Mo & Han (15)

13.8K 1.4K 330
                                    

ဟန်း တစ်ယောက် ကျောင်းပိတ်ရက် မို နဲ့
စခန်း ကို လိုက်ပြီး အဖွဲ့ကလူတွေကို
အနိုင်ကျင့်ဖို့ ကြံစည်နေတယ်။

ချစ်စရာကောင်းတဲ့ ကလေးမို့လို့
အကုန်လုံးကလည်း ခွင့်လွှတ်ထားကြတယ်။

”ကိုကို ဟန်းလေး မိုက်လား ”

သူ့ရှေ့မှာ တပတ်နှစ်ပတ်လှည့်ပြနေတဲ့
ဟန်းလေးကို ကြည့်ကာ မို တော်တော် မူးနောက်
နေပြီ။

ဝတ်ထားတာ က ကလေးသာသာ
အဲ့ကို မိုက်လားမေးနေသေးတယ်။

”မိုက်တယ် အမိုက်ဆုံးပဲ ”

ပြောလိုက်တော့ စောင်ကြီး ခေါင်းကနေ ခြုံကာ
ကားပေါ်ပြေးတက်သွားတယ်။

မို မှာ သူ့ရဲ့ လွယ်အိတ်တွေ ရေဘူးတွေ
ကိုင်ပြီး ကားပေါ်ပြေးလိုက်ရရော......။

”ခ အဖွဲ့အစည်းခေါင်းဆောင် တွေက အကုန်
ကလေးထိန်းရမှာလား မသိဘူး ”

မို တိတ်တဆိတ် ရေ ရွတ်ကာ ကားပေါ်
သာတက်လာလိုက်တယ်။

ကားပေါ်ရောက်တော့ အာလူးကြော်
ဖောက် စားနေတဲ့ ဟန်းလေး........။

”ကိုကို ဝါးကျွေး ”

”အခုအသက်အရွယ်တောင် ရောက်နေပြီ
ကို့ ဟာကို စားတော့လေ ”

”စားပါဘူး ဟန်လေးက ကလေးလေးပဲ
ရှိသေးတာ ”

လက်မောင်းမှာ မျက်နှာ ကပ်ပြီး
ချွဲနေတဲ့ ပေါက်စကြောင့် နောက်ဆုံး ကားမောင်း
ရင်း အာလူးကြော်ဝါးကာ ခွံရတော့တယ်။

စခန်းနားရောက်ခါနီး ဖုန်းလာတာကြောင့်
ဖုန်းဖွင့်လိုက်တော့ ဖေဖေတို့........။

”ဟယ်လို ဖေဖေ ”

”ဟယ်လို သားကြီး ဟိုမျောက် ရှိလား
ရှိရင် VD တချက်လောက် ဖွင့်လိုက်ပါအုန်း ”

”ဟုတ်ကဲ့ ဟုတ်ကဲ့ ”

မိုလည်း VD ဖွင့်ပြီး ဟန်လေး လက်ထဲ ထည့်
ပေးလိုက်တယ်။

”ဟယ်လို ဖေကြီး ”

”ငယ်လေး ဒီမှာ ဖိနပ်က ဘာအရောင်ယူမှာလဲ ”

မင်းဆက်ခ VD call ကနေ တဆင့် သူ့သား
လိုချင်တဲ့ ဖိနပ်တွေ ချပြနေရတယ်။

Noel's Husband (Z & U)  Where stories live. Discover now