Chapter 6 (Unicode)

9.6K 1.3K 202
                                    

အချိန်က ည ၁၀ နာရီ‌တောင် ထိုးတော့မယ်။ ဒါပေမယ့် လမ်းပေါ်မှာတော့ လူတွေအပြည့်နဲ့ ရှုပ်ထွေးနေတုန်းပဲ။

ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့အတူ လမ်းလျှောက်သွားလိုက်တယ်။ လမ်းတဖက်ခြမ်းမှာတော့ တက်စီတွေအကုန်လုံးက လူတွေအပြည့်နဲ့။ ကြည့်ရတာ ခရီးသည်မပါတဲ့ကား ငှားဖို့ ခက်ဦးမယ့် ပုံပါပဲ။

နှစ်ယောက်သား လမ်းထောင့်ချိုးထဲ ကွေ့လိုက်တဲ့နောက် လမ်းကြားတစ်ခုက ရှေ့ဆက်စရာ လမ်းမရှိတဲ့အဆုံးကို မြင်ရတယ်။ ဝမ်ရိပေါ်က လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ရှောင်းကျန့်ဘက်ကို လှည့်လို့ မေးလာတယ်။

“မင်း ဘာစားချင်တာလဲ? ဆုံးဖြတ်ပြီးပြီလား?”

“ဟင့်အင်း”

ရှောင်းကျန့်က ချက်ချင်း ပြန်ဖြေလိုက်ခြင်းဖြစ်တယ်။ သူ့ပုံစံဟာ တကယ်ဗိုက်ဆာတဲ့ပုံလည်း ပေါက်မနေဘူး။

“ဗိုက်မဆာတော့ဘူးလား?”

ဝမ်ရိပေါ်က ဝေခွဲမရတဲ့ပုံနဲ့ မေးလိုက်ခြင်းဖြစ်တယ်။ လူလတ်ပိုင်းအရွယ် လူသုံးယောက်က လမ်းရှောင်ပေးဖို့ အော်လာရင်း သူတို့ရှေ့ကနေ စက်ဘီးနဲ့ ဖြတ်သွားတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရှေ့ကို လက်ကာလိုက်ပြီး နောက်ဆုတ်ပေးလိုက်တယ်။

“ဆာတယ် ဒါပေမယ့် ဘာစားချင်မှန်း မသိဘူး”

ဝမ်ရိပေါ်က ရပ်လိုက်တယ်။ အဲ့ဒီ့နောက် သူတို့ရှေ့က ချုံချင်းခေါက်ဆွဲဆိုင်ကို လက်ညိုးထိုးပြရင်း မေးလာတယ်။

“အဲ့ဒါဆိုရင်ရော ဘယ်လိုလဲ?”

ရှောင်းကျန့်က ချုံချင်းခေါက်ဆွဲကို တော်တော်ကြိုက်တယ်။ အရင် သူတို့ New York မှာနေတုန်းက ချုံချင်းခေါက်ဆွဲဆိုင်ကို ခဏခဏ သွားစားခဲ့ဖူးကြတယ်။ ဆိုင်က မနက် ၃ နာရီထိ ဖွင့်တဲ့ဆိုင်ဖြစ်ပြီး အမေရိကားကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ရောက်နေတဲ့ ချုံချင်းက အဒေါ်ကြီးတစ်ယောက်ပိုင်တာဖြစ်တယ်။

အဲ့ဒီ့ဆိုင်ကို ပထမဆုံးရောက်ဖူးတာကတော့ ဝမ်ရိပေါ် ခေါ်သွားတာကြောင့်ဖြစ်တယ်။ အဲ့အချိန်တုန်းကပေါ့။ ရှောင်းကျန့်ဟာ ချုံချင်းခေါက်ဆွဲစားချင်တဲ့အကြောင်း တောက်လျှောက်ပြောနေခဲ့တာ။ ဒါပေမယ့် ဆိုင်ကို ဘယ်လိုမှ ရှာလို့ မရနိုင်ခဲ့ဘူး။ ဝမ်ရိပေါ်မှာ ဟိုလိုက်မေး ဒီလိုက်မေးနဲ့ နောက်ဆုံးတော့ ချုံချင်းခေါက်ဆွဲဆိုင်ကို ရှာတွေ့သွားခဲ့တယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now