Chapter 8 (Unicode)

10.2K 1.3K 162
                                    

နောက်နေ့ မနက်မှာတော့ ရှောင်းကျန့်ဟာ ဆိုဖာပေါ်မှာ နိုးလာခဲ့တယ်။

ဝမ်ရိပေါ်ဟာ အဲ့ဒီ့ပုံစံအတိုင်းပဲ ရှောင်းကျန့်ကို ဖက်ထားရင်း မနက် ၄ နာရီလောက်ထိ အိပ်ပျော်သွားခဲ့တာဖြစ်တယ်။ အဲ့ဒီ့နောက် ပက်လက်လှန်လိုက်တဲ့အခါ ဖက်ထားတဲ့လက်က လျော့ရဲသွားခဲ့တယ်။ အဲ့ဒီ့အချိန်ကျမှ အိပ်ယာပေါ်ကနေ တိတ်တိတ်လေး သတိထားပြီး ထလာခဲ့လိုက်ခြင်းဖြစ်တယ်။ အိပ်ယာဘေးက မီးအိမ်က ဖွင့်ထားလျက်ရှိနေသလို ပြင်သစ်မှန်ပြတင်းတွေဟာလည်း ကန့်လန့်ကာပွင့်လျက်သား ရှိနေခဲ့တယ်။

ကုတင်အောက်ကို ကန်ချထားခဲ့တဲ့ အိပ်ယာခင်းအနီရောင်ကို ကောက်ယူပြီး ဆိုဖာရှိရာ လာခဲ့လိုက်တယ်။ ဒီဟိုတယ်မှာ တစ်ခုကောင်းတာက အခန်းထဲမှာရှိတဲ့ ဆိုဖာတွေဟာ ကျယ်ပြန့်ပြီး လုံလုံလောက်လောက် ရှည်တယ်။ ပြီးတော့ အိပ်ရတာလည်း သက်တောင့်သက်သာရှိတယ်။

သူ့ မျက်လုံးကို မမှိတ်ခင် အိပ်ယာပေါ်က ဝမ်ရိပေါ်ကို တချက်လှမ်းကြည့်လိုက်တယ်။ အဲ့ဒီ့နောက် ရီမုကို ယူပြီး ကန့်လန့်ကာတွေကို ပိတ်လိုက်တဲ့အခါ အိပ်ငိုက်နေတဲ့မျက်စိရှေ့က အပြင်က ညရှုခင်းဟာ ကန့်လန့်ကာတွေနောက် တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားလေတယ်။

ရှောင်းကျန့် အိပ်ယာက နိုးတဲ့အချိန်မှာတော့ ရေချိုးခန်းထဲက ရေကျသံတွေ ကြားနေရတယ်။ ရုတ်တရက်မို့ လန့်သွားပြီး ဆိုဖာပေါ် ငုတ်တုတ်ထထိုင်လိုက်တယ်။ နူးညံ့တဲ့အရာတစ်ခုက ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားလို့ ကြည့်လိုက်တဲ့အခါ အနီရောင်အစွပ်နဲ့ ခေါင်းအုံးတစ်လုံးကို တွေ့လိုက်ရတယ်။ ညက အိပ်ခါနီး ခေါင်းအုံးယူခဲ့မိရဲ့လားတောင် သူ မမှတ်မိတော့ဘူး။

လည်ပင်းကို နှိပ်နယ်လိုက်တယ်။ ရေနည်းနည်းသောက်ပြီးတဲ့နောက် အိပ်ယာပေါ် လှမ်းကြည့်လိုက်တဲ့အခါ ဘယ်သူ့ကိုမှ မတွေ့ရဘူး။ အဲ့အချိန်မှာပဲ ရေချိုးခန်းထဲက ရေကျသံ ရပ်သွားပြီးတဲ့နောက် ရေချိုးခန်း မှန်တံခါး တွန်းဖွင့်သံ ကြားလိုက်ရတယ်။

ရှောင်းကျန့် နည်းနည်းတော့ စိုးထိတ်နေမိတယ်။ ဒီလို ဟိုတယ်ခန်းတွေဟာ လူကို အရမ်း ရမ္မက်ကြွစေသလိုပဲ။ အခုလို တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုထားနေရတဲ့ ပတ်သက်ပြီးသားလူနှစ်ယောက်အတွက်ကတော့ အတိုင်းထက်အလွန်ဖြစ်နေတာပေါ့။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Hikayelerin yaşadığı yer. Şimdi keşfedin