Part -33

19.4K 1.6K 188
                                    

မင်းဆက်ခ တို့ မို နဲ့ မင်း တို့ကိုခေါ်ကာ
ရန်ကုန်ကို ပြန်လာခဲ့လိုက်တယ်။

ကလေးတွေ အတွက် အခန်းကို လည်း
ဖုန်းဆက်ကာ တပည့်တွေကို ပြင်ဆင်
ခိုင်းရင်းပေါ့...... ။

အိမ်တော်ကို ပြန်ရောက် လို့ ကားပေါ် က ဆင်း
တာနဲ့ မို နဲ့ မင်း နှစ်ယောက်က မျက်လုံးတွေ
ပြူးနေတော့တယ်။

”သားတို့ လာ အထဲ ဝင် ”

Noel က ဦးဆောင် ပြီး ကလေးနှစ်ယောက်ကို
ဆွဲခေါ်တော့ ကလေးနှစ်ယောက်က
Noel လက် ကို တဖက်စီ ဆွဲ ကာ အိမ်ထဲ
ဝင်သွားတော့ပြီး

ဧည့်ခန်းမှာ ထိုင်ခိုင်းတော့ ကလေးနှစ်ယောက်က
ငြိမ်ငြိမ်လေး ထိုင်နေကြတယ်။

”သား တို့ နွားနို့ သောက်အုန်း ”

အိမ်ပေါ်တွေ လာချပေးတဲ့ နွားနို့ခွက်လေးကို
ကလေးတွေစီကမ်းတော့ သောက်လိုက်ကြတာ....။

”ဦးလေး တို့ သားတို့ က ဒီမှာနေရမှာလား ”

သိချင်လို့မေးနေတဲ့ ကလေးတွေရှေ့မှာ
မင်းဆက်ခ ထိုင်လိုက်ကာ.....။

”ဟုတ်တယ် သားတို့ရဲ့ ဦးလေး လို့ မခေါ်နဲ့
ဖေဖေလို့ ခေါ်ကြည့် သူ့ကို ကျတော့ ပါးပါလို့
ခေါ် နော် အခု ကစပြီး သားတို့ က ဖေဖေ တို့ရဲ့
သားတွေ ဖြစ်သွားပြီလေ ”

မင်းဆက်ခ ပြောတော့ ကလေးတွေ မျက်လုံးလေး
တွေ အရောင်လက်ကာ......။

”ဖေဖေ နဲ့ ပါးပါး ပေါ့ သားတို့ မိဘတွေ
ရပြီပေါ့ ”

မင်း က တော့ သွက်သွက်လက်လက် လေး ဖြေရှာတယ်။

အငယ်ကောင် မင်း က အကြီးကောင် မို ထက် ပိုသွက်တယ်။

ခဏနေတော့ ခြေထောက် နာနေတဲ့ Sam
ကို ပွေ့ပြီး ခေါ်လာတဲ့ ဇေယု......။

ဧည့်ခန်း က ခုံနေရာမှာ သေချာ ချပြီး
သူကလည်း ဘေးမှာ
ဝင်ထိုင် တယ်။

”မို နဲ့ မင်း ဒါက သားတို့ ဦးလေး တွေပဲ ”

”သားတို့ ဖေလေး နဲ့ ပါးလေး လို့ ခေါ်လို့ရလား ”

Sam ကတော့ ကလေးတွေကို နွေးနွေးထွေးထွေး
ကြိုဆိုရှာတယ် ။

Noel's Husband (Z & U)  Where stories live. Discover now