Part -19

21.3K 2K 303
                                    

Noel စျေးဝယ် သမျှ အထုတ်ထမ်းနေရတာက
မင်းဆက်ခ......။

နာရီတွေကော ရေမွှေးတွေကော ဒီကြားထဲ
အလုပ်သမားတွေကို လက်ဆောင်ပေးဖို့
ဆိုတာကပါသေ......။

စျေးဝယ်နေတဲ့အချိန် ဇေယုစီက ဖုန်းလာပြန်တယ်။

”ဟယ်လို ”

”ခေါင်းဆောင် အခုကျွန်တော်တို့ ဟိုတယ်
ကို CIA က လူတွေရောက်လာတယ်
ကြည့်ရတာ Sam ကိုလာရှာတဲ့ ပုံပဲ ”

ရုံးချုပ်မှာ ရှိတဲ့ မှောင်ခို စာရင်းတွေက
Copy ဆိုတာ သိသွားလို့
မူရင်းကို Sam စီမှာလာရှာတာဖြစ်မယ်။

”Sam ကို လုံခြုံအောင် ကာကွယ်
ထား  လူအင်အားကို အဲ့မှာ
စုခိုင်းလိုက်တော့ ဒီနေ့အပြီး ဆိပ်ကမ်းမှာ က
ပါဆယ်ထုတ် ငါယူလာခဲ့မယ် ”

မင်းဆက်ခ ညွန်ကြားပြီးတော့
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ ထူးဆန်းတာတော့မတွေ့ရဘူး ။

”Noel ဟိုတယ်မှာ ပြသာနာ တက်နေပြီ
ကိုယ် ဆိပ်ကမ်းမှာ ယူစရာရှိတဲ့ ပါဆယ်
သွားယူရမယ် အခုက အခြေအနေမကောင်းဘူး ”

Noel လည်း သဘောပေါက်လိုက်တယ်။

သူတို့ စျေးဝယ်ပြီး ကားပေါ်ကို ပြန်တက်တဲ့
အချိန်ကျမှ ထူးဆန်းတာကို တွေ့လိုက်ရတယ်။

”Noel ထင်တဲ့အတိုင်း သူတို့လိုက်လာကြပြီ ”

Noel မင်းဆက်ခ စကားကြောင့်လှည့်ကြည့်မလို့
လုပ်တဲ့အချိန် မင်းဆက်ခ လှမ်းထိန်း
လိုက်ရတော့တယ် ။

”သွားမကြည့်နဲ့ လေ ”

”မကြည့်ပဲ ဘယ်လိုမြင်ရမလဲ ”

”မကြည့်နဲ့တော့ ကားပေါ်တက် ”

မင်းဆက်ခ စကားကို နားထောင်ကာ
Noel ကားပေါ် တက်လိုက်တော့တယ်။

ကားပေါ်ရောက်တာနဲ့ ခါးပတ်ကို သေချာပတ်ပြီး
ဆိပ်ကမ်းကို မောင်းရရော....။

မင်းဆက်ခ ကားလည်းမောင်းရင်း နောက် ကား
ကိုလည်း အခြေအနေ ကြည့်ရင်းပေါ့.....။

အဲ့အချိန် နောက်ကားထဲ ကမှန်ချပြီး
သေနတ်ထုတ်လိုက်တာကို တွေ့လိုက်ရတယ်။

Noel's Husband (Z & U)  Where stories live. Discover now