Part -37

18.8K 1.7K 98
                                    

မင်းဆက်ခ တို့ မို ကို လုပ်ကြံတဲ့
ထောက်လှမ်းရေး က လူတွေကို ခေါ်လာနိုင်ခဲ့တယ်။

ထောက်လှမ်းရေးက လေးယောက်သာ ပါပြီး
ကျန်တဲ့ လူတွေက ကြေးစားတွေ မို့လို့
ကျန်တဲ့ သူတွေကိုတော့ မဖမ်းမိသေးဘူး။

ခေါ်လာတဲ့ လူလေးယောက်ကို စခန်းက မြေ
အောက်ခန်းထဲမှာ ထည့်ထားလိုက်တယ်။

မို နေမကောင်းတဲ့ ကြားကနေ စခန်းကို
ရောက်အောင်လိုက်တယ်။

မို လိုက်မယ် ဆိုတော့ Noel ပါလိုက်လာပြန်ရော။

မင်း က လည်းကြောင်တောင်တောင်နဲ့ ပါလာသေး။

မို လမ်းလျှောက်တာတောင် ထော့နဲ့ထော့နဲ့
ဖြစ်နေပင်မဲ့ မျက်နှာမှာ ဘယ်လောက်
ဒေါသထွက်နေလဲ ဆိုအသိအသာ.....။

စခန်းရောက်တော့ တပည့်တွေ အကုန်လုံးက
တန်းစီစောင့်နေကြတယ်။

”ခေါင်းဆောင် လူတွေကမြေအောက်ခန်း
ထဲမှာပါ ”

မင်းဆက်ခ ခေါင်းငြိမ့်ပြပြီး ကားပေါ်က
Noel ဆင်းဖို့ ကူညီလိုက်ရတယ်။

”သဲငယ်ဖြေးဖြေးဆင်း ”

အကဲ ပိုနေတဲ့ ခေါင်းဆောင်ကို ကြည့်ပြီး
တပည့်တွေက အံသြနေပြန်ရော......။

”ဖေဖေ နဲ့ ပါးပါး နောက်မှ လိုက်ခဲ့ တော့
သား အရင်သွားနှင့်ပြီ ”

တပည့် ငါးယောက်လောက်နဲ့ ရှေ့က
ထွက်သွားတဲ့ မို......။

မင်း ကတော့ ထုံစံအတိုင်း စာအုပ်တအုပ်နဲ့။

မို မြေအောက်ခန်းရောက်လို့ ကြည့်လိုက်တော့
သူ့တို့နောက်ကိုလိုက်ခဲ့တဲ့ လူလေးယောက်.....။

”မင်း က မသေသေးဘူးပဲ အသက်ပြင်းတဲ့ကောင် ”

ကြိုးတုတ်ခံထားရရင်း မို ကို ပြောတော့
မို တချက် ပြုံးလိုက်ပြီး

”ခင်ဗျား တို့ ပို့သတဲ့ မေတ္တာ တွေကြောင့်
ကျွန်တော် ကျန်းမာနေပါတယ် ”

မို ဘာမှ ဆက်မပြောတော့ ပဲ ဘေးမှာ
ရပ်နေတဲ့ တပည့်တစ်ယောက် ခါးမှာချိတ်ထားတဲ့
သေနတ်ကို ဆွဲထုတ်ကာ အဲ့လူရဲ့ ခေါင်းထိပ်
တည့်တည့်ကို ပစ်ချပလိုက်တော့တယ်။

Noel's Husband (Z & U)  Where stories live. Discover now