Chapter 16 (Unicode)

14.4K 1.3K 530
                                    

ရှောင်းကျန့် မနက်အိပ်ယာနိုးတဲ့အချိန်မှာတော့ မနက် ၁၀ နာရီ ထိုးခါနီးနေပြီဖြစ်တယ်။ ညက ကောင်းကောင်းအိပ်ပျော်ခဲ့တာမို့ အိပ်ယာပေါ် ခဏလှဲနေရင်း ဖုန်းထဲ ဟိုကြည့်သည်ကြည့် လုပ်ပြီးတာနဲ့ အိပ်ယာထလိုက်တယ်။

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

ရှောင်းကျန့် မနက်အိပ်ယာနိုးတဲ့အချိန်မှာတော့ မနက် ၁၀ နာရီ ထိုးခါနီးနေပြီဖြစ်တယ်။ ညက ကောင်းကောင်းအိပ်ပျော်ခဲ့တာမို့ အိပ်ယာပေါ် ခဏလှဲနေရင်း ဖုန်းထဲ ဟိုကြည့်သည်ကြည့် လုပ်ပြီးတာနဲ့ အိပ်ယာထလိုက်တယ်။

စီစီက မက်ဆေ့ချ်ပို့လာတယ်။ ပိတ်ရက်မှာ အတူတူ ထွက်စားကြဖို့မေးတာဖြစ်ပြီး သူမနဲ့ လောင်ရှီက လာဖို့ စီစဉ်ထားကြောင်း ပြောလာတယ်။

ရှောင်းကျန့်က ခဏလောက် စဉ်းစားလိုက်ပြီးတာနဲ့ “အိုခေ”လို့ ပြန်ပို့လိုက်တယ်။ ပြီးကာမှ အိပ်ယာက တကယ်ထလိုက်တော့တယ်။

ဒီတိုက်ခန်းထဲမှာ ဧည့်ခန်းနဲ့ အိပ်ခန်းကြား hallway လို လမ်းလေးရှိတယ်။ စာကြည့်ခန်းက အပြင်ဘက်ကျတဲ့နေရာမှာမို့ ရေချိုးခန်းကို သွားဖို့ဆိုရင် စာကြည့်ခန်းကို ဖြတ်သွားရတယ်။ အိပ်ခန်းကတော့ အတွင်းထဲမှာ ဖြစ်တယ်။

ရှောင်းကျန့် ရေချိုးခန်းကို လျှောက်သွားတဲ့အခါ စာကြည့်ခန်းတံခါးကို တင်းတင်းစေ့ထားတာတွေ့ရတယ်။ အထဲမှာလည်း ငြိမ်သက်နေတယ်။

ကြည့်ရတာ ဝမ်ရိပေါ်တစ်ယောက် အိပ်တုန်းထင်ပါတယ်။ သူဟာ တကယ်ကို နောက်ကျတဲ့ထိအိပ်ရတာ နှစ်သက်တဲ့သူဖြစ်တယ်။

ရှောင်းကျန့် သူ့ကို မနှိုးတော့ပဲ မီးဖိုချောင်ထဲဝင်လို့ မနက်စာစားဖို့ပြင်တယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါ KFC အိတ်ကို တန်းတွေ့တယ်။ တဝက်ပဲစားပြီး ထည့်ထားတဲ့ ကြက်ဥပူတင်းက ရှိနေတုန်းပဲ။

ခဏလောက် စဉ်းစားလိုက်ပြီးတာနဲ့ ရေခဲသေတ္တာထဲက ထုတ်ပြီး ပန်းကန်ပြားထဲထည့်လို့ မိုက်ခရိုဝေ့ဗ်ထဲ ထည့်လိုက်တယ်။ မိုက်ခရိုဝေ့ဗ်ထဲမှာ ခဏလောက်လည်ပြီးတဲ့နောက် ပူနွေးသွားတဲ့ ကြက်ဥပူတင်းရဲ့ ချိုမြတဲ့ မွှေးရနံ့ဟာ လေထဲကို သင်းပျံ့သွားတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Dove le storie prendono vita. Scoprilo ora