Chapter 4 (Unicode)

10.9K 1.3K 108
                                    

ရှောင်းကျန့်ရဲ့ နောက်ဆုံးသော အချစ်ရေး။

မြန်မြန်ဆန်ဆန်ပဲ စတင်ခဲ့တယ်။ မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးခဲ့တယ်။

New York ကနေ တရုတ်ကို ပြန်ရောက်ပြီးနောက်ပိုင်း သူ နှစ်အနည်းငယ်လောက် Single အဖြစ်နဲ့ နေခဲ့တယ်။ ဘယ်သူမှ သူ့ကို မလိုက်လို့ မဟုတ်ဘူး။ ဒီလိုပဲ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဘယ်သူ့ကိုမှ စိတ်မဝင်စားလို့ ဖြစ်တယ်။

သူငယ်ချင်းတွေက မေးတဲ့အခါမျိုးကျရင် ဘဝကို အရင် အခြေတကျ ဖြစ်ချင်လို့လို့ ဖြေတယ်။ တရုတ်နှစ်ကူး ညစာစားပွဲတွေမှာ အမျိုးတွေ စုံချိန် ဒီအကြောင်းကို မေးတဲ့အခါတိုင်း ရှောင်းကျန့်က အဲ့လိုပဲ ဖြေလေ့ရှိတယ်။ အဲ့ဒီ့အခါကျ အမျိုးတွေက ပြုံးရုံပဲ တတ်နိုင်ပြီး ဒီလူချောလေးက အိမ်ထောင်ဖက်မှန်းတာ အရမ်းမြင့်တာပဲလို့ ပြောလေ့ရှိကြတယ်။

ရှောင်းကျန့်ရဲ့ မိသားစုကတော့ သူတို့သားရဲ့ လိင်စိတ်တိမ်းညွတ်မှုကို သိထားတယ်။ အစကတော့ သဘောမတူခဲ့ကြဘူးပေါ့။ သူ့အဖေဆိုရင် တစ်လတိတိ စကားမပြောပဲ နေခဲ့တယ်။ ဒါပေမယ့် သူ့အမေကတော့ လက်ခံခဲ့တယ်။ သဘောထားကြီးတာမျိုးတော့ မဟုတ်ဘူး။ ချစ်ရတဲ့ သားအတွက် နာကျင်ရလို့။ သူမသား မပျော်မရွှင်ဖြစ်ရမှာကို မမြင်ရက်လို့ ဖြစ်တယ်။

တကယ်တော့ ရှောင်းကျန့်ဘက်ကလည်း ဆိုးသွမ်းနေတဲ့သားမျိုး မဟုတ်လို့ ထင်ပါတယ်။ သူ့တိမ်းညွတ်မှုကို ပြောပြပြီးတာနဲ့ ရည်းစားထားခြင်းလည်း မရှိ။ လိမ္မာတဲ့အခါကျတော့ သူ့မိဘတွေကလည်း ဒီအတိုင်းပဲ တိတ်တိတ်လေး လက်ခံပေးလိုက်တာပါပဲ။

ဒီအကြောင်းကို ညီမဝမ်းကွဲ ဖေးဖေးလည်း သိထားတယ်။ ဒါပေမယ့် တခါတလေကျရင် အဲ့ကလေးမက မတွေးတောပဲ ပြောချင်ရာ ပြောချလိုက်တာမျိုးတွေရှိတယ်။ တစ်ခါဆို ရှောင်းကျန့်ကို မေးဖူးတယ်။

“ကောကောက ဘာလို့ မိန်းကလေးတွေကို ကြိုးစားမကြည့်တာလဲ”တဲ့။ ရှောင်းကျန့်က ဖေးဖေးခေါင်းကို တချက်ပုတ်လို့ ခပ်နောက်နောက် ပြန်ဖြေခဲ့တယ်။ “အင်းနော် ဟုတ်သားပဲ”ဆိုပြီး။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now