Part -38

18.8K 1.7K 112
                                    

မင်းဆက်ခ နွားနို့ခွက် ကိုင်ကာ ဧည့်ခန်းမှာ
ရုပ်ရှင်ကြည့်နေတဲ့ Noel စီယူလာပေးရတယ်။

နွားနို့သောက်ချင်တယ်ဆိုတဲ့ ဗိုက်ပူကောင်
လုံးလုံးလေးကြောင့် ကိုယ်တိုင်ထလုပ်ပေးနေရတယ်။

”ကလေး ဒီမှာ နွားနို့ ”

”ကျေးဇူးပါဗျာ ”

နွားနို့ခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး
ခေါင်းလေး ငုံ့ကာတရိုတသေ ပြောနေတဲ့
အကောင်လေးကို အတော်အသည်းယားမိတယ်။

သူက ရုပ်ရှင်ကြည့် ရုပ်ရှင်ကြည့်နေတဲ့ သူ့ကို
ကိုယ်က ထိုင်ကြည့်နဲ့ ဟုတ်နေတာပဲ။

”ခေါင်းဆောင် ဖိတ်စာ တစ်စောင်ရောက်လာပါတယ် ”

ခြံထဲက တပည့်တစ်ယောက်
စာတစ်စောင်ကိုင်ကာ ရောက်လာတော့တယ်။

”ဘာဖိတ်စာတုန်း ”

မင်းဆက်ခ တပည့်လက်ထဲက ယူကာ ဖွင့်
ဖတ်လိုက်တော့ သံရုံး ညစာ စားပွဲ ။

”ဦးဆက် ဘာလဲ ”

”သံရုံးညစာစားပွဲ ပါတနာနဲ့အတူတက်ရမှာတဲ့
အချိန် က ဒီည ”

”ဘာဖြစ်တယ် ဒီညဟုတ်လား ”

”ဟုတ်တယ် ”

”ဝတ်စုံဝယ်ဖို့ ဘယ်လိုအချိန်ရတော့မလဲ တကယ်
ပါပဲ ”

” ကလေး ဘာတွေလိုလဲပြော ကို မှာ
ထားပေးမယ် ”

”ချိန်ကြိုး အဝတ်မှာ တတ်တဲ့ ချိန်းကြိုး
စိန်အသေးလေးတွေနဲ့ လုပ်ထားတဲ့ ဟာ
အဲ့တာပဲ လိုတယ် ကျန်တာရှိတယ် ”

မင်းဆက်ခ ဖိတ်စာကို ပိတ်ပြီး တပည့်ဘက်ကို
လှည့်ကာ.......။

”မင်း ကြားတဲ့ အတိုင်းပဲ ချိန်းကြိုး ကို ငါတို့
ဆိုင်ကနေပဲ ယူလာခဲ့လိုက် ”

”ဟုတ်ကဲ့ ခေါင်းဆောင် ”

တပည့်ဖြစ်သူ ထွက်သွားတာနဲ့ Noel
လည်းထကာ အပေါ်တက်တော့တယ်။
မင်းဆက်ခ က အနောက်ကနေလိုက်ရင်းပေါ့။

အပေါ်ရောက်တော့ Noel မင်းဆက်ခ ရဲ့
အဝတ်ဘီရို ကို ဆွဲဖွင့်လိုက်တယ်။
ပြီးတော့ အထဲက ကြက်သွေးရောင် Coat ကို
ဆွဲထုတ်လာတယ်။

Noel's Husband (Z & U)  Where stories live. Discover now