Chapter 14 (Unicode)

10.2K 1.2K 305
                                    

အားလပ်ရက်နဲ့ ပိတ်ရက်ပေါင်းသွားတဲ့အတွက် ရှောင်းကျန့်တစ်ယောက် ဇာတိမြို့မှာ ၅ ရက်နေဖြစ်ခဲ့တယ်။

မိဘတွေက ပင်စင်ယူသွားကြပေမယ့် သူ့အဖေကတော့ အလုပ်ပြန်လုပ်နေတုန်းပဲ။ ပင်ပန်းတဲ့အလုပ်မဟုတ်သလို မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ လုပ်စရာလည်းမလိုဘူး။

ရှောင်းကျန့်က အိမ်မှာဆိုရင် သူ့ရဲ့ အဓိကတာဝန်ဟာ သူ့အမေနဲ့အတူ ဈေးဝယ်ထွက်တာပဲဖြစ်တယ်။ ဈေးတူတူ ဝယ်တယ်။ အမေ့ရဲ့ ဟိုအကြောင်း ဒီအကြောင်း အိမ်နီးနားချင်းတွေနဲ့ ပတ်သက်သမျှ အတင်းတွေ နားထောင်ပေးရတယ်။ အမျိုးတွေအကြောင်းရော၊ ပြီးရင် အောက်ဘက်လမ်းထဲက အဒေါ်ရှီရဲ့ သား ကောင်မလေးတွေကို လိုက်ပိုးတဲ့အကြောင်းရော စုံလို့ပါပဲ။

“အခုမှ အမေသိလာတာကလေ အခုနောက်ပိုင်းကလေးတွေဘဝက တော်တော်ခက်ခဲလာကြတယ်နော် အဒေါ်ရှီက မားကို လာပြောတယ် သူ့သား ရည်းစားအသစ်ရတဲ့အကြောင်းလေ”

ရှောင်းကျန့်က သူ့အမေကို အဖော်ပြုပေးရင်း ဈေးဝယ်တွန်းလှည်းကို တွန်းနေတာဖြစ်တယ်။

“Oh, အဲ့ဒါ မကောင်းဘူးလား?”

ဖြေသာဖြေလိုက်တာ။ သူ့လေသံက အမေ့စကားကို သေချာနားထောင်နေတာမဟုတ်မှန်း သိသာတယ်။

ညနေစောင်းအချိန်မို့ ထင်တယ်။ စူပါမားကတ်ထဲမှာ လူတွေများနေတယ်။

ကြည့်ရတာ လူတွေဟာ စားပြီးသောက်ပြီးမှ ဈေးဝယ်ကြတဲ့ပုံပါပဲ။ ရှောင်းကျန့်ရဲ့ အမေကလည်း အဲ့လိုမျိုးပဲ။ အရင် သူ အမေရိကားကို မသွားခင် အင်္ဂလိပ်စာ သင်တန်း တက်နေတုန်းကဆိုရင် သူ့အမေနဲ့အတူတူ ညစာစားပြီးမှ ဈေးဝယ်လေ့ရှိတယ်။

ရှောင်းကျန့်အမေက ရှောင်းကျန့်ကို “သား ကြိုက်တာစား”လို့ အမြဲပြောတယ်။ အဲ့လိုမျိုးဆိုရင် ရှောင်းကျန့်က ဘာမှ ထပ်မစားချင်လောက်တော့တဲ့အထိ ဗိုက်တွေ တင်းကားနေအောင်စားပစ်လေ့ရှိတယ်။

“မား ပြောပြမယ် အရင်တခေါက် တီဗွီမှာ လိင်တူချစ်ကြိုက်တဲ့သူတွေအကြောင်း Documentary လာသေးတယ်”

သန့်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေထားတဲ့ စင်တွေနားမှာ သူ့အမေက ရုတ်တရက် ပြောလာခြင်းဖြစ်တယ်။ အနားမှာ လူ သိပ်မရှိပေမယ့် သူမက အသံကို နှိမ့်ပြောလိုက်ခြင်းဖြစ်တယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now