Mo & Han (7)

14.5K 1.5K 200
                                    

သာယာတဲ့ မနက်ခင်းတခုမှာ
မင်းတစ်ယောက် Sam တို့ ဇေယု တို့နဲ့ အတူ
ဆေးရုံပန်းခြံထဲ အနားယူနေမိတယ် ။

”သားငယ် ဒီမှာ နေအုန်းနော် Coffee အနွေးထည်နဲ့
မုန့်တွေ သွားယူလိုက်အုန်းမယ် ”

လို့ပြောပြီး ပါး Sam ထွက်သွားတော့ ဖေ ဇေယု ပါ
လိုက်သွားတယ်။

မင်း လေပြေလေးတွေ ခံစားနေရင်း
သူအနားမှာ လာထိုင်တဲ့ ကောင်မလေးတစ်ယောက်။

ခါးလောက် ဆံပင်ရှည်လေး နဲ့
ပြီးတော့ ဝတ်ထားတာ Hoddie ကို ဂျင်းဘောင်းဘီနဲ့
ဆံပင်သာမရှည်ရင် ကောင်လေးကို အထင်ခံရမှာ။

ဖုန်းကိုပဲ သည်းကြီးမည်းကြီးကြည့်နေတယ်။

မင်းလည်း ဂရုမစိုက်ပဲ အရှေ့ကို သာ
ဆက်ကြည့်နေတုန်း.......။

”အီးးးးအဟင့် ဟင့် ”

ငိုသံလေးထွက်လာလို့ လှည့်ကြည့်လိုက်တော့
ခုနက ကောင်မလေး........။

တော်တော်ကို ခံစားနေရတဲ့ ပုံနဲ့
ငိုနေတာများ မျက်ရည်က ဘူးသီးလုံးလောက်
ရှိတယ်။

သူငိုရင်း နှာရည်တွေ ထွက်လာတော့ သုတ်စရာ
ပတ်ရှာနေပုံက တကယ်ရီချင်စရာ......။

”ဟိတ် ဒီမှာရော့ ”

မင်း လက်ကိုင်ပုဝါ ပေးလိုက်တော့ လှည့်ကြည့်
ပြီး ယူကာ......။

”ကျေးဇူး ”

ဆိုပြီး နှာရည်ညစ်လိုက် နဲ့ ဆက်ငိုနေတယ်။

အသည်းကွဲတာလား ရည်းစားနဲ့ ပြတ်တာလား
ဘာလားတော့မသိဘူး။

”ဟို ငါ စပ်စုတာတော့ မဟုတ် မင်း ဘာလို့
အဲ့လောက်ငိုနေရတာလဲ ဟင် အဆက်အခဲ
တခုခုရှိလို့လား ”

မင်း မေးလိုက်တော့ နှာချေးကသေချာ
ညစ်လိုက်သေးတယ်။ မျက်ရည်တွေဘာတွေ
သုတ်ပြီးတော့....... ။

”ကျွန်တော် က ငိုချင်လို့ ငိုတာ မဟုတ်ဘူး
ငိုအောင် လုပ်တဲ့ လူရှိလို့ ငိုရတာ ”

စကားပြောတော့လည်း သူ့ကိုယ်သူ ကျွန်တော်တဲ့။

”အမ် မင်းခြိမ်းခြောက်ခံရတာလား ”

Noel's Husband (Z & U)  Where stories live. Discover now