Chapter 5 (Unicode)

10.8K 1.6K 187
                                    

ဝမ်ရိပေါ်နဲ့ ညစာ အတူစားပြီးကတည်းက ရှောင်းကျန့် နှစ်ပတ်လောက် အလုပ်တွေ ရှုပ်နေခဲ့တယ်။

အချိန်အခါကောင်းသော ကာလမို့ ထင်တယ်။ မင်္ဂလာပွဲတွေ၊ ကုမ္ပဏီညစာစားပွဲတွေက စနေ၊ တနင်္ဂနွေ နှစ်ပတ်ဆက်တိုက် ဆက်နေခဲ့တယ်။

အလုပ်ရှုပ်လာပြီဆိုရင် ဘယ်အရာကမှ ချောချောမွေ့မွေ့မရှိ။ စိတ်တိုစရာ၊ စိတ်ရှုပ်စရာတွေက အနာပေါ် ဆားဖြူးသလို လူကို စိတ်အနှောင့်အယှက်ပေးကြတယ်။

ဥပမာဆိုရရင် သူ့အိမ်ရဲ့ ရေချိုးခန်းထဲက ပိုက်ပိတ်လို့ ပြင်ဖို့လူ ခေါ်ရတယ်။ ခု ထပ်ပြီး ပိတ်ပြန်ပြီ။ ပိုက်ပြင်သမားကတော့ ပြောတာပဲ။ ရေဆွဲအိမ်သာက တော်တော်ကို ဟောင်းနေပြီမို့ အသစ်လဲသင့်ပြီဆိုတဲ့အကြောင်းနဲ့ လဲမယ်ဆိုရင် ဂျပန်က တိုက်ရိုက်တင်သွင်းတဲ့ အိမ်သာအသစ်ကို ဈေးလျှော့ပေးမယ်ဆိုတဲ့အကြောင်းတွေ။

နောက်တစ်ခုက
အိမ်ရှေ့အလယ်တန်းကျောင်းက မနက်ပိုင်း ကလေးသီချင်းဖွင့်တာကို သတိပေးခြင်းမရှိပဲ ကြာသပတေးနေ့ကစပြီး ၁၀ မိနစ်စောဖွင့်လို့ ရှောင်းကျန့်မှာ အိပ်ချိန် ၁၀ မိနစ်လျော့သွားရတာတွေ။

နောက်တစ်ခုက
အလုပ်လုပ်နေတုန်း အမှတ်တမဲ့ စာရွက်က လက်ကို ရှမိပြီး သွေးထွက်တာကနေ အင်္ကျီအသစ်မှာ သွေးစက်တွေ စွန်းသွားရတာတွေ။ ရှောင်းကျန့်မှာ အဲ့ဒီ သွေးစတွေ ပေသွားတာကို မြင်တိုင်း စိတ်ရှုပ်လာရရော။

တကယ်ဆို ဒါလေးတွေက ဘာမှကြီးကျယ်တဲ့ကိစ္စတွေ မဟုတ်ဘူး။ ဒါပေမယ့် စုပေါင်းလိုက်တဲ့အခါကျတော့ တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတာမို့ ဒီရက်ပိုင်းအတွင်းမှာတင် ဆေးလိပ်ကို အရင်ကထက် ပိုသောက်လာမိတာပဲ။

ဝမ်ရိပေါ်က သူ့ကို ထပ်မဆက်သွယ်ပြန်ဘူး။ လည်ချောင်းထဲမှာ တခုခု တစ်ဆို့သလို ဖြစ်နေတဲ့ ခံစားချက်ကြီး ပျောက်သွားတယ်။

ရှောင်းကျန့် စဉ်းစားကြည့်တယ်။ အရွယ်ရောက်ပြီးတဲ့လူတိုင်းဟာ ဒီလိုနေရာမှာတော့ တော်တယ်လို့ပြောရမယ်။ ကိစ္စတွေက ဘယ်လောက်ပဲ စုပုံနေနေ သူတို့စိတ်ခံစားချက်ကို ညီမျှအောင် ထားနိုင်တဲ့အလယ်မှတ်တစ်ခုကို ရအောင်ရှာနိုင်တယ်။ ပြီးတော့ ဘဝကို ဆက်လက်အသက်ရှင် နေထိုင်သွားကြတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now