Final Extra - "Soulmate" (Unicode)

8.7K 906 238
                                    

“လက်တွဲဖော်”

၁။

New York မှာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာကနေ ဇန်နဝါရီကြားဟာ အအေးဆုံးကာလဖြစ်တယ်။

ပျှမ်းမျှအပူချိန်ဟာ ၃၈ ဒီဂရီဖာရင်ဟိုက်ပဲရှိတယ်။ Jingle Bell တွေနဲ့အတူ ခရစ်စမတ်နောက်ခံတေးသံတွေဟာ လမ်းတလျှောက် ပျံ့လွင့်နေတယ်။ နှင်းမှုန်တချို့ ကျဆင်းနေလျက်ရှိပြီး ဆောင်းရာသီဟာ ပိုလို့တောင် ပြင်းထန်လာတယ်။

ရှောင်းကျန့်က ဆောင်းရာသီကို မကြိုက်ဘူး။ သူဟာ အအေးဒဏ်ကို ကြောက်လို့ဖြစ်တယ်။

New York မှာ နှစ်တွေ အများကြီးနေခဲ့ပြီးတာတောင် သူဟာ ဆောင်းရာသီကို မနှစ်သက်သေးဘူး။ သူ့တိုက်ခန်းဟာ ဝမ်ရိပေါ် ငှားထားတဲ့တိုက်ခန်းလောက် မကြီးပေမယ့် အစပိုင်း သူ ငှားတုန်းကဆို အပူပေးစနစ် ကောင်းကောင်းပါတဲ့တိုက်ခန်းကို ရွေးချယ်ခဲ့တာဖြစ်တယ်။

လက်ရှိအချိန်ဟာ မနက် ၂ နာရီခွဲနေပြီဖြစ်တယ်။ ရှောင်းကျန့်ဟာ အိပ်ယာထဲမှာ ဟိုလှိမ့် ဒီလှိမ့်နဲ့ အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ်။ တကယ်ဆို သူ့မှာ ဝမ်ရိပေါ်ကြောင့် အတော်ကို နွမ်းနယ်နေပြီ။ သူတို့နှစ်ယောက် ရေအတူတူချိုးတုန်းကဆို သူ့ခြေထောက်တွေဟာ ကောင်းကောင်းတောင် မထောက်နိုင်လောက်တော့တဲ့အထိ တုန်ယင်နေခဲ့ပြီး ရေနွေးနွေး ပက်ဖြန်းမှုအောက်မှာ မျက်လုံးကိုတောင် သေချာ မဖွင့်နိုင်တော့ဘူးဖြစ်တယ်။

ဒါပေမယ့် အခု အိပ်ယာထဲမှာ လှဲနေရင်း အိပ်လို့မပျော်နိုင်ဖြစ်နေတယ်။

“မအိပ်ချင်ဘူးလား?”

အိပ်ပျော်နေပြီထင်ရတဲ့ကောင်လေးဆီက စကားသံ ရုတ်တရက်ထွက်လာတယ်။ အခန်းထဲက Heater ကို အမြင့်ဆုံးတင်ထားတယ်။ ဝမ်ရိပေါ်ရဲ့အသံဟာ ခပ်တိုးတိုးကိုမှ နှာတချက်ရှုံ့လိုက်တယ်။

စောင်အောက်က လက်တစ်ဖက်ဟာ ရှောင်းကျန့်ရဲ့ လက်အပေါ်ကို အုပ်ကိုင်လာတယ်။

“အိပ်ချင်တယ် ဒါပေမယ့် အိပ်မပျော်ဘူးဖြစ်နေတယ်”

ရှောင်းကျန့်ဟာ စောင်အောက်က သူ့ရဲ့လက်ကို ဝမ်ရိပေါ်လက်ဖြင့် အုပ်ကိုင်ထားစေတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now