက် ငြိမ်ငြိမ်နေပေးနော်" သူ ပြောရင်းနဲ့ သူမဆီသို့ အမြန်သွားတော့သည်။

သူပြောတာကို ကျန်းယွီယန် ကြားလိုက်ကာ သူ ဘာကိုဆိုလို်တယ်ဆိုတာ နားလည်ရန် သူမအကြည့်တွေကို သူ့ မျက်နှာသို့ ရွှေ့ဖို့လုပ်လိုက်သော်လည်း ထိုမတိုင်ခင်မှာပဲ နူးညံ့ပြီး နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံက သူမ နှုတ်ခမ်းကို ဖုံးအုပ်လာလေတယ်။ဒါဟာ သူမ လုံးဝမမျှော်လင့်ထားခဲ့တဲ့ အရာပေ။ထိတ်လန့်မှုကြောင့် သူမ မျက်လုံးတွေက ပြူးကျယ်လာတော့၏။သူမ သူ့ကို အဝေးသို့ တွန်းထုတ်ရန် ကြိုးပမ်းသော်လည်း သူက လက်တဖက်ဖြင့် သူမလက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တစ်ခြားလက်ကတော့ သူမ လည်ပင်းမှာပင်။ထိုနေရာမှာတော့ သူတို့နှစ်ယောက်ရဲ့အားက နှိုင်းယှဥ်စရာကို မလိုချေ။

သူမရဲ့ ခုခံနေမှုကို သဘောပေါက် မိပြီး သူ ခဏလောက် ရပ်တန့်လိုက်သော်လည်း သူ့နှုတ်ခမ်းကို သူမနှုတ်ခမ်းနဲ့ ဝေးရာသို့ ရွှေ့သွားခြင်းမရှိပဲ ပြောလိုက်သည်က "မင်းကို တစ်ခဏလေးတောင် မလှုပ်နဲ့လို့ ကိုယ်ပြောတယ်လေကွာ"ထိုစကားလုံးတွေကို ပြောနေစဥ်အတွင်း သူ့နှုတ်ခမ်းက သူမ နှုတ်ခမ်းကို ထိနေခဲ့ခြင်းဟာ သူမစိတ်ကို ဗလာဖြစ်စေကာ သူမရဲ့ အသက်ရှုသံ ပြင်းထန်လာအောင် ပြုလုပ်လေသည်။သူမ ဘာမှကို ပြန်မပြောနိုင်ခင်မှာပဲ သူက သူမကို ထပ်နမ်းလေ၏။ထိုအချိန်မှာတော့ သူမ မခုခံနိုင်တော့ချေ။မျက်လုံးတွေကို ပိတ်လိုက်တော့ကာ သူမကို နမ်းနေသော သူ့ကို လွှတ်ထားလိုက်တော့တယ်။ထိုခံစားချက်ကို သူမ ကြိုက်နေမိသည်။သူ့ အပေါ်အင်္ကျီကို ဆုပ်ကိုင်ရန် သူမ လက်ကို အလိုလို ရွှေ့မိသွားတော့တယ်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now