Chapter 3 (Unicode)

15.2K 1.4K 244
                                    

နွေလယ်ခေါင်မှာ ရွာတဲ့မိုးဟာ အတော်ကို စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်။

အဝတ်တွေကို dryer စက်ထဲထည့်ပြီး ခြောက်အောင် ဆက်တိုက်လုပ်ရတယ်။ ဘယ်လောက်ပဲ ဒီအခန်းကို သန့်ရှင်းရေးလုပ်လုပ် အဲ့ဒီ့ အောက်သိုးသိုးအနံ့က ပျောက်မသွားဘူး။ စနေနေ့မှာ ရှောင်းကျန့်ဟာ နေ့လယ် ၁၁ နာရီခွဲထိ အိပ်ယာက မထရသေးဘူး။ Package ရောက်လာတယ်ဆိုမှ တံခါးဖွင့်ပေးဖို့ အိပ်ယာက ထလိုက်တယ်။

မကြီးမသေး ဘောက်စ်တစ်ခု လာပို့လို့ ဒလီကြေး ပေးဖို့ ထလိုက်ရတာဖြစ်တယ်။

“ဒေါ်လာ ၃၀ ပါ ဘောက်စ်က တော်တော်လေးတယ်”

ပစ္စည်းသယ်လာတဲ့ ဒလီကောင်လေးက ပြောလာခြင်းဖြစ်တယ်။ ဒလီဘားကုတ်ဖတ်ပြီး စာရွက်ထုတ်လို့ ငွေချေရမယ့်စာရင်းကို ရှောင်းကျန့်ကို ထိုးပေးရင်း ပြုံးပြလာတယ်။

“ကျေးဇူး”

ဒလီကြေးပေးပြီးတာနဲ့ ထိုကောင်လေး ပြန်သွားတာကို စောင့်ကြည့်ရင်း ဖြည်းဖြည်းချင်းလှည့်ပြီး ဘောက်စ်ကို ကြည့်လိုက်တယ်။ အဲ့ဒီ့ဘောက်စ်က အတားအဆီးတစ်ခုလို တံခါးရှေ့တည့်တည့်မှာ ရှိနေတယ်။ အထဲရောက်အောင်လို့ ခြေထောက်နဲ့ တွန်းထည့်လိုက်တယ်။

သူ့အဝတ်အစားတွေက လျှော်စက်ထဲမှာ ရှိနေတုန်းပဲ။ လျှော်ပြီးတာနဲ့ အခြောက်ခံစက်ထဲ ထည့်လိုက်တယ်။ အခုမှ အိပ်ယာနိုးတဲ့သူမို့ ဗိုက်မဆာသေးဘူး။ အဲ့ဒါကြောင့် အဝတ်တွေ လျှော်ပြီးတာနဲ့ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ ထိုင်နေတဲ့အနေအထားကြောင့် သူ့အကြည့်ထဲကို စောစောက ဒလီလာပို့တဲ့ ဘောက်စ်က ဝင်လာတယ်။

ဖုန်းထဲကို စာဝင်တဲ့နိုတီသံကြားရတယ်။ သူ့ညီမဝမ်းကွဲဆီက စာဖြစ်ပြီး သူ့ကို ဘာလုပ်နေလဲလို့ လှမ်းမေးတာဖြစ်တယ်။

ရှောင်းကျန့်က စာပြန်ရိုက်ရမှာ ပျင်းတာနဲ့ တိုက်ရိုက်ပဲ ဖုန်းခေါ်လိုက်တယ်။

“ကော အပြင်ထွက်ချင်လား?”

“ဘာလုပ်ဖို့လဲ?”

“ကောလည်းသိတာပဲ ညီမ မကြာသေးခင်က အခန်းငှားထားတာလေ အဲ့ဒါကြောင့် ဒီနေ့ Ikea သွားမလို့ ရာသီဥတုလည်း သာယာတော့ ညီမနဲ့ လိုက်မလား?”

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Waar verhalen tot leven komen. Ontdek het nu