Chapter 11 (Unicode)

9.4K 1.2K 121
                                    

အခြေအနေတော်တော်များများမှာ ရည်းစားဟောင်းရှေ့ ငိုတယ်ဆိုတာ ဒီလို အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်နိုင်တယ်။

ဒီမျက်ရည်တွေကို အကြောင်းပြုပြီး နှစ်ယောက်သား ပြန်ပြေလည်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်။ ဒါမှမဟုတ် ဒီလိုမျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြခြင်းဖြင့် ‘မင်းက ငါနဲ့ အတူမရှိချင်တော့ပေမယ့် ငါ ဘယ်လောက် နာကျင်နေရတယ်ဆိုတာကိုတော့ မင်းကို ပြောပြချင်သေးတယ်’ဆိုတဲ့သဘောဆောင်တယ်။

ဝမ်းနည်းစရာကောင်းတာက အဲ့ဒီ့အကြောင်းပြချက် နှစ်ခုလုံးဟာ ရှောင်းကျန့်ရဲ့ မျက်ရည်ကျရခြင်းအကြောင်းနဲ့ နည်းနည်းလေးမှ နီးစပ်မှု မရှိတာပဲ။

ဧည့်ခန်းရဲ့ မီးတွေကိုလည်း အခုထိ မဖွင့်ရသေးဘူး။ မှန်ပြတင်းနားက Floor Lamp ကလည်း သေးသေးလေးမို့ အလင်းရောင်က အဲ့နားတဝိုက်ကိုပဲ ဖြာကျနေတယ်။ ဝမ်ရိပေါ်က ဘေးအစွန်မှာထိုင်နေတယ်။ စကားမပြောပဲ ငြိမ်ငြိမ်သက်သက်။ ရှောင်းကျန့်ရဲ့ မျက်ရည်တွေက ပါးပေါ်ကို တစက်ပြီးတစက် လိမ့်ဆင်းကျလာနေတာမို့ ဝမ်ရိပေါ်က တစ်ရှူးဘောက်စ်ကို ရှောင်းကျန့်ဘေး ချပေးတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို မေးလာခဲ့တယ်။ ဘာလို့ ငိုနေတာလဲတဲ့။

ဟုတ်ပြီ။ ရှောင်းကျန့်ကိုယ်တိုင်လည်း မေးချင်တဲ့ မေးခွန်းပဲ။ ဟိုးအစကနေ အဆုံးထိ ပြန်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်ကြားက အချစ်ကို အလှပဆုံးနေရာမှာပဲ သိမ်းထားပြီး ရင့်ကျက်ချင်ယောင်၊ လွတ်လပ်ချင်ယောင်ဆောင်လို့ လမ်းခွဲခဲ့တာလည်း သူပဲ။ ဝမ်ရိပေါ်နဲ့ New York ဟာ လူ့လောကရဲ့ ကောင်းကင်ဘုံပါဆိုပြီး တင်စားခဲ့တာလည်း သူပါပဲ။

ဒီ ၅ နှစ်အတွင်းမှာ သူလည်း ဘဝသစ်ကို တည်ဆောက်ခဲ့တယ်။ အလုပ်ကောင်းကောင်းရခဲ့တယ်။ ပြီးတော့ ခပ်မှန်မှန်ပဲ ရှေ့ကို ဆက်သွားနေခဲ့တယ်။ သူလည်း ရည်းစားထားခဲ့တာပဲ။ သူ့ကိုချစ်ပြီး ကောင်းကောင်းဆက်ဆံတဲ့သူကိုပေါ့။ မိဘတွေကလည်း သူ့ရဲ့ တိမ်းညွတ်မှုကို လက်ခံပေးခဲ့တာလည်း ကြာလှပြီ။ သူ့ကို ပျော်နေဖို့ပဲ အလိုရှိခဲ့တာ။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now