Lunar New Year Special Extra 1 - "Time Difference" (Unicode)

5.1K 447 50
                                    

(Author’s Note : မဖတ်ခင် သေချာစဉ်းစားပါ။ Author က မည်သည့်အရာကိုမှ တာဝန်ယူမည် မဟုတ်ပါ။)

_____

“အချိန်ကွာခြားချက်”

၁။

ရှောင်းကျန့်တစ်ယောက် တရုတ်ကို မပြန်ခင် ငှားထားတဲ့အိမ် ပြန်အပ်ရမယ့်နေ့မှာ ဆူးတချောင်းလို ပြဿနာတစ်ခု ပေါ်လာတယ်။

ဒီတိုက်ခန်းဟာ သူ New York ကို ရောက်ပြီးတဲ့နောက် တတိယမြောက် ငှားနေဖြစ်တဲ့ တိုက်ခန်းဖြစ်တယ်။ သူ ဒီအိမ်မှာ ၁ နှစ်ခွဲ နေခဲ့တယ်။ တရုတ်ကို ပြန်မယ့် အတန်းဖော် သူငယ်ချင်းဟောင်းတစ်ယောက်ဆီက ပြန်ယူထားတဲ့အိမ်ဖြစ်ပြီး အိမ်ပိုင်ရှင်ကတော့ New York မှာ မနေပဲ ချီကာဂိုမှာနေတယ် ကြားတာပဲ။

သူ့အတန်းဖော်က သူ့ဆီ ဒီအိမ်လွှဲပေးခဲ့ပြီးတဲ့နောက် တအိမ်လုံးအတွက် သော့ ၃ ချောင်းရှိတယ်။ ဒီအိမ်ကနေ ပြောင်းမယ်ဆိုရင် deposit ပြန်မယူခင် အိမ်စောင့်အမျိုးသမီးကို သော့တွေ အကုန် ပြန်အပ်ခဲ့ရမယ်ဆိုတဲ့အကြောင်းက အိမ်ငှားစာချုပ်ထဲမှာ တိတိကျကျကို ပါတယ်။

ထုပ်စရာရှိတာတွေ အကုန်ထုပ်ပြီးတဲ့နောက်မှ ရှောင်းကျန့် သော့ကိစ္စ သတိရတာပဲ။ ပုံမှန်ဆို သော့တွေကို သူ သေချာ သိမ်းထားတတ်ပေမယ့် ဗီရိုတွေဖွင့်၊ အံဆွဲတွေဖွင့် ရှာပြီးတဲ့ထိ ရှာမတွေ့ဘူးဖြစ်နေတယ်။ အံဆွဲတွေကိုဆို အကုန်ဆွဲထုတ် မှောက်သွန်ချပြီး ရှာတယ်။ ပစ္စည်းအတိုအစလေးတွေ ပွရှုပ်သွားတာကလွဲရင် ကျန်တဲ့ သော့ပို ၂ ချောင်းကို လုံးဝ ရှာမတွေ့ဘူး။

ဒါပေမယ့် သူ တခြားဟာကိုတော့ ရှာတွေ့ခဲ့တယ်။ ဟိုးအရင်က သူ ရှာခဲ့ဖူးတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ ဝမ်ရိပေါ်ရဲ့ Gaming Memory card လေးပါပဲ။

ဝမ်ရိပေါ်နဲ့ လောင်ရှီ ဂိမ်းအတူတူ ကစားကြတုန်းကပေါ့။ ဝမ်ရိပေါ်ရဲ့ PS4 ဂိမ်းစက်က memory ပြည့်သွားခဲ့တယ်။ ဝမ်ရိပေါ်ဟာ အခုမှ အသစ်ထွက်တဲ့ ဂိမ်းကို အရမ်းဆော့ချင်နေခဲ့တယ်။ Online ပေါ်ကနေလည်း မဝယ်ချင်တာမို့ ရှောင်းကျန့်ကို အတင်းဆွဲခေါ်ပြီး Memory card ဝယ်ဖို့ နှစ်ယောက်အတူ ထွက်ခဲ့ကြတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Donde viven las historias. Descúbrelo ahora